ဆယ်တန်းစာမေးပွဲကြီးလည်းဖြေရတော့မည်ဖြစ်သည်။အတန်းငယ်လေးတွေကတော့စာမေးပွဲများဖြေပြီးကြပြီဖြစ်သည်။အဖြူအစိမ်းကျောင်းဝတ်စုံကိုယ်စီနှင့်နံနက်တိုင်းကျောင်းတက်နေရသောမြင်ကွင်းများကိုမတွေ့ရတော့ပဲနီးစပ်ရာသူငယ်ချင်းအချင်းချင်းဆော့ကစားနေကြသောမြင်ကွင်းများကိုတွေ့ရသည်။ကျွန်တော်တို့ခေတ်တုန်းကတော့နွေရာသီကျောင်းပိတ်ရက်သုံးလသည်အပြည့်အ၀ကစားချိန်ဖြစ်သည်။ကျုရှင်ကလည်းကျောင်းဖွင့်မှသာတက်ရသည်။သူငယ်ချင်းတွေစုပြီးကစားနည်းမျိုးစုံဆော့ကစားကြပြီးပျော်ရွင်စရာကောင်းသောကျောင်းပိတ်ရက်ကာလဖြစ်သည်။အခုခေတ်ကလေးမိဘတော်တော်များကတော့စာမေးပွဲပြီးးနောက်နေ့ကျုရှင်အပ်ကြသည်။ကလေးတွေနားပါစေဦးပြောတော့အလုပ်မအားလို့သူတို့ကိုမကြည့်နိုင်ဘူးကျုရှင်ပို့ထားတော့ထိန်းရသက်သာတယ်ဟုပြောကြသည်။
ပညာရှင်များရဲ့လေ့လာချက်အရကလေးများ၏ကျောင်းစတင်အပါနှံရသောအရွယ်ကိုငါးနှစ်သတ်မှတ်ထားကြသည်။ထိုသတ်မှတ်ချက်ကိုမည်သည့်နိုင်ငံကစတင်သတ်မှတ်ထားခဲ့သလဲဆိုတာတော့မသိပေ။ဒါပေ့မဲ့ရမ်းသမ်းပြီးသတ်မှတ်ခဲ့ကြသည်တော့မဟုတ်ပေ။ကလေး၏ဦးနှောက်ဖွံ့ဖြိုးမှုနှင့်တိုင်းတာပြီးသတ်မှတ်ခဲ့ကြတာဖြစ်သည်။ကျောင်းမှာသင်သောသင်ရိုးများသည်လည်းကလေးအသက်အရွယ်အလိုက်ရှိနေမည့်ဦးနှောက်ဖွံဖြို့းမှုအပေါ်မှုတည်ပြီးရေးဆွဲထားကြတာပဲဖြစ်ပါတယ်။မိဘရင်ခွင်ကနေဆရာများဆီသို့ပြောင်းလည်းသွားချိန်တွင်ကလေးများဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာခံစားနိုင်မှုတို့အပေါ်မုတည်ပြီးရေးဆွဲထားသောကြောင့်ငါးနှစ်ပြည့်မှသာလျှင်ကျောင်းစတင်ထားသင့်သည်ဟုယူဆမိသည်။
အခုခေတ်တွင်သုံးနှစ်ပြည့်လျှင်ကျောင်းပျော်ဆိုပြီးအပြင်သီးသန့်ဖွင့်သည့်ကျောင်းများတွင်ထားကြသည်။အဓိကကတော့မိဘများကအလုပ်ကြောင့်ကျောင်းပျော်ထားကြသည်သာဖြစ်သည်။သုံးနှစ်ဆိုသောအရွယ်သည်မိဘရင်ခွင်တွင်သာရှိနေသင့်သေးသောအရွယ်ဖြစ်သည်။မိဘများကလည်းထိုအကြာင်းသိကြသော်လည်းမဖြစ်မနေအခြေအနေကြောင့်ထားနေရသည်ကိုလည်းတွေ့နေ့ရပါသည်။ကျောင်းစတင်တက်ချိန်သည်ကလေးများအတွက်အရေးကြီးဆုံးသောအခြေအနေဖြစ်သည်။နုနယ်လှတဲ့ကလေးများ၏ဦးနှောက်ကိုဝန်နှင့်အားမမျှဘဲဖိအားအများကြီးပေးမီလျှင်ဦးနှောက်သည်ထုံးထိုင်းသွားတတ်သည်။မိဘများအလေးအနက်ထားစဉ်းစားစေလိုပါသည်။ငါးနှစ်ပြည့်မှစာကျောင်းစတင်ထားရန်တိုက်တွန်းပါသည်။
