အတိတ်အားတူးဆွခြင်း

in #myanmar7 years ago (edited)

မေ
facebook မှာ ဘာသတင်းထူးတွေများပါမလဲလို့
‌ကြည့်နေရင်းက မေ့ရဲ့ profile ပုံးလေးနဲ့တွေ့လိုက်လို add လိုက်တယ်။ မေ လက်ခံလိုက်တယ် ခဏလောက်နေတော့ မေ့ရဲ့ပို့စ်တစ်ချို့ကိုတွေရတယ်။ wallထဲကိုနည်းနည်းပတ်ကြည့်လိုက်တယ်။ လှလိုက်တာမေရယ်။ သတိရလိုက်တာ။
facebook မှာ သတိရတဲ့အကြောင်လေးသွားပြောမိတယ်။ နောက်နေ့မှာကိုယ့်ကို block သွားတယ်ထင်တယ်။ ကိုယ်သတိတောင်မထားမိလိုက်ဘူး။ သူ့ပုံလေးတွေ timelineမှာမတွေ့ရတော့လို့ သူ့အကောင့်လေး လိုက်ရှာမိမှ ကိုယ့်ကို block ထားမှန်းသိတယ်။ ကိုယ့်ကို အာ့လောက်တောင် မုန်းမိနေပြီလားမေ။
ဟိုးးးးး တစ်ချိန်တွေကို ပြန်တွေမိတိုင်း ရင်၌
လွမ်းမိပါတယ်မေရယ်။ မင်းရဲ့ရယ်မောသံလေးတွေက
ကိုယ့်ကို ကြည့်နူးစေခဲ့မိတာပါမေ။ တစ်စိမ်းယောကျာင်္လေးတွေနဲ့စကားပြောနေတာမြင်မိရင်
သဝန်တွေတိုခဲ့ရတာပါမေ။ မေဟာ အင်္ကျီအဖြူရောင်ထဲ အမဲရောင် အစက်ပြောက်လေးတွေနဲ့ ဝတ်စားဆင်ယင်ခဲ့တာ မျက်စိထဲစွဲမြဲနေမိတုန်းပါမေ။ မေလက်လေးကို နန်းလိုက်တိုင်း
ရွှေဝါဆပ်ပြာနံ့လေး သင်းနေတာကို လိုချင်နေမိတုန်းပါမေ။ ဘာဘဲဖြစ်ဖြစ် ချစ်ခဲ့မိပါသည်။
ရည်းစားဦးဆိုတဲ့ ဂုဏ်ထူးဆောင်ကို ပေးလိုက်တာဟာ နှလုံးသားတစ်ခုလုံးကို ခင်းကျင်းပြသဖို့ပါမေ။ စေလိုရာသွားမယ်ဆိုပေမယ့်ရုပ်သေးရုပ်တော့မဟုတ်ဘူးမေ။ လွမ်းတတ်တယ်။ ဆွေးတတ် ပူပန်တတ်တယ်။ သဝန်တွေလည်းတိုတတ်သေးတယ်မေ။ မေဟာငယ်ရွယ်လှပနေသူတစ်ယောက်ဆိုတော့ မေ့နားက ပုရိသတွေကို မကျေနပ်ဖူး။ မေနဲ့စကားပြောနေတာတွေ မေနဲ့ပတ်သက်ရှက်နွယ်နေတာတွေဟာ ကိုယ်ရဲ့
ညတွေကို သန်းခေါင်ယံအချိန်အထိ ဆွဲယူသွားတတ်ကြတယ်။
ခေါင်းအုံးကိုပါမှာအပ်ပေမယ့် မိုးလင်းခဲ့ရသူပါမေရယ်။
images (20).jpeg

