ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်။ဒီရွာမှာနေလျှင် မွန်းကျပ်မူ့ အထီးကျန်မူ့ အားငယ်မူ့ သိမ်ငယ်မူ့တို့ဖြင့် ဖြတ်သန်းရပေမည်။ ထို့ကြောင့်တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းကျွန်တော်ရွာက ထွက်ခွာရန်ဆုံးဖြတ်လိုက်သည်။ထို့ကြောင့်ဆရာတော်ထံသို့သွားကာကျွန်တော် ရန်ကုန်သို့သွားတော့မည်ဖြစ်ကြောင်းလျှောက်တင်ခဲ့တော့လေသည်။ဆရာတော်က ထုံးစံအတိုင်း ကျန်းမာရေးကရုစိုက်ရန်နှင့် အခက်ခဲတစ်စုံတစ်ရာရှိပါက ပြန်လာခဲ့ရန်ပြောခဲ့သည်။ကျွန်တော်လည်းဆရာတော်အားဦးသုံးကြိမ်ချ ရှစ်ခိုးကန်တော့ကာထွက်လာခဲ့တော့လေသည်။ကျွန်တော်အိမ်သို့ဝင်ကာ ပစ္စည်းသိမ်းနေချိန် ကိုအေးမောင်ရောက်လာသည်။ကောင်းသာ မင်းအကြောင်းတွေငါကြားပြီးပြီ။မင်းလဲစိတ်မကောင်းဖြစ်အားငယ်သိမ်ငယ်ဖြစ်မှာပေါ့ကွာ ပိုက်ဆံရှိတဲ့လူတွေကအဲ့တိုင်းဘဲကွ မင်းကြိုးစားကွာ တစ်နေ့မင်းလဲလိုအင်ဆန္ဒတွေပြည့်တဲ့နေ့ရောက်လာမှာပါ။ဒါနဲ့ မင်းကဘယ်ကိုသွားမှာလဲ ။ကျွန်တော်ကရန်ကုန်သွားမှာ ကိုအေးမောင်လိုက်ခဲ့ပါလားဗျာ။ ငါက မင်းလောက်တောင်စာမတက်တော့ ဘာအလုပ်လိုက်လုပ်ရမှန်းမသိဘူးလေကွာ။ဒီမှာငါ့လိုကုန်ကြမ်းသမားကတော့အဆင်ပြေတယ်လေကွာ။နောက်တော့မှမင်းအဆင်ပြေရင်ငါ့ကိုလာခေါ်လေ အဲ့ခါကျ ငါလိုက်ခဲ့မယ်။ မင်းမရှိရင်ငါတော့ပျင်းနေတော့မှာဘဲ ဆိုပြီး ကိုအေးမောင်တစ်ယောက်တော့ဝမ်းနည်းစကားပြောရှာတယ်။ပြောပြောဆိုဆိုနဲ့ ကိုအေးမောင် က မင်းကိုရွာထိပ်လိုက်ပို့ပေးမယ်ဆိုပြီး ကျွန်တော်အဝတ်ထုတ်ကိုဆွဲရှာသည်။ အစစအရာရာအဆင်ပြေပါစေကွာလို့ တတွတ်တွတ်ပြောရှာသည်။ကျွန်တော်လဲနုတ်ဆက်ရင်း ထွက်လာခဲ့တော့သည်။
ကျွန်တော်ရန်ကုန်သွားမလို့ ဆရာတော်ကိုပြောတော့ ကျွန်တော်ကိုလိပ်စာလေးတစ်ခုရေးပေးလိုက်တယ်။ ကျွန်တော်လည်းယောင်လည်လည်နဲ့ရောက်သွားပါတော့သည်။ ရန်ကုန်လို့သာဆိုပေမဲ့ကျွန်တော်ရောက်သွားတာက ဆင်ခြေဖုံးရက်ကွက်လေးပါ ။အဲ့ဒီရက်ကွက်လေးမှာ ဆရာတော်တူ မိသားစုနေထိုင်တယ်လေ။ လိုင်သာယာမြို့နယ် ဆင်ခြေဖုန်းရက်ကွက်လေးအနီးအနားမှာ စက်ရုံအလုပ်ရုံတွေပေါများလွန်းလှပါသည်။ အခြေခံလူတန်းစားများလှသည်။သူတို့တွေကြိုးစားရုန်းကန်နေတာကိုကြည့်ရင်း ကျွန်တော်အားတက်မိပါသည်။ ဆရာတော် တူ ကိုကျော်စွာတို့မိသားစုက အရမ်းများလှသည်။အိမ်ကလဲသေးလွန်းသည်။ ကျွန်တော်လဲအားနာတာနဲ့အဆောင်ဌားနေရန်ဆုံးဖြတ်လိုက်သည်။အဆောင်ဌားနေရန်အဆင်ပြေသောနေရာတစ်ခုကို ဝိုင်းရှာပေးကြသည်။ အဆောင်ရ ရချင်းကျွန်တော်ပြောင်းနေခဲ့သည်။ ကျွန်တော်အလုပ်မလုပ်ခင် ကျွန်တော်ပတ်ဝန်းကျင်တစ်ခုကိုလိုက်လေ့လာမိခဲ့သည်။ အဲ့နေရာက အထည်ချုပ်စက်ရုံတစ်ခုဖြစ်သည် ။မနက်အလုပ်တက်ချိန် နေ့လည်ထမင်းစားချိန် ညနေ Overtime နားချိန်များတွင် စက်ရုံပြင်ဘက်တွင်ဈေးသည်အများပြားကိုတွေ့ရသည်။ မနက်စောစောလာ၍ထမင်းဟင်းမပါလာသူများ မုန့်ဝယ်စားသူများဖြင့် ချုတ်ချက်ခက်နေသည်ကိုတွေ့ခဲ့သည်။ အခြေခံလူတန်းစားများဖြစ်၍ ဈေးကြီးပေး၍ဝယ်မစားနိုင်ကြတာကိုတွေ့ခဲ့သည် ။ဈေးတန်၍အရသာကောင်းသောစားစရာများကိုရွေးစားကြသည်။ တစ်ချို့ဆိုင်များမှာ ဝယ်စားမှန်းသိ၍ပိုရောင်းရအောင်
လက်တိုနေ၍စားစရာများမှာ နဲနဲလာသည်။
ကျွန်တော်အကြံပေါ်လာသည် ကျွန်တော်ဈေးရောင်းတော့မည် ။ ဘုန်းကြီးကျောင်းတွင်နေစဉ်က အချက်အပြုတ်အပြင် မုန့်ဟင်းခါး မြန်မာ့လက်ရာမုန့်မျိုးစုံတို့ကိုလုပ်တက်ခဲ့သည်။
အခုအဲ့ပညာများကို ထုတ်သုံးရန်ဆုံးဖြတ်ခဲ့သည်။ကျွန်တော်ရွာရှိပွဲရုံတွင်အလုပ်လုပ်ခဲ့စဉ်က စုထားခဲ့သောငွေကြေးများကို မတည်၍ နီးစပ်ရာကုန်စိမ်းဈေးသို့သွားကာ ဈေးပေါသော အသီးအနံတွေ အသားငါးများကိုဝယ်ယူကာ မနက်စောစောထ၍ချက်ပြုတ်ကာရောင်းချခဲ့သည်။ သူများတွေထက် ပိုထည့်ပေးသည့်အပြင် ဈေးနုန်းကလဲချိုသာခဲ့သည်။
လူနဲနဲနှင့်အမြတ်များအောင် ရောင်မဲ့အစား အမြတ်နဲနဲ့နှင်လူများလာအောင်ရောင်းချခဲ့သည်။မရိုးရအောင် အစားအစာတွေကိုတစ်နေ့တစ်မျိုးရောင်းချခဲ့သည် ။ မုန့်ပဲသရေစာများပါမကျန်ရောင်းချခဲ့သည်။ နေ့တိုင်းမရောင်းရသည့်နေ့မရှိခဲ့လေ ။ကျွန်တော့်အတွက်နားရက်ဆိုတာတောင်သိပ်မရှိခဲ့ပေ။တနင်္ဂနွေပိတ်ရက်တွင် အလုပ်သမားများပိတ်လို့ ကျွန်တော်ပင် ဈေးမရောင်းကာနားချင်သော်လည်း