ပြည့်စုံသည်ဟူမရှိ

in #myanmar7 years ago (edited)

"စီးပွားရေးဆိုသည်မှာ ငွေကြေးဖြင့်လည်ပတ်သောစနစ်ဖြစ်သည် "
image
‌အစ်မရေစောစောစီးစီးအားနာတယ်ဗျာ ဈေးဦးပေါက် ၅၀၀ လေးတော့ယူနှင့်ပါ။ ကျန်တာနောက်မှလာပေးလှည့်မယ် ။ အော်ဟုတ် -မတတ်သာတော့လည်း မရောင်းချင်ရောင်းချင် မပေးချင်ပေးချင်နှင့်သာပေးလိုက်ရသည် ။ စိတ်ထဲမှာတော့ ဈေးဝယ်လာတာ ပိုက်ဆံမပါဘဲသူမို့လာရဲသေး ။ မရှိတာလည်းမဟုတ်ဘူး ။ သက်သက်တင်စီးတာ သိနေတယ် ။ အကြွေးစနစိကိုဘယ်သူမှ မနှစ်မြို့ကြပါဘူး ။ ဒါကြောင့်ကိုယ်လည်း တခြားသူဆီက အကြွေးမဝယ်ဖြစ်အောင်သတိကပ်သင့်တယ်။
image

စီးပွားရေးမှာ အရင်းအနှီးတစ်ခုခု လိုကိုလိုအပ်ပါတယ် ။ ကာယအား'ညဏ်နအား တစ်ခုတော့အနည်းဆုံးစိုက်ထုတ်မှုရှိရပါတယ်
‌ကြွက်သေတစ်ကောင်ကို အရင်းပြုပြီး လျမ်းသာကြွယ်ဝလာတာကိုလည်းလူတိုင်းကြားဖူးမှာဘဲ ။ ကြွက်သေလေးတစ်ကောင်ရလာတယ်။ ဈေးထဲလှည့်ရောင်းမယ် ။ နောက်ဆုံးကြောင်လာစာဝယ်တဲ့သူနဲ့တွေ့လို့ ဝယ်ယူသွားခဲ့တယ်။ $1 ကျပ်ရတယ်ဆိုပါစို့ ။ အဲဒီရှိတဲ့ပိုက်ဆံလေးနဲ့ မုန့်ညှင်းစေ့သွားဝယ်တယ် ။ ဆိုင်ရှင်ကလည်း $1 ကျပ်ဖိုးထဲမို့ ဘယ်လိုရောင်းရမှန်းမသိဘူး ။ သူငယ်လေးကြည့်ရတာလည်း ပိုက်ဆံမရှိရှာဖူးဆိုတာလည်းရိပ်မိတော့ သနားလို့ဆိုပြီးရောင်းပေးလိုက်ဖို့စဉ်းစားတယ်။
image
‌ကဲမောင်ရင် မင်းလက်ညှိုးတစ်ချောင်းထဲနဲ့ နိုင်သလောက်မင်းယူသွားပါလို့ ဆိုလိုက်တယ် ။ လူငယ်ကလည်းဖြတ်ထိုးဥာဏ်ကောင်းလွန်းတယ် ။ သူ့ရဲ့လက်ညှိုးကို တံတွေးစိုရွှဲနေအောင်စွတ်ပြီး မုန့်ညှင်းစေ့ကို ပါသထက်ပါနိုင်အောင် ကော်ပြီးယူသွားလေတယ် ။ ဆိုင်ရှင်အဒေါ်ကြီးကခည်း ဒီလူလေးရဲ့လုပ်ရည်ကိုင်ရေကိုသဘောကျပြီး ခေါင်းတညိတ်ညိတ်နဲ့ စိတ်ထဲက ကြိတ်ချီးကျူးနေမိတယ်။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ပေါက်တူးနဲ့မြေဆွ အမှိုက်များရှင်းလင်းပြီး မုန့်ညှင်ပင်စစိုက်ပါတော့တယ်။ ရေလောင်းလိုက်ပေါင်းသင်လိုက်နဲ့ရက်အနည်းငယ်ရလာတော့ ခူးဖို့စွတ်ဖို့အရွယ်ရောက်လာတော့တယ် ။ ရလာတဲ့မုနိ့ညှင်းပင်ကိုရောင်းပြီး ရလာတဲ့ပိုက်ဆံကို ထပ်ခါထပ်ခါရင်းနှီးပြီးလာခဲ့လိုက်တာ နောက်ဆုံးမှာတော့လယ်ယာမြေမြောက်များစွာပိုင်ဆိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။
အရင်းအနှီး-
‌အရင်းအနှီးဆိုတာဘယ်လိုမျိုးလဲ ဆိုတော့ ပန်းရံလုပ်တဲ့သူကလည်း သူတတ်တဲ့ပညာ လုပ်အား အဲတာဟာလည်းအရင်းအနှီးတစ်မျိုးဘဲ။ ဗေဒင်ဆရာဆိုပြန်ရင်လည်း သူ့ဥာဏအားနဲ့အလုပ်လုပ်ရပါတယ်။
‌ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းဝယ်ဖောက်ကားမှ စီးပွားရေးမလုပ်ပါဘူး။ စီးပွားရေးလုပ်နေရင်အားနာနေလို့မရပါဘူး။ အားနေနေရင် တစ်ဆယ်မြတ်မယ့်ဟာ တစ်ကျပ်ဘဲမြတ်တတ်ပါတယ်။ ကိုယ့်အတွက်ကျန်ဖို့လုပ်တဲ့လုပ်ငန်းမှာအားမနာပါနဲ့ (ကျတော်ကတော့အရမ်းအားနာတတ်တာရယ်) ရတဲ့အမြတ် ၃ ပုံတပုံကစားဝတ်နေရေးအတွက်အသုံးပြုပါ တပုံကအရင်းနှီးထဲပြန်စိုက်ထည့်ပါ။ ကျန်တပုံထဲကလှူဒါန်းပါ။ စုဆောင်းပါ။
ပြိုင်ဘက်ထက် ဈေးမလျော့ရင်နေ ဈေးများမနေသင့်ပါဘူး။ တစ်ဆယ် နှစ်ဆယ် ဆိုတဲ့ငွေဟာဒီခေတ်ထဲမှာမများဘူးဆိုပေမယ် အရေအတွက်နဲ့ချင့်ချိန်လိုက်ရင် ပြိုင်ဘက်စီးပွားတူသူဆီကို ကိုယ်ဖောက်သည်တွေ့ ရောက်ရှိသွားနိုင်လို့ သတိချပ်သင့်ပါတယ်။
image
‌တစ်ကယ်တော့စီးပွားရေးမှာ ရရှိလာတဲ့အမြတ်စွန်းဟာ ပိုလာတယ်လို့မရှိပါဘူး
‌လိုအပ်သလောက်သုံးပြီးထပ်ခါထပ်ခါအရင်းနှီးပြုကြရပါတယ်။ ဒါကြောင့်အကြွေးမဝယ်ကြပါနဲ့။ အကြွေးမပေးကြပါနဲ့။
image

