#ကောက်ညှင်းထုပ်
ဟိုးရှေးရှေးတုန်းကရွာတစ်ရွာမာ
အလွန်ငိုတဲ့ကလေးတယောက်ရှိသတဲ့
ညသန်းခေါင်ချိန်ရောက်တာနဲ့အငိုသန်တဲ့ကလေးဟာ
ထပြီးငိုပါလေရောတဲ့
ထိုအချိန်မှာဘဲ အဲ့ကလေးရဲ့အိမ်အောက်ကနွားတွေထားတဲ့နေရာကို
ကျားကြီးတစ်ကောင်ဟာ နွားတွေကိုခိုးစားဖို့အကြံနဲ့ဝင်ရောက်လာသတဲ့လေ
ကလေးငိုသံကြားလို့ ကျားကြီးကအိမ်အောက်မှာငြိမ်ပြီးနေနေတာပေါ့
ကလေးကလည်းအလွန်ကိုငိုနေတော့မိဘတွေက
ကလေးကို" တိတ်တော့ တိတ်တော့ ဟိုမှာကျားကြီးလာနေပီနော်လို့ "ခြိမ်းခြောက်ကြတာပေါ့
ထိုအခါကျားကြီးက "ဟာ ငါလာတာသူတို့ဘယ်လိုသိသွားလိမ့်"ဆိုပြီး အိမ်အောက်မာငြိမ်နေသတဲ့
ကလေးက ကျားကြီးလာပီလို့ခြိမ်းခြောက်ပေမယ့်
အငိုမတိတ်ဘဲ ဆက်ငိုနေလေရဲ့
အဲ့ဒါနဲ့ ကလေးမိဘတွေက ကောက်ညှင်းထုပ်ပေးမယ်
တိတ်တိတ်ဆိုတော့ ကလေးကချက်ချင်းအငိုတိတ်သွားလေတယ်
#ဘာလို့လဲဆိုထိုကလေးကကောက်ညှင်းထုပ်သိပ်ကြိုက်တာကိုး
ကျားကြီးကလည်းစဉ်းစားနေတာပေါ့ "ငါလိုကျားကြီးလာပီဆိုတာကိုတော့အငိုမတိတ်ဘဲ ကောက်ညှင်းထုပ်ပေးမယ်ဆိုတော့ချက်ချင်းအငိုတိတ်ရအောင် ကောက်ညှင်းထုပ်ကဘယ်လိုအကောင်မျိုးပါလိမ့်ငါ့ထက်များကြောက်စရာကောင်းနေလို့လား" ပေါ့
ထိုစဉ်မှာဘဲနွားသူခိုးတစ်ဦးကလည်းနွားတွေခိုးဖို့အကြံနဲ့အိမ်အောက်ထပ်မာ နွားတွေကိုလာစမ်းနေလေရဲ့
"အင်း ခိုးမယ့်ခိုးရင်လည်းကြီးတဲ့ကောင်ဘဲရှာမယ်ပေါ့"
အဲ့မာကျားကြီးကိုသွားစမ်းမိပါလေရော
ကျားကြီးလည်း လန့်သွားတာပေါ့
ဟာ ငါ့ကိုလာစမ်းနေတာ ဟိုကောက်ညှင်းထုပ်ဆိုတဲ့အကောင်ဘဲဖြစ်ရမယ်ဆိုပြီး
ကြောက်ကြောက်နဲ့ငြိမ်နေတာပေါ့
နွားသူခိုးကလည်း ဒီကောင်ကြီးကတော့ကြီးတယ်
ဒီကောင်ကြီးဘဲခိုးမယ်ဆိုပီး မီးကလည်းမမြင်ရတော့
ကုပ်ပေါ်ခွတက်စီးပြီး ခေါ်လာခဲ့တာပေါ့
ကျားကြီး လည်း #ဟာ ဟိုကောင်ကတော့ငါ့ကိုခွစီးနေပီဘယ်လိုကောင်ပါလိမ့်
ဆိုပြီး သူလည်းကြောက်ကြောက်နဲ့လိုက်လာခဲ့တာပေါ့
ဒီလိုနဲ့နွားသူခိုးလည်း အိပ်ငိုက်ပီးလိုက်လာလိုက်တာ
မနက်ဝေလီဝေလင်းအချိန်လောက်ရောက်မှ လန့်နိုးလာပြီးကြည့်လိုက်တော့
#ဟာကျား #ကျားကျားကြီးပါလား ဆိုပီး လန့်အော်အော်ပီးဆင်းပြေးပါလေရောတဲ့
ကျားကြီးလည်းလန့်ပီး ဟိုကေင် ကောက်ညှင်းထုပ်တောင်ဆင်းပြေးရတယ်ဆိုတော့
ကောက်ညှင်းထုပ်ထက်ကြောက်စရာကောင်းတဲ့အကောင်လာတာဘဲဖြစ်ရမယ်ဆိုပြီးတောထဲဝင်ပြေးပါလေရောတဲ့လေ#
ဒီလိုနဲ့ဘဲ
ကျားကြီးလည်းနောက်ဘယ်တော့မှ ထိုရွာထဲမဝင်လာရဲတော့ဘူးတဲ့လေ
သူခိုးလည်း နွားတွေနောက်မခိုးရဲတော့ဘူးပေါ့လေ
ပုံပြင်လေးကတော့ဒါပါဘဲကွယ်
ပုံပြင်လေးဝင်ရောက်ဖတ်ကြည့်ရှုပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်လို့
ဘာရယ်ဟုတ်ပါဘူး အိပ်မပျော်တာနဲ့ငယ်ငယ်က
ဖေဖေပြောပြောပြတဲ့ အိပ်ယာဝင်ပုံပြင်လေးသွားသတိရမိလို့ပါ😔😔😔
@nannwine
MSC-132
V %=100% $0.11 V n C done. @thiha/poe
ဟုတ်
ကောကှ်င်းထူတ် စားချင်တဗျာ
upvoted
အားပေးနေမယ် အောင်မြင်ပါစေဗျာ
ကျေးဇူးပါရှင်
အရမ်းကောင်းတယ်ကွယ် ကျားခမြာသနားပါတယ်😁
အေ့လေနော် သူ့ခဗျာ
ကောက်ညင်းထုတ် ကြောက်စရာကြီး မစားရဲတော့ဘူး ခ်ခ်
ဟဟ စားလို့ကောင်းပါတယ်
ပုံပြင်လေး အရမ်းကောင်းတယ် ရေးတတ်လိုက်တာ နန်းလေးရယ် ဟိ
စိတ်ကူးရှိရာလေး ရေးတာ ဟီး
သြော် ကောက်ညှင်းထုပ်က တော်တော်ကြောက်စရာကောင်းပါလားနော်
အင်းလေနော်
ဟဟား ကျာကြီးကတော့ သနားပါတယ်😁
ကျားခမျာ မသိရှာဘူးလေ
ကောက်ညင်းထုတ် စားချင်တယ် ကျာကြီးက တစ်ချိန်လုံးပြေးနေရတယ်
အင်းလေနော် :D
ကြိုက်တယ် ကောက်ညှင်းထုပ်
မီးမီးလည်းကြိုက်လ:D
SMT 25. Done
Smt 40
Smt29 done
GOOD
SMT 16
SMT 6 done
SMT 36 Done
SMT7
SMT 17 done
SMT-35 done
SMT10 done
SMT 26
SMT-4
Done
Smt30
Smt 21 done
SMT-15 done
SMT 2