"မှတ်မှတ်ရရသင်္ကြန်အတက်နေ့"
သင်္ကြန်ဆိုတာ မြန်မာလူမျိုးများရဲ့ပျော်စရာပွဲတော်တစ်ခုပါ ။ထိုပွဲတော်မှာသက်ကြီးရွယ်အို လူငယ်လူရွယ်အပြင် ကလေးများပါပျော်ရွှင်စရာတစ်ခုလိုသတ်မှတ်ထားပြီးကျင်းပကြပါတယ်။အရမ်းလဲပျော်ရွှင်စရာကောင်းလှပါတယ်။ကျွန်မတို့သူငယ်ချင်းတစ်စုလဲ သင်္ကြန်မကျခင်တစ်လလောက်အလိုထဲကတိုင်ပင်ကြတယ်။ ရေပတ်ခံထွက်ကြမယ်ဆိုပြီးတော့လေ။ကျွန်မတို့အဖွဲ့ထဲမှာအရမ်းတက်ကြွတဲ့အကိုတစ်ယောက်ရှိတယ်။သူကလောင်အမည်က မောင်မိုးည ပါ။သူကsteemit အဖွဲ့ဝင်တစ်ယောက်လဲဖြစ်ပါတယ်။သူက အရမ်းတက်ကြွပါတယ် သင်္ကြန်လည်မဲ့ကိစ္စမှာ လည်မယ်ဆိုတာကြီးပါဘဲ။အဲ့လိုနဲ့လူလိုက်စုပါတယ်။ကိုယ်တွေဘဲတက်ကြွနေသလားလို့ဘဲထင်မိပါတော့တယ် ။ကျွန်မတို့အလုပ်ထဲမှာသင်္ကြန်လည်ချင်တဲ့လူမရခဲ့ပါ ။ အဲ့တာနဲ့ မောင်မိုးည ကပြောပါတယ် ငါ့မှာယောကျာ်းလေးသူငယ်ချင်းတွေတော့ရှိတယ် ညီမတို့ကိုအားနာလို့ ခေါ်လိုက်ရမလားမေးပါတယ်။ကျွန်မတို့လဲလည်ချင်တဲ့လူတွေဆိုတော့ နှစ်ခါမပြောရဘူး ခေါ်လိုက်ဆိုတာကြီးဘဲ။တစ်ခုတော့ရှိတယ်အရက် တော့ မသောက်စေနဲ့နော်လို့ပြောတယ်။မောင်မိုးညကပြောပါတယ် ငါလဲအရမ်းသောက်တက်တဲ့လူတွေမခေါ်ဘူးတဲ့။အဲ့လိုနဲ့လည်ရမယ်လို့ထင်နေတုန်း ၃လပိုင်းကုန်လောက်ကြရော တစ်ယောက်ပြီးတစ်ယောက် သင်္ကြန်လည်မဲ့စာရင်းထဲကထွက်လိုက်ကြတာ ကျွန်မရယ် သူငယ်ချင်းနှစ်ယောက်ရယ် မောင်မိုးညရယ်ဘဲကျန်ခဲ့တော့တယ် ။ လူမညီတော့တဲ့ သင်္ကြန်လည်မည့်ခရီးစဉ်ဟာပျက်စပြုရင်းနဲ့ပျက်ခဲ့ပါတယ်။ ကျွန်မတို့အလုပ်လဲသင်္ကြန်ပိတ်ရက်သို့ရောက်လာခဲ့ပါသည်။ကျွန်မတို့ကအဆောင်မှာနေရင်းအလုပ်လုပ်သူတွေဖြစ်လို့သင်္ကြန်ပိတ်လို့အိမ်ကို
အသီးသီးပြန်ကြပါတယ်။
အဲ့လိုနဲ့ပိတ်ရက်မှာနားလိုက်တာ သင်္ကြန်အကျနေ့ ည ၈နာရီဝန်းကျင်လောက် အိမ်မှာTVကြည့်နေတုန်း ဖုန်းဝင်လာခဲ့ပါတယ်။ မောင်မိုးည ဆီကပါဘဲဖြစ်ပါတယ်။ မောင်မိုးညကပြောတယ်
မနက်ကားနဲ့လည်ကြမယ်ပြောပါတယ်။ လူရတယ် သူ့တို့နားကလူတွေလို့ပြောပါတယ်။
လိုက်မှာလားမေးတော့ ပျင်းနေတာနဲ့ ok ပေါ့လို့ပြောပါတယ်။ အဲ့တာနဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရွေး(Steemit အဖွဲ့ဝင်)နဲ့ကျန်သူငယ်ချင်းတစ်ယောက်ကိုလဲခေါ်ပါလို့ပြောတယ်။သူဖုန်းခေါ်တာမရလို့ပြောတာနဲ့ ကျွန်မကလဲ ရတယ်ပြောလိုက်မယ် ။ သွားမှာကျိန်းသေရင်ပြီးရော ပြောလိုက်ပါတယ်။ ရွေးကို ပြောပါတယ် သင်္ကြန်လည်ဖို့ကားရတယ် လူလဲရတယ် လို့မောင်မိုးညပြောတယ် လိုက်မှာလားမေးတော့ အိုကေ ဆိုတာကြီးဘဲ။ ကျွန်မတို့သူငယ်ချင်းတွေလည်မယ်ဆိုတာကြီးဘဲလေ။ ကျန်တစ်ယောက်ကိုမေးတော့ လိုက်မယ်တဲ့ သူမ တူမလေးရောလိုက်မယ်တဲ့ သူကိုလာခေါ်ဖို့ပြောပါတယ်။အဲ့တာနဲ့လာခေါ်မယ်ပြောလိုက်တော့ အိုကေသွားပြန်ရော။မောင်မိုးညကိုပြန်ပြော လိုက်မယ်ဆိုပြီး မောင်မိုးည ကလဲရွေးကိုထပ်ပြော နဲ့အဆင်ပြေနေကြတာ ဖုန်းသံတွေလဲထပ်တလဲလဲပေါ့တစ်ယောက်ပြီးတစ်ယောက်ပတ်ဆက်နေကြတာများ ညတောင် နက်လာပြီ။ မောင်မိုးည မှာဖုန်းဆက်လို့မပြီးနိုင် ည၁၁နာရီကျော်ထိတောင် လည်မည့်အကြောင်းဘဲပြောနေတာ လာတောင်ခေါ်ပေးမယ်ဆိုတာကြီးဘဲ။ ကျွန်မတို့ကလဲ မှောင်ရင်သာအပြန်လိုက်ပို့ပါ အသွားကတော့ရတယ်။
သူငယ်ချင်းတစ်ယောက်ကိုဝင်ခေါ်ရအုံးမှာမို့
တစ်နေရာမှာသာ စုရပ်မယ်လို့ပြောလိုက်ပါတယ်။ စုရပ်နေရာက မင်္ဂလာဒုံစာတိုက်ဖြစ်ပြီး ကျွန်မတို့အားလုံးက အဲ့ကစောင့်မယ်ပေါ့။ သူတို့ကားက အင်းတိုင်ဘက်ကလာမဲ့ကားလေ။
ပျော်လုံးဆို့ရင်းအိပ်တောင်မပျော်ပါဘူး။သင်္ကြန်အကြတ်နေ့ မနက်စောကြီးထနေကြမဟုတ်ပေမဲ့ အဲ့နေ့ကအစောကြီးနိုး ရေမိုးချိုး အလှပြင်ကာ စတိုင်အပြည့်ပေါ့ မနက် ၆နာရီလောက်အိမ်က ထွက်လာခဲ့တယ်။ အိမ်က မိဘတွေကပြောကျန်ခဲ့တယ် တော်တော်ဝိရိယကောင်းတယ် အပြင်ထွက်ရမယ်ဆို အိပ်ရာနိုးစရာမလိုဘူးဆိုပြီးတော့လေ။ အိမ်က စထွက်တာနဲ့ သူငယ်ချင်းနှစ်ယောက်ကိုဖုန်းဆက်တော့ သူတို့ကလဲ အသင့်အနေထား အိုကေနေကြတာ ။ အဲ့တာနဲ့ကျွန်မလဲသူငယ်ချင်းတစ်ယောက်ကိုဝင်ခေါ်ရင်း စုရပ်မှာဘဲ ရွေးကိုစောင့်ပေါ့။ သိပ်မစောင့်လိုက်ရဘူး
ရွေးလဲရောက်လာခဲ့ပါတယ် သူမ အဖေက စိတ်မချလို့ စုရပ်ကားမှတ်တိုင်ထိလိုက်ပို့ပေးရင်း မောင်မိုးညတို့ ကားအလာကိုစောင့်နေခဲ့ပါတယ်။ ဖုန်းခေါ်တော့ ဖုန်းကတော့ဝင်တယ် မကိုင်ဘူးဖြစ်နေတော့ သူငယ်ချင်းတွေတစ်ယောက်ဆီကြည့်ရင်း လာနေလို့ဖြစ်မယ် ကားပေါ်မှာမို့မကြားတာနေမယ် ပြောရင်းနေလိုက်ပါတယ်။စောင့်လိုက်တာ သင်္ကြန်ကားတွေလဲ ဖြတ်သွားလိုက်တာများမနဲမနော မောင်မိုးညကားကတော့ပေါ်မလာခဲ့ပါ မျှော်တော်ယောင်သာဖြစ်ခဲ့ ဖုန်းခေါ်တော့လဲ
