အဆင့်အတန်း
အဆင့်အတန်း ဆိုတာ လူတော်တော်များများပါးစပ်ဖျားမှာ ရှေးရိုးစွဲ စကားတစ်ခုပင်ဖြစ်သည်။ ရှေးယခင်ထဲက ပိုက်ဆံ ချမ်းသာသူ ဂုဏ်ကြီးရှင်တို့၏ ပါးစပ်ဖျားတွင်သုံးသည်။
အဆင့်အတန်းဆိုသော စကားလုံးသည်
တကယ်တန်းတော့ ၄လုံးထဲ နဲ့ တစ်ဖက်မရှိသော
သူများ၏ ရင်ထဲတွင်တော့ သံမှိုတစ်ချောင်းထိုးစိုက်ခံရသလိုပင် ခံစားရတက်သည်ဟုမြင်မိသည်။
ဇာတ်လမ်းတော်တော်များများ တွင်လဲ အဆင့်အတန်းခွဲခြားသော ဇာတ်လမ်းများရိုက်ကြသည်။ ရသ များစွာဖြင့်ရိုက်ကြသည်။ ကိုရီးယားကား ၊ အိန္ဒိယကား၊ တရုတ်ကားမကျန်တော်တော်များများတွင် ရိုက်လေ့ရှိသည်။
ကျွန်မ၏ အတွေးကတော့ လူသား အားလုံးသည် ကိုယ့်အဆင့်အတန်း ဖြင့်သာရပ်တည်နေသည်ဟုမြင်မိသည်။ ကိုယ့်အလုပ်ကိုယ်လုပ်တယ် ၊ ကိုယ့်ထမင်းကိုယ်စားတယ် ။ အဲ့လိုလူမျိုးကို ဘယ်လိုလူမျိုးက အဆင့်အတန်းနိမ့်ကျသည် ဟု ထင်ပါသလဲ။ ကျွန်မကတော့ မမြင်မိပါ။
လောကတွင် သုံးစား၍မရသောသူဟူ၍မရှိ လူတိုင်းအားလုံးသည် သူ့နေရာနှင့်သူတော့တန်ဖိုးရှိသည်။လူတွင်မပြောနှင့် တိရစ္ဆာန်တောင် သူ့နေရာနှင့် သူအသုံးဝင်ပါသည်။
ကျွန်မကြည့်ဖူးသောဇာတ်လမ်းတစ်ခုထဲက အထက်တန်းစားဆိုသောဇာတ်လမ်းအားလွန်စွာ သဘောကျမိသည်။ ထိုဇာတ်ကားတွင် အထက်တန်းစား ဆိုသည်မှာ ပိုက်ဆံချမ်းသာ၍ အဆင့်အတန်းမြင့်မား သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ စိတ်ဓာတ်မြင့်မားရင်
အထက်တန်းစား ဟု သတ်မှတ်ခြင်းဖြစ်သည်ဟုမြင်မိ၍ ကြိုက်နှစ်သက်၍ Television လိုင်းတွေက လာတိုင်း ပြန်ကြည့်မိနေခြင်းဖြစ်သည်။
အဆင့်အတန်းဆိုတော့ စကားလုံးကို ကျွန်မမြင်ဖူးသော လူတစ်ချို့ကို ဥပမာထားကာ ပြောချင်မိပါသည်။ကျွန်မသည် YBS မပေါ်မီတစ်ချိန်က အလုပ်ကအပြန်တွင် ဟိုင်းလတ် ကားကိုစီး၍ ပြန်လေ့ရှိပါသည်။
တစ်နေ့ကျွန်မအိမ်ပြန်ရာကားပေါ်တွင်
ကားကလဲ လူကြပ်၍ အပြည့်ပါလာပါသည်။ တွယ်စီးသူများလဲ ရှိပါသည်။ ကျွန်မ၏ မျက်နှာခြင်းဆိုင်တွင်ရှိသော အမျိုးသမီးနှစ်ဦးကို သတိထားမိသွားပါသည်။ တစ်ဥိီးမှာ ပိုက်ဆံချမ်းသာပုံပေါ်ပါသည်။ ရွှေကို ညွှန့်နေအောင်ဝတ်ထားပါသည်။ အဝတ်စားမှာလဲ တံဆိပ်ကောင်းသော ပုံစံမျိုးပင်ဖြစ်သည်။ လူပုံစံမှာလဲ သင့်ပြန့်၍