ပတ်ဝန်းကျင်အမြင်မှာ မေ့ကို ရည်းစားများသူ
ရှုပ်ပွေသူလို့ ခေါင်းစဉ်တွေ အမျိုးမျိုးပေးကာ
နှိန်ချတဲ့စကားလုံးတွေက ကိုယ့်သိမ်ငယ်စိတ်ကို လောင်မြိုက်စေတယ်မေ။ ပတ်ဝန်းကျင်ဆိုတာ တစ်ကယ့်ကို ကြောက်စရာကောင်းပါတယ်မေ။ မေဟာ မေ့စိတ်မှာ ဘယ်လောက်ဘဲ ဖြူစင်ပါတယ်ပြောပြော ပတ်ဝန်းကျင်အမြင်မှာ ပတ်ဝန်းကျင်က မေ့ကို မကောင်းဘူးလို့ ပြောနေကြရင် မေဟာ လေလွင့်သူတစ်ယောက်လို့ မှတ်သားခံရပါတယ်မေ။ ပတ်ဝန်းကျင်က မေ့ကို လူကောင်းပါလို့ ဝိုင်းသမုတ်ပေးရင် မေဟာ လူကောင်းတစ်ယောက်ဖြစ်သွားလိမ့်မယ်မေ။ ပတ်ဝန်းကျင်နဲ့ကင်းပြီး နေလို့မရဘူးမေ။ ပတ်ဝန်းကျင်ကိုဂရုစိုက်ရမယ်။ ပတ်ဝန်းကျင်ကို အလေးထားရမယ်မေ။ မိုးခါးရေသောက်တဲ့ပုံပြင် မေကြားဖူးမှာပေါ့။ မိုးခါးရေတွေရွာကျတဲ့အချိန် တစ်ရွာလုံးနီးပါး မိုးခါးရေတွေသောက်မိပြီးရူးကုန်ကြတယ်လေ။ မိုးခါးရေမသောက်မိလို့ကျန်နေတဲ့သူတစ်ယောက်လည်း
အဲရွာမှာရှိတယ်။ လူကောင်းဆိုလို့ သူတစ်ယောက်ထဲဘဲကျန်တော့တယ်။ အဲဒီအချိန်က ကျန်လူတွေအားလုံးက သူတို့ကိုယ်သူတို့လူကောင်း မိုးခါးရေမသောက်မိခဲ့တဲ့သူကို အရူးပါလို့
ဝိုင်းစွတ်စွဲကြတယ်လေ။ အဲလူက သူအရူးမဟုတ်ပါဘူးလို့ အတွင်တွင်ပြောဆို ငြင်းဆိုနေပေမယ့် တစ်ရွာလုံးကဝိုင်းဝန်းပြောဆို သမုတ်ကြလို့သူဟာ အဲဒီမှာ အရူးတစ်ယောက်အဖြစ် မှတ်သားခံစေခဲ့ရတယ်။ ပတ်ဝန်ကျင်မှာ ကိုယ်ဟာအမှန်တရားဘက်ကရှိတယ်ဆိုတာကို
ချပြဖို့လိုတယ်။ အဲဒီအမှန်တရားဟာ ပတ်ဝန်းကျင်လက်ခံဖို့လည်းလိုတယ်မေ။ ပတ်ဝန်းကျင်မပါဘဲ မင်းနေထိုင်သွားမှာမှမဟုတ်တာ။
ပတ်ဝန်းကျင် လက်ခံဖို့ဆိုတာ လိုတယ်မေ။
ဘာဘဲဖြစ်ဖြစ်မေ့ကိုချစ်တယ်။ ဘယ်လိုဘဲ မေ့မကောင်းကြောင်းတွေပြောနေပေမယ့်
ကိုယ်တစ်ယောက်ထဲဘဲ ကြိတ်ခံစားခဲ့တယ်မေ။ ကိုယ့်ချစ်ခြင်းတွေဟာ မေ့အတွက် လက်ဆက်ချိုမြနေဦးမှာပါမေ။ အိပ်မက်တွေ ဆက်မက်နေဦးမှာပါလေ ။ ကို
်အိပ်မက်တွေက မနိုးထပါရစေနဲ့ ။
images (19).jpeg

MSC-164
Author @nannhtike
photo google

Sort:  

ကြည်ဖြူပါ ကြည်ဖြူပါ မေရယ် ဒီညလေး ကိုယ်လေ အိပ်မပျော်နိုင် အတွေးများက မရေရာ ကိုယ့်ရဲ့အထီးကျန်ကမ္ဘာ သူလာနိုင်ပါစေဆုတောင်းနေမယ်(#Credit စိုးသူ) သီချင်းလေးတစ်ပုဒ်လောက်တော့ ညဉ်းခွင့်ပြုပါနော် ကိုနန်း

အဟားမိုက်​တယ်​ တပုဒ်​လုံး​ရေးပါ
ဒါမှ မန့်​ဘုပ်​များများလာမှာ ဟဲဟဲ

လုပ်လိုက်တော့ :)

အဆင်ပြေရင် လက်ခုပ်သံလေးကြားချင်ပါတယ် ...

မေ​ရယ်​...။ညီရင်​ထဲ​တောင်​ အလွမ်း​တွေကူးသွားတယ်​ကွယ်​။

အလွမ်းများငြိမ်းစေသတည်း ကိုယ်ဆုတောင်းရင်း

အ​ရေးသား​တွေက ရင်​ထဲထိ​စေပါတယ်​ဗျ

ကျေးဇူးပါဗျာ ကြိုးစားပါ့မယ်

မေရယ် မေရယ် ဒီညလည်းကိုယ်လေစောင့်နေတယ်

ဟ ရင်ဘတ်ချင်း ကြိုးချင်းညှိလို့ရနေပြီ bro

ရင်ဘက်ခြင်း ပေါင်းစပ်ကြမယ်

မမနာမည်မာ မေ မပါဘဲ မေ..လို့ ခေါ်ဖူးသူ တစ်ယောက်တောင် သတိရသွားတေ..😁နိဘ အေ ရွှေဝါဆပ်ပြာနံ့တဲ့ ဒိုးခဖဲ 😇😇

အမေလို့ခေါ်တာနေမာညီမနားကြားမှားတာနေမာ ဟိဟိ

အာ့မှာမြုပ်ကွက်လေးတွေပါသေးတယ်မမ

အရမ်းကိုနုရွနေပါလား

ဖတ်ရတာ အရမ်းကောင်းတယ်။နောက်လည်း ခုလိုpostလေးတွေ တင်ပါ

ဟုတ်ကြိုးစားပါ့မယ်ဗျ

Good...​ရေးထားတာ​ကောင်းပါတယ်​...

ရွှေဝါဆပ်ပြာနံ့တဲ့ ..
Lux ဆပ်ပြာနံ့လေးဆို ဟုတ်သေး ..

ဟုပါ့ တီတီရယ် သမီးက အာ့ပြောနေတာ ခ်ခ်😋

ပြန်တွေးရင်းတောင် လွမ်းချင်လာပြီ

သီချင်းတစ်ပုဒ် သတိရတယ်

မေရယ် …ကမ္ဘာကြီးအတွက်…
မေ့ ရဲ့ အလှအပများနဲ့ ပြည့်စုံမလား

ကောင်းလှချည်​လား😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by nannhtike from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ရွှေဝါဆပ်ပြာနံလေးလားဗျာ 😁😁😁😁

ကျော်ထွဋ်ဆွေရဲ့ မေသီချင်းလေးတောင် သတိရမိတယ်

အိပ်‌မက်‌‌တွေ ထာဝရ မက်‌နိုင်‌ပါ‌စေ။