လာနေပြီလမ်းမှာဆိုတာကြီးဘဲ ။စိတ်မရှည်တော့ဘူး သံတယဝင်လာခဲ့တယ် တကယ်ရောထွက်လာခဲ့တာဟုတ်ရဲ့လား ဆိုပြီးမေးမှ
တောင်းပန်တာကစတော့တာဘဲ လာခါနီးမှလိုက်မဲ့လူတွေက ဈေးများလို့ မလိုက်ကြတော့ဘူးတဲ့။ကိုယ်တွေကလဲ ရတယ်ရှိသလောက်လူသာတင်ခဲ့ ကားခကတော့ပိုခံလိုက်တော့မယ် ထွက်လာလက်စနဲ့တော့အိမ်မပြန်ချင်သေးဘူး သင်္ကြန်လည်ရမှဖြစ်မယ် ။ကိုယ်တွေသူငယ်ချင်းတွေကညီတယ် နောက်ဆုံးလိုင်းကားစီးမယ်ဆိုတာကြီးဘဲ ။မောင်မိုးညကတော့လူစုနေတာနေတောင်မြင့်လာပြီ။ဖုန်းဆက်တိုင်းလာတော့မယ်ဆိုတာကြီးဘဲ။ ကျွန်မတို့လဲဒေါသထွက်လာပြီ ကျွန်မတို့သူငယ်ချင်းတွေ မောင်မိုးညကို လာခဲ့ဖို့ပြောနေကြတာ တစ်ယောက်တစ်လှည့်ဆီ စောင့်နေရတာ ရှက်တောင်လာပြီ။
နောက်ဆုံးဖုန်းခေါ်တော့ မောင်မိုးညမကိုင်တော့ပါ သူ့အမေကိုသာပေးကိုင်ရင်းပြောခိုင်းပါတော့သည် ။ မောင်မိုးညအမေက ပြောတယ် သူခေါ်ထားတဲ့လူတွေက အခုမနက်မှမလိုက်ကြတော့လို့အခုတော့မောင်မိုးည တစ်ယောက်ထဲသာရှိတော့တယ်တဲ့။ ကျွန်မတို့လဲ အင်းတစ်လုံးသာပြောရင်း စကားလုံးတွေရှေ့မဆက်နိုင်ခဲ့ပါ။ ကြေကွဲပါတယ် အဲ့လိုမှန်းသိရင်မလာပါဘူး အခုတော့ လို့ပြောနေတုန်း ကံကောင်းချင်တော့ ကျွန်မတို့နဲ့မလှမ်းမကမ်းမှာကားတစ်စီးရပ်ပါတယ်။ကားအခြေနေတစ်ချက်ရှိုးလိုက်တော့ မိသားစုတွေလည်တဲ့ကားပုံပေါ်ပါတယ် ကားလဲချောင်ပါတယ် အဲ့တာနဲ့ရွေးအဖေကို ပြောခိုင်းပါတယ် အဲ့ကားကိုပြောပေးပါ ပိုက်ဆံပေးပြီးလိုက်ချင်ကြောင်းအတင်းပြောခိုင်းတော့
ပြောလို့မနိုင်တဲ့ကျွန်မတို့အဖွဲ့ကို မငြူစူဘဲလိုက်ပြောပေးရှာတယ်။ ကားစုဌားထားတာ ထွက်လာခါနီးမှလိုက်မဲ့လူမရှိတော့လို့ စရံကြိုမတောင်းမိလိုက်တာမှားသွားတယ်လို့ပြောတော့ ကျွန်မတို့အဖွဲ့ကို သနားသွားပုံပေါ်တယ်။ တက်တဲ့လိုက်ခဲ့ကြပြောတော့ ပျော်လိုက်တာများ ပြောမနေပါနဲ့ အမြန်ဘဲတက်လိုက်ကြတာများ
ရွေးအဖေလဲ ငေးရင်းသာကျန်ခဲ့ပါတော့တယ်။
ကျွန်မတို့ကိုတင်ခေါ်သွားတဲ့မိသားစုသင်္ကြန်ကားက ဖော်ရွေပါတယ် ။ ဘယ်လောက်ထိဖော်ရွေသလဲဆိုရင် ကားပေါ်ရောက်တာနဲ့မုန့်တွေကျွေး ဘီယာတွေဖောက်တိုက်တော့တာဘဲ။သူငယ်ချင်း တူမလေးပါတော့တော်သေး သူဘဲဒိုင်ခံစားပေးနေတာ မုန့်တွေကိုလေ။