ရုပ်ရည်မှာလဲ ပြေပြစ့် လှသည်။ပိုက်ဆံချမ်းသာသူတို့စကားအရ သတ်မှတ်မယ်ဆို အဆင့်အတန်းရှိသည်ပေါ့။ ကျန်တစ်ဦးက အဝတ်အစား ညစ်နွမ်းနွမ်းဖြင့်ဖြစ်သည်။ မတောက်ပြောင်လှပါ ။ရုပ်ရည်မှာမဆိုးလှသော်လည်း အရောင်မထွက်လှပါ ။ ဆင်းရဲနွမ်းပါးသူတို့ကိုပြောရင်တော့ အဆင့်တန်းနိမ့်သည်ပေါ့။
ထိုမိန်းမနှစ်ဦးမှာ တစ်ရပ်ကွက်ထဲဖြစ်ပုံရသည်။ ပိုက်ဆံရှိသော မိန်းမ၏ သွားလေရာခေါ်ပြီး ပစ္စည်းသယ်ခိုင်းသော ခပ်နွမ်းနွမ်းအမျိုးသမီး ကြီးတစ်ဦးဖြစ်သည်ကို သူတို့စကားပြောဆိုပုံကိုကြည့်ရင်းဖြင့်ကျွန်မသည် သိလာခဲ့သည်။
အဆင့်အတန်းဆိုတာ အဲ့တာက စပါသည်။ ပိုက်ဆံရှိအမျိုးသမီးက သူ့ခြင်းထဲက အထုတ်တစ်ထုတ်ဆွဲထုတ်လိုက်ပါသည်။ ပြီးလျှင် အိတ်ကိုဖြည်၍ တစ်ကျွတ်ကျွတ်နဲ့ဝါးစားနေပါသည်။ သူစားသောအရာမှာ အမဲသားအရွတ်ကြော်ပင်ဖြစ်သည်။
အနံ့ပင်အလွန်ဆိုးလှပါသည်။ ကားက ကြပ်တာက တစ်မျိုး အမဲသားအရွတ်ကြော်များ မှာ အနံ့ကဆိုးတာက တစ်မျိုးဖြင့် ခရီးသည်တစ်ချို့ နှာခေါင်းပိတ်ကုန်ပြန်ကြပြီ။ ကျွန်မသည် အမဲသားမစားသော်လည်း စားသူများကို ကြည့်လျှင် စိတ်ပျက်ခြင်း မရှိသော်လည်း ထိုနေ့က တော်တော်စိတ်ကုန်လှသည် ။ အဆင့်အတန်းရှိသူတို့အဖို့ ထိုနေရာမျိုးတွင်မစားသင့် ။ ကြိုက်နှစ်သက်လို့စားသူအဖို့ အိမ်ရောက်မှပင်စားသင့်သည်။ အခုတော့သူတစ်ဦးကြောင့် အများသူဌာ စိတ်ပျက်နေရသည့်အဖြစ်မျိုးပင်။
ထိုမိန်းမသည် ဘေးက ခပ်နွမ်းနွမ်းအမျိုးသမီးအားလဲ စားရန်ပြောလေသည်။
သူမက မကြိုက်နှစ်သက်၍ မစားချင်ကြောင်းနှင့် ကားပေါ်တွင် စားရတာမကြိုက်ကြောင်းပြောတော့ ကြီးကျယ်သောမျက်နှာထားမျိုးဖြင့် မျက်စောင်းထိုးခြင်းခံရတော့သည်။
ကျွန်မသည် ထိုနှစ်ဦးအားကြည့်ခြင်းဖြင့် အဆင့်အတန်းဆိုသည် မှာ ပိုက်ဆံချမ်းသာခြင်း
မရှိခြင်းနှင့်မဆိုင်ဘဲ လူတစ်ဦး၏ စိတ် ၊ ပတ်ဝန်းကျင်ကို အလေးထားတက်သော စိတ်ဖြင့်သာ
ဆိုင်ကြောင်း ထိုနှစ်ဦးကို့ ကြည့်ရင်းဖြင့်သာမြင်မိတော့သည်။
ကျွန်မအမြင်အရ ခပ်နွမ်းနွမ်းအမျိုးသမီးသာလျှင် အဆင့်အတန်းမြင့်မားသူဟု ထင်မိပါတော့သည်။(အမြင်ချင်းမတူကြပါက @nwenwe ၏ အမြင်တစ်ခုထဲဖြင့်သာရေးသားထားခြင်းဖြစ်ပါသောကြောင့်
