လူ့လောကမှာ အကျဉ်းချုံးကြည့်ရင်
ဂုဏ်ဒရပ်တွေ /ရာထူး/အာဏာတွေလိုချင်ကြတဲ့သူ
ပညာတတ် ဖြစ်ချင်ကြတဲ့သူ
-ပိုက်ဆံလိုချင်ကြတဲ့သူ
ဆိုပြီးတော့ (၃)မျိုးတွေ့ရမှာပါ ။
အခုဒီ post ဟာ အောက်ဆုံးတစ်မျိုးလူတွေကလွဲပြီး ကျန်တဲ့သူ
တွေအတွက်မရည်ရွယ်ပါဘူး ။ အပေါ်နှစ်မျိုးကလူတွေ ဖတ်ကြည့်မိရင်
တော့ အငြင်းပွားစရာတွေဖြစ်နေပါလိမ့်မယ် ။
(ကြိုတင်သတိပေးခြင်းပါ)
ကျွန်တော်တို့လို အသက် နှစ်ဆယ်ကျော် အရွယ် လူငယ်တွေအတွက်
အခုအချိန်ဟာ သိပ်ပြီးတော့အရေးကြီးပါတယ် ။
အခုအချိန်ကနေစပြီးတော့ တိကျသေချာတဲ့
အလုပ်တစ်ခုကို ဇောက်ချလုပ်နိုင်မှ
အသက် ၃၀ ကျော်လာတဲ့အချိန်မှာ
ဘဝအာမခံချက်ရှိပြီးသားလူတစ်ယောက်ဖြစ်လာနိုင်မှာပါ ။
ဒါပေမယ့် အဲ့ဒီလို ဇောက်ချလုပ်တဲ့အခါမှာလည်း
ကိုယ်ပိုင် အလုပ်လုပ်မလား ဒါမှ မဟုတ်သူများအလုပ်လုပ်မလား?
(ဝန်ထမ်းအလုပ်ကို လုပ်မလား / ကိုယ်ပိုင်အလုပ်လုပ်မလား? )
(ကိုယ်ပိုင် ငွေပင်စိုက်မလား? သူများစိုက်ပျိုးထားတဲ့ ငွေပင်ကိုရေလောင်းပေါင်းသင်ပေးပြီး သူများပေး သလောက်ပဲ ယူမလား? )
လူအယောက်တစ်ရာကိုမေးကြည့်ရင်တော့
အယောက် 90 လောက်က
ကိုယ်တိုင် ပဲ အပင်စိုက် ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အပင်ကိုပဲ
ရေလောင်းပေါင်းသင်မယ်လို့ ဖြေကြမှာပါ ။
ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ 75 % ထက်မနည်းတဲ့
လူတွေက သူများ အပင်ကို ရေလောင်းပေါင်းသင်
ပေးနေကြတာကို တွေ့မြင်နေရပါတယ် ။
လူ့လောကမှာ များသောအားဖြင့် လူတွေက
အခုချက်ချင်းအလုပ်လုပ် အခုချက်ချင်းပိုက်ဆံရတာကို
ပိုပြီးတော့ စိတ်ဝင်စားကြတယ် ။
ပိုပြီးတော့ လုပ်ချင်နေကြပါတယ် ။ (ကျွန်တော်လည်းအပါအဝင်ပါပဲ)
အဲ့ဒါဟာ သူများစိုက်ထားပြီးသား အပင်ကို ရေလောင်းပေါင်းသင်
ပေးနေတာနဲ့ တူမနေဘူးလား? ။
ကိုယ်ပိုင် အပင်စိုက်ဖို့ဆိုတာက ထိုက်သင့်တဲ့
ရင်းနှီးမြှုပ်နံမှုတော့ပေးတာချည်းပါပဲ ။
ကိုယ်ရဲ့ အချိန်တွေ ငွေတွေ နဲ့လဲပြီးတော့မှ