သည်အကြောင်းရေးတော့တက္ကသိုလ်ပထမနှစ်ကအကြောင်းလေးသတိရမိသည်။ထိုကျောင်းသားနာမည်ကိုတော့မမှတ်မိတော့ပေ။ထိုကျောင်းသား၏မိဘများကချမ်းသာကြသည်။သားကိုဖြစ်ချင်ဇောနှင့်ဆယ်တန်းတွင်အတင်းဖိအားပေးမိသည်ထင်သည်။ကျွန်တော်တို့မေဂျာတွင်အဆင့်၂ဖြစ်သည်။အမှတ်ကလည်း၄၀၀ကျော်သည်။ဆေးကျောင်းမမှီသဖြင့်နည်းပညာကျောင်းကိုရောက်လာသည်ဟုလည်းသိရသည်။ဖြစ်ချင်ဇောနှင့်အတင်းဖိအားပေးပြီးမဖြစ်လာခဲ့တော့လုံးသရှုးသွပ်တဲ့အခြေအနေတော့မရောက်ပေ့မဲ့ကျောင်းတွင်ဆက်နေလို့မရသည့်လုပ်ရက်မျိုးတွေလုပ်လာသည်။ဆရာစာသင်နေချိန်တွင်ရှေ့ဆုံးမှထပြီးနိုင်ငံတော်သီချင်းထဆိုသည်။စတွေ့တွေ့ချင်းတော့ဒီကောင်ဘာကောင်လည်းလို့ထင်မိသည်။အကြောင်းသိမှသနားမိသည်။ဆရားများကလည်းအကြောင်းသိတော့သူသီချင်းဆုံးတာကိုစောင့်ပြီးမှစာဆက်သင်သည်။ကျောင်းကိုဆင်ဆာမဲ့အခွေများယူလာပြီးအခန်းစေ့အောင်လိုက်ရောင်းသည်။ကျောင်းအုပ်ကြီးမှအခန်းများကိုစာသင်ချိန်တွင်လိုက်လံစစ်ဆေးချိန်တွင်လည်းအနောက်မှတောက်လျှောက်လိုက်ပြီးအခန်းထဲမှသူကိုစနောက်သောကျောင်းသားများကိုတိုင်တန်းသည်။ကျောင်းအုပ်ကြီးလည်းသူ့စိတ်ကျေနပ်အောင်ကျွန်တော်တို့ခန်းကိုဝင်ပြီးဆူပူသည်။ထို့သိုမလုပ်မချင်းကျောင်းအုပ်ကြီးနာမှမခွာပဲလိုက်နေတတ်သည်။နောက်တစ်ပတ်လောက်ကျတော့သူမိဘများကပြန်ခေါ်သွားမည်ဟုသတင်းကြားမိသည်။အခန်းထဲရှိကျောင်းသားများလည်းထိုနေ့တွင်မျက်နှာမကောင်းကြပေ။ကျောင်းလာထုတ်ပြီးပြန်ချိန်တွင်အခန်းထဲသို့ဝင်ပြီးသူနိုင်ငံခြားမှာဆေးပညာသင်ယူဖို့သွားတော့မည်ဖြစ်ကြောင်း၊ဆရာဝန်ဖြစ်ပြီးလို့ပြန်လာရင်ကျွန်တော်တို့ကိုပိုက်ဆံမယူဘဲခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း၊သူ့ကိုစနောက်သောကျောင်းသားများကိုဆေးထိုးအပ်ကြီးကြီးဖြင့်ဆေးထိုးမည်ဖြစ်ကြောင်းပြောပြီးနှုတ်ဆက်သွားသည်။တစ်ခန်းလုံးသူကို့ကျောင်းရှေ့သို့လိုက်ပို့ကြသည်။ကားထဲဝင်ပြီးမှန်တံခါးချကာကျွန်တော်တို့ကိုလက်ပြသွားသည်။