Overtime ရှိသောသူများက ကိုကောင်းသာ မလာရင် စားရတာအဆင်မပြေ တစ်ချို့ဈေးသည်တွေက ဈေးကြီးတယ်ပြောပြန်တော့ ဘဝတူဖောက်သည်များဖြစ်သောသူတို့လေးတွေကို မပစ်ထားနိုင်တော့ဈေးရောင်းပေးခဲ့သည်။ နောက်တော့ ရောင်းရက်တွေဆက်လာတော့ ကျွန်တော်ပင်မနိုင်တော့ပေ။ ထို့ကြောင့် ကိုအေးမောင်ကို ကျွန်တော်နှင့် အလုပ်လာလုပ်ပါလားဟု ကမ်းလှမ်းလိုက်တော့သည်။ ကိုအေးမောင်က မငြင်းရှာပါ ရောက်လာခဲ့သည် ။ကျွန်တော်က ရွာကအကြောင်းတွေမမေးသလို
ကိုအေးမောင်လဲမပြောပြခဲ့ပါ။ နေသားကျနေသောကျွန်တော်ကိုကြည့်ရင်း ကျေနပ်နေပုံကို
တွေ့နေရသည်။ အခုဆိုရင်ကျွန်တော်ဟာ ကိုယ်ပိုင် အိမ်ခြံလေးတွေတောင်ပိုင်ဆိုင်ခဲ့ပြီလေ။ ကျွန်တော်ပျော်လိုက်တာဗျာ။ကိုအေးမောင်နဲ့ လက်တွဲညီညီ ပိုက်ဆံရှာလိုက်တာကျွန်တော်ဆင်ခြေဖုန်းရက်ကွက်အပြင် မြို့လည်ခေါင်တွင်ပါ စားသောက်ဆိုင်တွေဖွင့်နိုင်ခဲ့ပြီ။ ကျွန်တော်လိုအညတရကောင်လေးတစ်ယောက်ဟာချမ်းသာလာပြီဆိုတာပြောရင်ယုံပါ့မလားဗျာ ။တစ်ချိန်က အပြောခံရတဲ့ နေ့ရက်တွေကိုတောင်သတိရမိတော့သည် ။ထိုနေ့ရက်တွေသာမရှိခဲ့ရင် ကျွန်တော်ခုချိန်ဒီလိုဘဝမျိုးရောက်ချင်မှသာရောက်လာပေအုံးမည် ခုတော့ ထိုအချိန်တွေကိုကျေးဇူးတင်ရမလိုဖြစ်နေပါပြီလေ။ ကျွန်တော်ဘဝကိုစပေးခဲ့တဲ့ဆင်ခြေဖုံးရက်ကွက်လေးကိုကျေးဇူးတင်ပါတော့မည်။
ကျွန်တော်လဲရန်ကုန်မှာစီးပွားရှာရင်းနေလာလိုက်တာ အသက်တောင်အတော်ကြီးလာပါပြီ။လှူနိုင်တန်းနိုင်တဲ့ဘဝမျိုးကိုလဲရောက်ရှိလာခဲ့ပြီ။ တစ်ခါတစ်လေတော့ ရွာကိုလွမ်းမိသား မိဘတွေရဲ့မွေးရပ်မြေလေးသို့ အလှူတန်းလုပ်ရန်ရောက်ရှိလာပါတော့သည်။ဆရာတော်ကို ဝင်လျှောက်ရင်း အလှူလုပ်မည့်ရက်ကိုရွေးနေတုန်း သူမကိုတွေ့လိုက်ရပါသည်။
သူမ ဆိုတာကျွန်တော့်ကို တစ်ချိန်က ရင့်သီးစွာပြောခဲ့သော ကျွန်တော်ချစ်သော မိန်းမ
မေတွယ်တာပင်ဖြစ်သည်။ ကျွန်တော်ရွာကထွက်သွားပြီးမကြာခင် ရွာက မလိုသော မကြည်ဖြူသောလူတစ်ဦးကြောင့် ဆန်ပွဲရုံမီးလောင်ပြီး စီးပွားကျဆင်းခဲ့သည်။သူ့မ ဖခင်လဲ