စိုက်ပျိုးပြီး ပြုစုပျိုးထောင်ပေးရတာပါ ။
အလုပ်ရှင်ဆိုတဲ့သူတွေက အရင်ကတည်းက ငွေရတဲ့
အပင်တွေကိုစိုက်ပျိုးခဲ့ပြီးသားပါ ။
အပင်ကကြီးထွားလာတဲ့အချိန် သူတစ်ယောက်တည်း
ရေလောင်းပေါင်းသင် မလုပ်နိုင်တော့တဲ့အတွက်
ကျွန်တော်တို့တွေကို လစာပေးပြီး
ဝန်ထမ်းတွေအဖြစ် ခန့်ထားကြတယ် ။
(ဆရာ / ဆရာမတွေ ကတော့ ဝါသနာအရနှင့် နိုင်ငံလိုအပ်ချက်
တွေဖြစ်တဲ့အတွက် ကျွန်တော်ပြောတဲ့ ဝန်ထမ်းတွေထဲမှာ မပါပါဘူးခင်ဗျာ)
သူကငွေပင်စိုက်ပြီး အသီးအပွင့်စားနေရပြီဖြစ်တဲ့အတွက်
ကျွန်တော်တို့ရေလောင်းပေါင်းသင် ခတွေကို
ချက်ချင်းပဲ ထုတ်ပေးနိုင်ပါတယ် ။
(ကျွန်တော်ပြောတဲ့အပင်ဆိုတာက သစ်ပင်ကို
ဆိုလိုခြင်းမဟုတ်ပါ ။ ဝင်ငွေရဖို့ ရင်းနှီးမြှုပ်နှံတဲ့
လုပ်ငန်းတစ်ခုကို ဆိုလိုတာပါ ။)
သူများအလုပ်လုပ်ကြတယ်ဆိုတာတော့
ကိုယ့်အကြောင်းနဲ့ကိုယ် မတူညီတဲ့
ပုံစံအမျိုးမျိုးစီရှိကြမှာပါ။
တစ်ချို့က
-ကိုယ့်ရဲ့ လိုအင် ဆန္ဒတွေအတွက်ပိုက်ဆံ လိုနေကြတဲ့သူတွေ
မိသားစု စားဝတ်နေရေးကြောင့် ပိုက်ဆံလိုနေကြတဲ့သူတွေ
ကိုယ်ပိုင် လုပ်ငန်းမထူထောင်နိုင်သေးလို့ စုဆောင်းနေကြတဲ့သူတွေ
အဲ့ဒီထဲမှာ ပညာတတ်တဲ့သူတွေလဲ ပါမယ် မတတ်တဲ့သူတွေလဲပါမယ် ။
ငွေကြေး ပြေလည်သူတွေလည်းပါမယ် မပြေလည်သူတွေလဲပါမယ် ။
ငွေကြေး ပြည့်စုံသူတွေလဲ ပါမယ် မပြည့်စုံတဲ့သူတွေ (မပြည့်စုံကြသေးတဲ့
သူတွေလဲ ပါနေမှာပါ)
(ဒါပေမယ့် သူများအလုပ်လုပ်ကြတယ်ဆိုတာ အချိန်
အတိုင်းအတာတစ်ခုအထိပဲ ဖြစ်သင့်ပါတယ် ။)
ငယ်ငယ်ကပြောတာတွေ ကြားဖူးပါတယ် ။
-သူဋ္ဌေးဖြစ်ဖို့အတွက် ပညာတတ်စရာ မလိုဘူးတဲ့ ။
အဲ့ဒီစကားကတော့ ကိုယ့်အယူအဆ ကိုယ့်အမြင်နဲ့ကိုယ်ပေါ့ ။
ကိုယ်လိုရာ / ကိုယ်ယုံကြည်ရာဘက်ကို
ဆွဲပြီးပြောလို့ရတဲ့ စကားလုံးဖြစ်တဲ့အတွက်။
ကျွန်တော်မဆွေးနွေးလိုပါဘူး ။
နောက်...ကျွန်တော်ငယ်ငယ်က အိမ်မှာ လူကြီးတွေစကားဝိုင်းက
ကြားဖူးတာလေးတစ်ခုရှိပါတယ် ။
နာမည်ကို ဥပမာလေးနဲ့ပြောထားတာပါ
မောင်ညိုက
- ခင်ဗျားကိုယ်ပိုင် အလုပ်လုပ်မလုပ်ဘူးလား?
