အဆင့်အတန်း (အပိုင်း ၃)

in #myanmar6 years ago
  • လှပ​သောနှလုံးသားများရိုက်​သွင်း​စေချင်​*
    ကျွန်​မသည်​တစ်​​နေ့​သောအခါက အိမ်​သို့ ​အမျိုးများ​ရောက်​ရှိလာ၍ အလည်​ခရီးလိုက်​ပို့ရန်​တာဝန်​ကျ​လေသည်​။
    မနက်​ပိတ်​ရက်​လဲဖြစ်​တာ​ကြောင့်​ လိုက်​ပို့ရန်​ ဆုံးဖြတ်​လိုက်​သည်​။ လိုက်​ပို့ရ​သောသူများမှာ ​မောင်​တစ်​ဝမ်းကွဲ​လေးနှင့်​သူ့၏
    တပည့်​​ကောင်​​လေးတစ်​​ယောက်​သာဖြစ်​သည်​။
    ကျွန်​မတို့လဲ မနက်​​စော​စောအိမ်​ကထွက်​ကာ ရန်​ကုန်​မြို့ထဲသို့ထွက်​လာခဲ့ပါသည်​။
    မနက်​ပိုင်းအချိန်​​လေးဖြစ်​တာ​ကြောင့်​​ရွှေတိဂုံ​စေတီ​တော်​မြတ်​ကြီးကိုဖူး​မြော်​၍ ဘုရားရှစ်​ခိုးခဲ့ပါသည်​။ FB_IMG_1525782724085.jpgအတူပါလာ​သော နှစ်​​ယောက်​မှာ selfie ဆွဲလိုက်​ ဘုရားဖူးလိုက်​နဲ့အလုပ်​ရူပ်​​နေကြပါသည်​။FB_IMG_1525782777318.jpg
    ထို့​နောက်​​တောင်​ဘက်​မုဒ်​သို့ဆင်းကာမဟာဝိဇယစေတီ​တော်​ကို တက်​​ရောက်​ဖူးခဲ့ပါသည်​။FB_IMG_1525783158493.jpgHappy world ထဲသို့ဝင်​ကာ သရဲရထားလဲစီးခဲ့ပါသည်​။ ထို့​နောက်​​တောင်​ဘက်​မုဒ်​က​နေ ပြန်​တက်​ကာ အမျိုး​ကလေး​တွေကိုလက်​​ဆောင်​ဝယ်​​ထည့်​​ပေးရန်​ ဗုံ​လေး​တွေဝယ်​ခဲ့ပါသည်​။
    ၎င်း​နောက်​ ​နောက်​ဘက်​မုဒ်​ မှဆင်း၍
    ပြည်​သူ့ရင်​ပြင်​​ပေါ်သို့ သွားရန်​ဆင်းလာတုန်း ​နောက်​ဘက်​မုဒ်​​အဆင်းတစ်​ဝက်​နား​လောက်​စစ်​​ဆေး​ရေးနားတွင်​​ကောင်​မ​လေးနှစ်​​ယောက်​ကိုသွား​တွေ့ပါသည်​။
    ဘုရားလုံခြုံ​ရေးမှူးများက ထိုမိန်းက​လေးနှစ်​ဦးကို ဘုရားရင်​ပြင်​​ပေါ်သို့​ပေးမတက်​တာပါဘဲ။ သူမတို့နှစ်​ဦးမှာ ဂါဝန်​​ပေါင်​လည်​တို ကိုနှစ်​ဦးလုံး ဝတ်​ထားကြပါတယ်​။ကျွန်​မလဲမလှမ်းမကမ်းက ရပ်​ကြည့်​​နေမိပါသည်​။
    ကိုယ်​​တွေလိုတစ်​ခြားသူများလဲကြည့်​လျှက်​ရှိပါသည်​။
    သူမတို့နှစ်​ဦးကို ဘုရားရင်​ပြင်​​ပေါ်သို့ တက်​ချင်​ရင်​ ထမီဌား​ပေးမည်​ ဝတ်​သွားဟု​ပြော​လေသည်​။ ထိုနှစ်​​ယောက်​မှာမဝတ်​ချင်​၍ ပြန်​ဆင်းသွားကြသည်​။ကျွန်​မတို့လဲ ပြည်​သူ့ရင်​ပြင်​သို့သွားရန်​သူတို့နဲ့မနီးမ​ဝေးနား​လောက်​ကနေ ဆင်းလာခဲ့သည်​။
    ထိုနှစ်​​ယောက်​မှာကျေနပ်​ပုံမရ ဖိနပ်​ထည့်​ထား​သော ပလပ်​စတစ်​အိတ်​ကို အမိုက်​ပုံးကိုမြင်​လျှက်​နဲ့ မထည့်​ဘဲပစ်​ချကာ ပြည်​သူ့ရင်​ပြင်​ဘက်​သို့ ကူးသွားပါသည်​။
    ကျွန်​မတို့ သုံး​ယောက်​လဲ သူတို့ကိုကြည့်​ရင်း စိတ်​ပျက်​စရာ​တွေလာ​တွေ့​နေ​တော့ သက်​ပြင်းချရင်းဖြင့်​ ပြည်​သူ့ရင်​ပြင်​ဘက်​သို့ လာခဲ့ပါ​တော့သည်​။
    ဧည့်သည်မောင်လေးနှစ်ယောက်မှာရေလွှာမိချောင်းစီးချင်တာနဲ့အဲ့ဘက်သို့လာခဲ့ပါတော့သည်။FB_IMG_1525783009485.jpgFB_IMG_1525783015795.jpgသူတို့နှစ်ယောက် ရေလွှာမိချောင်း စီးနေချိန်တွင် ကျွန်မထိုင်စောင့်နေတုန်း ဘေးနားသို့မိသားစုတစ်စုရောက်လာခဲ့ပါသည်။
    ထိုသူများမှာလဲစီးရန်လာစောင့်နေခြင်းဖြစ်ပါသည်။
    ထိုမိသားစုထဲက ကလေးငယ်တစ်ဦးကရေခဲမုန့်စားနေပါသည်။
    ရေခဲမုန့်ကုန်တော့အမေဖြစ်သူအား အမိုက်ပုံးဘယ်မှာလဲဟုမေးပါသည်။ထိုကလေးငယ်က မသကာရှိမှ၎နှစ်သာသာပါ။ အမေဖြစ်သူက ရေခဲမုန့်ခွက်ကိုယူကာ ပေးဆိုပြီး ပစ်ချပြလိုက်ပါသည်။
    ကလေးကမေးပါသည်။ အမိုက်ပုံးထဲမထည့်ဘူးလားတဲ့ ။ သူ့အမေက ရတယ် ဒီတိုင်းပစ်လဲပြောတော့ ကလေးမျက်နှာ ကတစ်မျိုးဖြစ်သွားပါသည်။
    ကျွန်မအမြင်ကတော့ သူတို့မူကြိုကျောင်းလောက်မှာတော့ဆရာမကအမိုက်ကို အမိုက်ပုံးထဲသို့ထည့်ရန်သင်ပေးထားပုံရပါသည်။
    ထို့ကြောင့်အဆင်းတန်းမြင့်စွာနေချင်ရင်တော့ စိတ်အဆင့်အတန်းကိုမြင့်မားစွာထားရမည်ဟုမြင်မိပါသည်။
    သူများနိုင်ငံတွေလိုအဆင့်အတန်းမြင့်နေနိုင်စေရန် သူ့နေရာနှင့်သူ ယဉ်ကျေးစွာဝတ်ဆင်ကြစေရန်နှင့် မသိနားမလည်သောကလေးငယ်များ၏ရင်ထဲကိုသံမှိုမစိုက်မိစေလိုကြောင်းနှင့်
    အသိပညာများကိုရိုက်သွင်း၍လှပသောနှလုံးသားများသာပေးတက်ကြပါစေကြောင်းရည်ရွယ်၍ရေးသားတင်ဆက်လိုက်ပါသည်။
    ဆက်ရန်.............
    Thanks for steemit member all my fri
    Own created writing
    Photo by me
    MSC-233
    @nwenwe
Sort:  