ထိုစိတ်ကြောင့်လုံးပါး ပါးခဲ့သည်။ ဒီနေ့တော့တိုက်ဆိုင်စွာ သူ့ဖခင်အတွက်ဆွမ်းလာကပ်ခြင်းဖြစ်သည်။ကျွန်တော်သံဝေဂရမိသည် ဘဝဆိုတာ နိမ့်မြင့်တက်ကျသည့်သဘောရှိသည်ဆိုတာသဘောပေါက်ခဲ့သည် ။ ယခုအခါ တွယ်တာသည် တစ်ယောက်တည်းရုန်းကန်နေရသောဘဝသမားဖြစ်နေတော့သည် ။ တစ်ချိန်က ကျွန်တော့်လိုဘဝမျိုးဖြစ်သည် ။ ကျွန်တော်သူရှေ့သို့သွားကာလှပစွာပြုံး၍ နုတ်ဆက်လိုက်သည် ။မတွေ့တာအတော်ကြာပြီနော်လို့ပြောကာ လက်ကမ်းလိုက်တယ်။ အခုချိန်မှာတော့ကျွန်တော်တွေ့လိုက်ရသည် သူမထံတွင် မာန်မာန ရင့်သီးခြင်း မောက်မာခြင်းမရှိတော့ဘူးဆိုတာ ။ သူလဲဘဝသမားဖြစ်နေပြီလေ။ သူမကိုကြည့်ရင်း ရင်ထဲ၌ကျွန်တော်ပြောမိသွားသည် သူမ မျက်လုံးမှာအရင်လိုမာထန်ခြင်းရှိတုန်းက မျက်ဝန်းမျိုးထက် ဘဝသမားဖြစ်နေတဲ့မျက်ဝန်းတို့က ပိုလှတယ်ဆိုတာပါဘဲ။
ကျွန်တော်ချစ်သည် သူမကို .............ရိုးသားဖြူစင်သည့် မျက်ဝန်းမျိုးရှိနေချိန်ထိဆက်၍ချစ်နေပါတော့မည်။
ခုချိန်ခါ ၌မာန်မာနမရှိတော့တဲ့ဘဝသမားများနှစ်ယောက်ကအကြည့်ချင်းဆုံရင်း
အပြုံးများစွာဖြင့်သာ............................................
ကြိုးစားပါအုံးမည်................................................
Thanks for myanmar steemit member all my fri
Own created By nwe nwe
MSC-233
@nwenwe
Credit by facebook image and korea cele image
Nice Story
ကောင်ူတဟိဗျာ
Thanks
ကောင်းလွန်းလို့ နောက်တစ်ခါ ထပ်ဖတ်ပါဦးမယ်ဗျ
Great story nice
ဖတ့်လိုကောင်းပါ့
ကောင်းပါတယ်ဗျာ
ဆက်ရေးထား
Good story , nice.
မျှော်လင့်ထားသလိုဘဲ ဇတ်သိမ်းကောင်းလေးပါဘဲ
ကောင်းတယ်ဗျာ အခန်းဆက်ရေးနိုင်တာ
ကောင်းပါတယ် :D
ချစ်သူတိုင်းညားကြပီး ညားသူတိုင်း ချစ်ကြပါစေ ညီမရေ😁😁
ဟုတ်မမ
အခု အပိုင်းကို ၇ နဲ့  ၈ ဆိုပြီး
အပိုင်းခွဲ လို့ တောင်ရတယ်
ကောင်းပါတယ်ဗျာအရေးအသားတွေ
ဘဝနာမှမာနာတရားကိုဘယ်လိုထားရတယိဆိုတာနားလည်ကြတာ
နွယ်ရေ စာရေးနည်း ငါ့ညီမဆီကလာသင်ဦးမယ် 😁😁
အဲ့လောက်လဲမဟုတ်သေးပါဘူး အမရေ
ကောင်းတယ်ညီမ။အားပေးနေပါတယ်။
V100% $0.100 V n C Done.@thihakoko