မောင်နီက
- ကျွန်တော့်မှာ ကိုယ်ပိုင်အလုပ်လုပ်ဖို့ အရင်းအနှီးမရှိဘူး
ထိုအခါ မောင်ညိုက
- ဒါဆိုရင် ခင်ဗျားရဲ့ လက်တစ်ဖက်ကို ခတ်ဖြတ်လိုက်မယ်ဗျာ
ပြီးတော့ ခင်ဗျားကို သိန်းတစ်ရာပေးမယ် ဗျာ ။
ဘယ်လိုလဲ ? ။
မောင်နီခဏတိတ်ဆိတ်သွားပါတယ် ။
အဲ့ဒီအဖြေဟာလည်း ကိုယ်လိုသလို စကားတတ်ရင် တတ်သလို
တွေးနိုင်ရင် တွေးနိုင်သလို လိုရာ တွေးပြီးငြင်းဆိုနိုင်တဲ့ စကားလုံးတွေ
ဖြစ်တဲ့အတွက် မဆွေးနွေးလိုပါဘူး ။
(အပေါ်ကစာတွေဟာဗဟုသုတရန်အတွက်ဥပမာအနေနဲ့ပဲ ဖော်ပြထားရုံပါ။)
ကိုယ်ပိုင်အလုပ် လုပ်မယ်ဆိုတော့
ဘာအလုပ်လုပ်မလဲ မေးစရာတစ်ခုရှိလာပါတယ် ။
စီးပွားရေးအမြင်ရှိပြီးသား လူတစ်ယောက်ဟာ
ဘယ်နေရာဘယ်ဒေသရောက်ရောက်
စီးပွားရေးအကြောင်းကို လေ့လာလေ့ရှိကြပါတယ် ။
ဒေသတစ်ခုမှ တစ်လလောက်နေကြည့်ရင်
ကိုယ်တိုင်ကလည်းလေ့လာကြည့်ရင်
ဘာလုပ်မလဲ ဆိုတာကိုမြင်လာမှာပါ ။
(အဲ့ဒါက တစ်ခြားဒေသကိုပြောတာပါ)
ကျွန်တော်တို့ ငယ်ငယ်တည်းကနေ
နေထိုင်ကြီးပြင်းလာတဲ့ ကျွန်တော်တို့ရဲ့
ကိုယ်ပိုင်ဒေသ ပတ်ဝန်းကျင်အထဲမှာပဲ
ကြည့်တတ်မြင်တတ်ရင်
လုပ်ကိုင်လိုစိတ်ရှိရင်
လုပ်စရာလုပ်ငန်းတွေ
အသေး / အကြီး / အလတ်
အကုန်လုံးကို ဘာလုပ်သင့်သလဲ
ဘာလုပ်ရမလဲဆိုတာ မြင်လာမှာပါ ။
(တစ်ယောက်နဲ့တစ်ယောက် အမြင်မတူ တွေးခေါ်
ပုံချင်းမတူ လုပ်ငန်းချင်းလည်းမတူပါဘူး -ဒါကြောင့်
သူဋ္ဌေးဖြစ်ဖို့ဆိုတာနည်းလမ်းမရှိဘူးလို့ ပြောကြတာ
ဖြစ်ပါလိမ့်မယ် ၊ ကိုယ့်ရဲ့ စီးပွား ရေးအ တွေး အမြင်နဲ့ ညီမျှထိုက်တန်တဲ့ ချမ်းသာကြွယ်ဝမှု
တွေကို ကွဲပြားခြားနားစွာနဲ့ ပိုင်ဆိုင်နေကြတာပါ ။)
ဒါကြောင့် အပေါ်မှာဆွေးနွေးခဲ့တဲ့အတိုင်းပါပဲ ကျွန်တော်တို့
လူငယ်တွေဟာ လမ်းနှစ်ခုထဲက တစ်လမ်းကို
ရွေးချယ်နိုင်ပြီး ဇောက်ချလုပ်ကိုင်မှ သာ
အာမခံချက်ရှိတဲ့ဘဝ တစ်ခုကို
ငယ်ငယ်ရွယ်ရွယ် နဲ့ပိုင်ဆိုင်နိုင်ကြမှာပါ ။
( ဒီစာရေးတဲ့ကျွန်နော့်ကို ဘာကောင်လဲလို့မေးရင်
ကျွန်တော်ဘာကောင်မှ မဟုတ်သေးပါဘူးခင်ဗျာ။
ကျွန်တော်က အသက်နှစ်ဆယ်ကျော်အရွယ်
ကျောင်းပြီးခါစလူငယ်တစ်ယောက်ပါ ။
Steemit မှာတင်ဖို့စာရေးရင်းက ကြားဖူးတာ
တွေ ၊ ဖတ်ဖူးမှတ်ဖူးထားတဲ့ စာတွေနဲ့ ကျွန်တော့်
ရဲ့ အမြင်ကိုပေါင်းစပ်ပြီး ရေးသားထားခြင်းပါ ။
ကျွန်တော် တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်
ဖြစ်တဲ့အတွက် တခြားသူတွေရဲ့ အမြင်နဲ့တော့
ကွာခြားနေမှာပါ ။ ဒါပေမယ့် ကျွန်တော်တ်ို့လို့
အရွယ် သူငယ်ချင်းတွေရဲ့ စိတ်ထဲမှာ အတွေးတစ်စ
တိုးတက်သွားခဲ့ရင်လည်း ကျေနပ်ပါတယ်။)
Man Thu Lay