လူတိုင်းကို စည်းကမ်းရှိစေခြင်ပါတယ် ကျနော်အပါအဝင်ပေါ့

ကလေးတွေထက် လူကြီးတွေက ရှေ့ကနေလုပ်ပြရမှာကိုဗျာ😟

ဟုတ်တယ်

တကယ်ပါဗျာ အဆင့်အတန်းမြင့်ဖို့ စိတ်ဓါတ်မြင့်မှဖြစ်ပေလိမ့်မည်

အမှန်ဘဲ

ဆက်​ဖတ်​မယ်​ဗျာ..

အလည်​အပတ်​သွားရင်းမြင်​ခဲ့တာ​တွေဖတ်​လို့​ကောင်းပါတယ်​...ဆက်​ဖတ်​ပါ့မယ်​...

ကျေးဇူး

အဆင့်အတန်းခွဲတာမုန်းတယ်ဗျာ

ဟုတ်တယ်

က​လေး​တွေရဲ့ အသိ​ကောင်းတစ်​ခုကို အုပ်​ထိန်းသူတို့အ​နေနဲ့ ရိုက်​မချိုးသင့်​ပါဘူး​လေ။

မိဘဆိုတာသားသမီးတွက်ရှေ့ဆောင်လမ်းပြဖြစ်ရမှာလေနော်

တစ်​ချို့တ​လေကြပြန်​​တော့လည်း ခုလို အလွယ်​ပြုမူမိတာက ​နောက်​တစ်​ချိန်​ ကိုယ့်​က​လေးငယ်​​တွေ စည်းကမ်းပျက်​​စေမယ်​။

အဆင်းအတန်းမြင့်စေဖို့ စိတ်ဓါတ်တွေ လုပ်ရပ်တွေက အဓိကကျပါတယ်

အသိဟာ အ‌ရေးကြီးပါတယ်‌။အသက်‌ကြီးတိုင်း အသိမရှိကြပါဘူး။

အရေးအသားတွေအများကြီးကောင်းလာတယ်

ခုလိုစာပေမျိုးဖတ်ရတာ ကြိုက်တယ်

တချို့တွေက ချမ်းသာ ကျတယ် ဒါပေမယ့် အဆင့်မရှိ ကြဘူး။
ဒီမိုကရေစီ ဆိုပီးအော်နေကျတယ်
ကိုယ်တိုင် ကျ ပြည်သူတစ်ဦးတစ်ယောက်ရဲ့ တာဝန်ကို တောင် မကျေချင်ကြပု
သူတို့စိတ်ထဲမှာ အဆင့်ဆိုတာ ထမင်း ချိုင့်ရဲ့ ဘယ်၂ဆင့်လဲဆိုသလောက်ဘဲ ရှိကြတယ်

အုပ်ထိန်းသူက ဆိုးနေတာပဲ ညီမ ဘယ်လိုတွေးပါလိမ့်😒

အပိုင်းလိုက်ရေးနိုင်တယ်ဆိုတော့ အရည်သွေးအများကြီးရှိပါတယ် carry on!

ကျွန်တော်တို့ မြန်မာတွေ စည်းကမ်းမရှိဘူးဗျ
အကုန်လုံးတော့မဟုတ်ပါဘူး

ကောင်းမွန်ပြည့်စုံပါတယ်