ကလေးတွေရဲ့ဦးနှောက်ကိုဝန်နှင့်အားမမျှအောင်မခိုင်းမိဖို့အရေးကြီးသည်။ကလေးတွေကိုသဘာဝအတိုင်းကြီးပြင်းနိုင်အောင်စီစဉ်ပေးရမည်ဖြစ်သည်။ဆော့ချိန်ဆော့၊နားချိန်နား၊စားချိန်စား၊အိပ်ချိန်တွင်အိပ်နိုင်အောင်စီစဉ်ပေးရမည်ဖြစ်သည်။လူငယ်ဘ၀ကိုပျော်ပျော်ရွင်ရွင်နှင့်ကျောင်းဆိုတာကိုလည်းပျော်စရာဟုမြင်အောင်ဆောင်ရွက်ပေးကြဖို့လိုသည်။နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်မှုသည်လူငယ်တွေအပေါ်တွင်မူတည်နေသည်။လူငယ်ဖြစ်လာမည့်ကျွန်တော်တို့၏ကလေးငယ်များကိုသဘာဝအတိုင်းလွတ်လပ်ခွင့်ပေးကြပါလို့တိုက်တွန်းလိုက်ရပါတယ်။
Credit: all photo from google images
@naylinn
MSC 196
Steemit မှမိတ်ဆွေအပေါင်းချမ်းသာကိုယ်စိတ်မြဲပါစေ။
Right
Thank for share
thank
Yes မမရဲ့ အမကို ပြောနေရတာ သူ့သား ၃တန်း ခု ကျောင်းပိတ်ပီ 4တန်း ကျူရှင့်တဲ့ 😁😁မလုပိပါနဲ့ ပြောထားရတေ ကလေးဆော့ပါစေအုံးလို့လေ
ဟုတ်တယ်မကြည် ကလေးတွေသနားပါတယ်
မြန်မာပြည်ရဲ့ ပညာရေး ၀န်ပိအောင် ကြိုးစားရပီး ထိုက်တန်တဲ့ရလဒ်ကမရေရာမစေချာတဲ့ဘဝ
အမှန်ပဲ ဘရို
မှန်ပါတယ်။သင်ခန်းစာ ယူသင့်ပါတယ်။ကျေးဇူး
thank
ဟုတ်တယ် အစ်ကိုရယ် အခုခေတ်ကလေးတွေက တော်တော်သနားစရာကောင်းတဲ့ အခြေအနေလို့ဆိုရမယ်ဗျ ကစားချင်လည်းမကစားရ လွတ်လပ်မှုတွေမရှိကြတော့ဘူး
ဟုတ်တယ် အစ်ကို
ဖိအားအရမ်းပေးရင်လည်း လူကိုဒုက္ခရောက်စေပါသည်
right bro
Absolutely right!
thank
သိတ်မှန်တယ်ဗျာ
thank ပါ
ဟုတ်တယ်နော်
ဟုတ်
ဟုတ်တယ် အိမ်ကသားသားလဲဆော့ဘဲဆော့ခိုင်းထားတယ် ဟီ ပြောမနိုင်လို့
ငယ်တုန်းဆော့ရတဆော့ပါစေဗျာ
Niec post ပါဗျာ Thanks .
thank
Nice
thank
ဟုတ်တယ်အစ်ကို..မှန်တာပေါ့..။
ဟုတ်
ခုခေတ်ကလေးတွေနွေရာသီကျကျူရှင်နဲ့အိမ်ပြေးကြေတာသနားမိတယ်ဗျာ
ကလေးတွေသနားစရာပါ
မှန်ပါတယ်
ဟုတ်
ဖိအားပေးတာများရင် စိတ်ကလေသွားရော
ဟုတ်တယ်ဗျ
ကလေးတွေကိုခေိာ့ပြီးစာမကျက်ခိုင်းတတ်ကျဘူး ဒါကိုပြင်ရမယ်
ဟုတ်တယ် အစ်ကို
ပိုစ့်ကောင်းတစ်ခုပါဗျ
thank
မှန်တယ်အကို
thank
ဖိအားမပေးပါဘူး မနိုင်လို့ 
ဟုတ်တယ် ဘရိုရေ
ဟုဆ်မပေူပါဘ