ဘီယာတွေမသောက်ချင်လို့ပြန်ပေးလိုက်ပါတယ်။ အဲ့တာနဲ့လည်လိုက်တာ သင်္ကြန်ဆိုတာကြီးကို
ကားလမ်းတွေကပိတ် လမ်းကကျတ်နဲ့ ရေကစား မဏ္ဏပ်ရှေ့မှာ ရေပတ်ခံရင်း လမ်းလျှောက်လိုက် ကားစီးလိုက်နဲ့ရေပတ်ခံထွက်လိုက်တာ မိုးတောင်တော်တော်ချုပ်ပါတယ်။ကားလမ်းတွေကပိတ်တော့အပြန်တော်တော်မှောင်ပါတယ်။မိသားစုသင်္ကြန်ကားကြီးကတော့ တကယ်မိသားစုလိုပါဘဲ အပြန်ကို စိတ်ရှည်စွာအဆင်ပြေမဲ့နေရာထိ လိုက်ပို့ပေးရှာပါတယ်။
မြန်မာတွေရဲ့ချစ်စရာကောင်းတဲ့ ကိုယ်ချင်းစာမူ့ပါ။ သူတို့ကိုကျေးဇူးတင်ပါတယ်။
အဲ့နေ့ကတော့ ကျွန်မတို့သူငယ်ချင်း သုံးယောက်ရဲ့ ၂၀၁၅ မှတ်မှတ်ရရသင်္ကြန်အကြတ်နေ့လေးဖြစ်ပါတော့တယ်။
Own Practice created
Thanks for steemit member all my fri
MSC-233
@nwenwe
Credit by facebook image
V100%$0.079/#thargyi
အမရောက်လာတော့မှာပါ
အေးဟာစောင့်လိုက်ရတာ အဲတုန်းက
နောက်တစ်နှစ်
ကားအဆင်သင့်ရှိပြီး
လူ မရှိတာကြတော့ရော
စာပိုဒ်လေးတွေခွဲပြီး ပုံလေးတွေထည့်ရင် ဖတ်ရတဲ့သူတွေပို အဆင်ပြေမယ်ထင်တယ်ဗျ စိတ်ဝင်စားစရာလေးလည်းဖြစ်သွားတာပေါ့
ရောက်ချင်လှဘီနော်
သင်္ကြန်ဆိုတာ ကြားတာနဲ့ မနေနိင်ဘူးဗျာ
ပို့စ့်ကဖတ်ကောင်းတယ်
သင်္ကြန် တောင် ရောက်တော့မှာပါလား။
Nice Festival
သင်္ကြန်လည်ကြတာ ပျော်စရာကောင်း😊😊
ဟုတ်မမ
စာအရေးအသားကောင်းပါတယ် သို့သော် ပိုစ့်ပြင်ဆင်ပုံအားနည်းလွ၃်းပါ၏ ပုံလေးများထည့်ကာ ဝေေ၀ဆာဆာဖော်ပြပေးမယ်ဆိုရင် ပိုပီုးဖက်လို့အဆင်ပြေမှာပါ
တရာစခန်းထဲရောက်နေတယ်
Congratulations! This post has been upvoted from the communal account, @minnowsupport, by kyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ယေ့သ င်္ကြန်ရာက်တော့မယ်
V100%$0.083@poe . tkanks
ဒီစာလေးဖတ်ပြီးသင်္ကြန်ကိုလွမ်းမိပါတယ်@nwe
Thanks
ပုံများများလေး ညပ်ထည့်ရင် ကောင်းမှာ
ညီမ ရေ
အဲ့တုန်း က
အကို တစ်ကယ်တောင်းပန်ပါတယ်နော်
နောက်နှစ်အဆင်ပြေအောင်
အကိုကားကို လုပ်ပေးတော့လည်း
လူ မရှိကြတော့ဘူးလေ
အဲ့ဒါလေးလည်း အခန်း ၂ ရေးပါဦးနော်
အခု မနက်မူးပြီးလဲကျတာ
သက်သာရဲ့ လား ညီမ
အနားယူပါဦး
မိုး ည ( သို့  ) winko
သြ င်္ကန် အကြိုက်ဆုံးဘဲ
Nice water festival
good post
good