သည်းခံ၍ ဖတ်ရူ့ အကဲဖြတ်ကြသော အဖွဲ့ဝင်များကို တောင်းပန်အပ်ပါသည်။
Thanks for steemit member all my fri
Photo credit by facebook image
MSC-233
@nwe nwe
တယ်တော့ သက်ရှိသတ္တဝါအားလုံးမှာ နှစ်မျိုးဘဲရှိပါတယ် အဲဒါက 'ရုပ်နဲ့နာမ်' ဘာမှဟုတ်တာတွေနဲ့ဘဲ လူတွေလည်းအချိန်ဖြုန်းတည်းနေကြတာစိတ်မကောင်စရာပါ
စိတ်ဓာတ်လေးတွေပြင်နိုင်ရင်အေးချမ်းမှာနော်
ကျွန်တော်အမြင်ကတော့ စိတ်ဓာတ်နဲ့ဘဲ အဆင့်အတန်းခွဲခြားပါတယ်။
ဟုတ်ကဲ့
အဆင့်အတန်းဆိုတာ သူတို့ရဲ့လုပ်ဆောင်မူတွေနဲ့သာဆိုင်ပါတယ်ဗျာ😄😄
ဟုတ်ပါတယ်
ကိုယ် အဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာ
ကိုယ်ကိုတိုင်အသိဆုံးပါ
ဟုတ်တယ်ဆရာ
စိတ်ဓာတ် အဆင့်အတန်းက အဓိကပါ။
မှန်ပါတယ်
လူတစ်ယောက် ကို အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်မရပါဘူး ပုံက ကိုယ်တိုင်ရိုက်တာ မဟုတ်ရင် crd ပေးရတယ် ညီမ အားတဲ့ ချိန် လာသင်ပါအုံး တတ်တဲ့ သူဆီက ပြန်သင်လဲ ရတယ် ညီမ
ဟုတ်ကဲ့
လူတိုင်းသူ့နေရာနှင့်သူတန်ဖိုးရှိပါတယ်...အဆင့်အတန်းဆိုတာကချမ်းသာတာတစ်ခုထဲကြည့်ပြီးဆုံးဖြတ်လို့မရဘူးထင်တယ်....
သိပ်မှန်တာပေါ့
လူဟာလူပါဘဲ အဆင့်အတန်းတွေဆိုတာ လူတွေကသပ်မှတ်တာပါ
ဟုတ်ပါတယ်
အဆင့်အတန်းဆိုသည်က ကိုယ်လုပ်ကိုင်ပြုမူလိုက်သောကြောင့် ရရှိလာတဲ့ရလဒ်တစ်ခုပေါ့ဗျာ
ဟုတ်တယ်
မှန်ပါတယ် အဆင့်အတန်းဆိုတာ စိတ်ဓာတ်ကို ခွဲခြားသိမြင်ရမှာပါ။
ဟုတ်တယ်
အဆင့်အတန်း က ငွေ မဟုတ်ပါဘူး လူပါ
Good
ဘာလဲ အဲ့ဒီအဆင့်အတန်း
ဘာမှမဟုတ်တဲ့ အဆင့်အတန်းကို တစ်ချို့က ဘဝကြီးတစ်ခုလုပ်နေကြတာ
စိတ်အဆင့်အတန်းမြင့်ဖို့ ပိုလိုအပ်တယ် လို့ ထင်မိပါတယ်ဗျ
စိတ်ဓာတ်ကောင်းဖို့သာအဓိကပါ
အမှန်ဘဲအမရေ
အဆင့်အတန်းဆိုတာချမ်းသာတာကြွယ်ဝတာနဲ့မဆိုင်ပါဘူး
ကိုယ်ခံယူတဲ့စိတ်နေသဘောထားအပေါ်ဘဲမူတည်ပါတယ်
Thats right
https://steemit.com/myanmar/@chitsone/ekh-ne-duyangthi
မမnwenwe. ဒူးရင်းသီးချား ဟိ😊😊😂လူတစ်ယောက်ရဲ့အပြောအဆို အပြုအမူတွေကဘဲ သူ့ရဲ့အဆင့်အတန်းဆိုတာကြီးကို ဖော်ပြနေတာပါ