‌စီးပွားရေးဆိုသည်မှာ ငွေကြေးဖြင့်လည်ပတ်သောစနစ်ဖြစ်သည် ။
‌ထို့ကြောင့် အကြွေးမရောင်းပါ။

‌Everyone uses money. We all want it, work for it and think about it!!!!

There is no man who does not perfect.

‌ရေးသားသူ နန်းထိုက်
‌MSC-164
@nannhtike
photo>>google

Sort:  

Pro အတွက်​ ဆိုရင်​ စာနည်း​နေပါ​သေးတယ်​ bro

ဟုတ်ထပ်ဖြည့်လိုက်မယ်ဗျ ကျေးဇူးပါ

Good post!

thank bro

မှတ်​သားသင့်​ပါတယ်​ဗျာ

ကျေးဇူးပါဗျ

Nice post

ကျေးဇူးပါဗျာ

Good post

Thank sir

Daily ဝင်ငွေ မရှိသူတွေတွက် ဥပမာ မမတို့လို လခစားဝန်ထမ်းတွေတော့ အကြွေးစနစ်ပဲ အားပေးတယ်ခွယ်😁😁

အကြွေးရှိရင် စိတ်ညစ်ရပါတယ် အစ်ကိုရယ် မယူတာအကောင်းဆုံးပါ

ဟုတ်ကဲ့ကိုနန်းထိုက်
ဘယ်အရာမဆိုကျွန်နော်လက်ငင်းငွေချေစနစ်ကိုပဲကျင့်သုံးနေပါတယ်ခင်ဗျာ
ရေးထားတာလေးလည်းကောင်းပါတယ်ဗျ။အတုယူစရာဗဟုသုတရှိစေခဲ့ပါတယ်
ဒါပေမယ့်ခင်တော့နည်းနည်းရှည်လိုက်ဦးမယ်ဗျ
စာအရေးသာကောင်းပေမယ့်ခက်နေတာကစာလုံးပေါင်းလေးတွေပြင်စေချင်တယ်ဗျာ
ဘာသာပြန်၍ဖတ်သောသူများခက်ခဲမှာစိုးလို့ပါဗျာ
ကျွန်နော်အမှားလေးလည်းလာထောက်ပေးပါဦးနော
အမုန်းခံစေတနာရှေ့ထား၍(သူရ)

ချေးရမှာကြောက်တာထက်ချေပြီးပြန်တောင်းရတဲ့အလုပ်ကိုမလုပ်ချင်တာ
အဲဒါကြောင့်ကိုယ်ကမတတ်သာလို့အကြွေးယူရရင်မမေ့ဘဲအမြန်ဆုံးပြန်ဆပ်တယ်

Good,Double good, Triple good,Ultra good,
Rampage good 😁

:) the best

ယူတော့ပြုံး တောင်းတော့မုန်ဆိုနာ အကြွေးပေါ့

V 100% $0.075 > V n C Done, @thi/poe

thank bro

This post has received gratitude of 0.58 % from @appreciator thanks to: @nannhtike.