အတွေးနှစ်ခွဖြစ်နေခြင်း

in #myanmar6 years ago

တစ်ခါတစ်လေ ကျွန်တော် အကြောင်းအရာတစ်ခုကို အရမ်းဝေဖန်ချင်တယ်။ ဝေဖန်ခြင်းအတွက် မှားတဲ့အခါလည်း ရှိသလို မှန်တဲ့အခါလည်းရှိပါတယ်။ အမှန်က အဲအကြောင်းအရာမှာပဲ အမှားရော အမှန်ပါရှိနေလို့ပါ။ အမှားဘက်ကကြည့်ရင် အမှားမြင်သလို အမှန်ဘက်ကကြည့်ရင်လည်း အမှန်မြင်ရပြန်တယ်။ နောက်တော့ သိပ်ပြီးမပြောချင်တော့ဘူး။ ပြောလိုက်တိုင်းလည်း တစ်ဘက်ကတော့ နစ်နာစရာတွေဖြစ်နေတော့ အတွေးနှစ်ခွဖြစ်နေတယ်ဆိုတာပါ။ အတိုင်းအတာတစ်ခုဆိုရင်လည်း အမှားနဲ့ အမှန် ကြားကိုအတည်ယူရမလိုဖြစ်နေပါတယ်။ တစ်ခါတစ်လေကြတော့ မိမိလေ့လာမှုအားနည်းတဲ့အကြောင်းအရာကို ဝေဖန်ပြီးပြောဆိုဖူးတယ်။ ကိုယ့်သိသလောက်နဲ့ပါ သေချာလေ့လာမှုမရှိပဲပေါ့။ သိတဲ့သူတွေထောက်ပြမှ ဪငါ့ မလေ့လာပဲပြောလိုက်မိတာပါလားဖြစ်ခဲ့ရတယ်လေ။ တစ်ခါတစ်လေကြတော့လည်း အကြောက်တရားစိုးမိုးနေလို့ အမှန်မပေါ်တာတွေရှိပြန်တော့ ဖြစ်ပြီးရင်ပျက်မယ်ဆိုတဲ့ သဘောတရားကို လက်မခံပဲ ရင်ဆိုင်သင့်တာတွေလည်းရှိနေပြန်တယ်ဗျာ။ ခုလောလောဆယ်တော့ မိသားစု ဘယ်လိုအဆင်ပြေစွာ ရှေ့ဆက်မလဲ အတွေးများနေတော့ အခြားအကြောင်းအရာတွေ သိပ်မပြောပဲ လေ့လာဖတ်ရှုပဲလုပ်နေတော့တယ်။ လေ့လာပါတယ် ဖတ်ရှုပါတယ်။ အလုပ်လုပ်ရင်းပေါ့။ ကွန်ပူတာရှေ့နေ့တိုင်းထိုင်ပြီး လုပ်စရာအလုပ်မလုပ်ပဲ ကိုယ်နဲ့မဆိုင်တာတွေရေးနေသလိုမျိုးလည်း ခံစားမိဖူးပါတယ်။ နေ့တိုင်းစာရေးခဲ့တဲ့ ကွယ်လွန်းသူ လူကြီးများကို အားကျပြီးရေးနေမိလားပေါ့။ ငယ်ငယ်ကတော့ အဖေတို့ အဘိုးတို့ နေ့စဉ်မှတ်တမ်းအနေနဲ့ စာတွေရေးသားခဲ့တာတွေဖတ်ပြီး စိတ်ကူးနဲ့ရေးနေမိလားလည်းမသိတော့ပါဘူး။
26815189_1761271793924796_2641149196807611848_n.jpg

@nayhlaingsoe @MSU_No.024

Sort:  

Nice Post

ဝေဖန်တာကတော့ ကောင်းပါတယ်ဘရို။ ဒါပေမဲ့ တစ်ခါတစ်လေမှာ personal ဆန်ဆန်တွေဖြစ်သွားရင်တော့ မကောင်းဘူးပေါ့။

အမြဲတမ်း လူပုဂ္ဂိုလ်တွေကို ရှောင်ပါတယ်

ဖြစ်တတ်ပါတယ်

လူတိုင်း တစ်ခါတစ်လေ အတွေးနှစ်ခွဖြစ်တတ်ပါတယ်

Posted using Partiko Android

အ​တွေး မလွန်​ပါ​စေနဲ့

တစ်ခါတစ်လေတော့လည်းထိန်းတယ် လွန်းတာကများလာတယ် တွေ့တာတွေများလို့များလားပေါ့

ဝေဖန်မိပြီးမှ စိတ်များဆိုးသွားလား ဆိုးလောက်မှာမဟုတ်ပါဘူးလေ စသဖြင့် အတွေးပေါင်းစုံဝင်လာတယ်

nice post

Nice post bro