သုံးတတ်​လျှင်​​ဆေး မသုံးတတ်​လျှင်​​ဘေး (အပိုင်း ၁၂)

in #myanmar7 years ago

2018 water festival plan
ကျွန်​မသည်​ သူငယ်​ချင်းများဖြင့်​ ခရီးထွက်​ရန်​အစီအစဉ်​များပျက်​စီးသွားချိန်​၌ အလွန်​ပင်​စိတ်​ကုန်​သွားပါသည်​။ ယုံကြည်​ရ၍မရ​သော သူများ​ကြောင့်​ စိတ်​ဆုံးဖြတ်​လိုက်​သည်​။
သင်္ကြန်​တွင်းကို အနားယူခြင်းဖြင့်​သာဖြတ်​သန်းမည်​ဖြစ်​​ကြောင်း ဆုံးဖြတ်​လိုက်​သည်​။ ကိုယ်​နှင့်​စိတ်​တူရှိ​သော သူငယ်​ချင်းက​တော့ အားမ​လျော့​သေး ကျန်​သူများကို ခရီးမသွားချင်​ရင်​လည်း သင်္ကြန်​လည်​ရ​အောင်​​ပြော​လေသည်​။
ထိုအချိန်​တွင်​ ထိုသူများမှာ လည်​မယ်​လုပ်​ပြန်​သည်​။တစ်​​ယောက်​တစ်​​ပေါက်​ဖြင့်​ ​ပြောကြပြန်​ပြီ။ အဖွဲ့ထဲမှတစ်​ဦးက ​ပြောသည်​။
အကြတ်​​နေ့ရုံးကလူ​တွေနဲ့လည်​မှာတဲ့ အတက်​​နေ့ဆို လိုက်​မယ်​​ပြောတယ်​ ။ ကျန်​သူ​တွေက​တော့ ဘယ်​​နေ့သွားသွားလိုက်​မယ်​တဲ့ အဲ့လို​ပြောလာတာ သင်္ကြန်​မကျခင်​ ၂ရက်​ ၃ရက်​အလို​ရောက်​လာသည်​။
ကျွန်​မက​တော့ မလည်​​တော့ဘူးလို့ ​ပြောလိုက်​သည်​။ မလိုက်​ဘူးလို့​ပြောလိုက်​ရခြင်းမှာ ​ရေပက်​ခံကား စထွက်​မည့်​​နေရာနှင့်​ ကျွန်​မတို့​နေ​သော မြို့နှင့်​​ဝေးလှသည်​။ တူတူလည်​ချင်​​သော်​လည်း သင်္ကြန်​တွင်းဆို တူတူချိန်းပြီးလည်​ရမှာအခက်​ခဲဖြစ်​လှသည်​။ ထို့​ကြောင့်​ငြင်းလိုက်​ပါသည်​။
အဲ့သလိုနှင့်​သင်္ကြန်​ကျရင်​ တစ်​ရက်​အလို​ရောက်​​ချေပြီ။ စိတ်​တူညီ​သောသူငယ်​ချင်းမှာ ကားကို အကြတ်​ အတက်​ ၂ရက်​စာ စရံချပြီး​လေပြီ။ ထိုအခ်ျိန်​တွင်​ ထုံးစံအတိုင်း gp ထဲတွင်​ငြိမ်​သက်​ကုန်​ပြီ။ လည်​မည့်​အရိပ်​​ယောင်​မမြင်​ရပါ ။ ပါးစပ်​အ​ပြောဖြင့်​သာ လည်​ပတ်​​နေကြသည်​။
ထိုသူတို့အားယုံကြည်​​သောသူငယ်​ချင်းမှာ စရံဆုံးမည်​ဖြစ်​၍ နီးစပ်​ရာ​ဆွေးမျိုးများဖြင့်​သာ လည်​ရ​တော့မည်​ ဖြစ်​သည်​။မိမိမှာ လိုက်​မည်​ဟု အာမ မခံထား၍​တော်​​သေးသည်​။
သင်္ကြန်​အရသာကိုမခံစား​တော့ဘဲ အနားယူမည်​ဟု ဆုံးဖြတ်​ထားကာ ​နေလိုက်​တာ
သင်္ကြန်​အကျ​နေ့သို့​ရောက်​ခဲ့​ပေပြီ။ သင်္ကြန်​ဆိုတာလဲ တစ်​မျိုးပါလား သင်္ကြန်​သီချင်းသံကြား
တော့ စိတ်​ထဲမှာ ဒီနှစ်​သင်္ကြန်​​ရေမစိုပါလား လို့ ​တွေး​နေမိသည်​။
သင်္ကြန်​အကျ​နေ့ ၌ ​မေ​မေအား အလုပ်​ကူ​လုပ်​​ပေး​နေစဉ်​ သူငယ်​ချင်း ​ရွေး ဆီမှ ဖုန်းဝင်​လာသည်​။ မနက်​ဖန်​သင်္ကြန်​လည်​ကြရ​အောင်​တဲ့ သူတို့နားမှာ လည်​မဲ့ကားတစ်​စီးရှိတယ်​တဲ့​ပြော​တော့ စိတ်​ပါသွားသည်​ ။ ထိုကားနှင့်​ ကျွန်​မတို့ ​နေရာမှာ သိပ်​မ​ဝေး​သော​ကြောင့်​ လည်​ရန်​အခက်​ခဲမရှိလှပါ။ ​ရွေးမှာ အလုပ်​ထဲတွင်​ တူတူလုပ်​ကိုင်​ခဲ့ဖူး​သော သူငယ်​ချင်းဖြစ်​သည်​။
ထို့​ကြောင့်​သူဖြင့်​လည်​ရင်​ အခက်​ခဲမရှိ​လောက်​ဟုမှတ်​ယူကာ လည်​ရန်​ဆုံးဖြတ်​လိုက်​သည်​။
သင်္ကြန်​အကြတ်​​နေ့ အိမ်​မှမနက်​​စော​စော ထကာ ရန်​ကုန်​မြို့ထဲသို့ စတင်​လည်​ပတ်​ခဲ့သည်​။ လူကလဲအရမ်းကြပ်​သည်​။ သင်္ကြန်​ကားများမှာ မျက်​စိတစ်​ဆုံးကြည့်​ရင်​​တောင်​ မြင်​​နေရသည်​။ လွတ်​​သောကွက်​လပ်​မရှိ ကြပ်​ညှပ်​သတ်​​နေသည်​။
လမ်း​ပေါ်ကြည့်​လိုက်​လျှင်​ နှင်းဗူးခွံများ ဘီယာဘူးခွံများ အချိုရည်​ဗူးများ ပလပ်​စတစ်​အိတ်​များဖြင့်​ပြန့်​ကြဲ​နေသည်​။
သင်္ကြန်​ကားများ​ပေါ်တွင်​ မူးထူးကာ အိပ်​​ပျော်​​နေ​သော သူများလဲ​တွေ့ရ​လေသည်​။နေကလဲပူနဲ့ လူများမှာ ငါးကျီး​ခြောက်​ဖြစ်​လာခဲ့သည်​။ မဏ္ဏပ်​တစ်​ခု​ရောက်​ရန်​ကား မှာအ​တော်​တိုးယူရသည်​။
ထိုအရာသည်​ကား နှစ်​စဉ်​ကြုံ​တွေ့ရ​သော သင်္ကြန်​လည်​ခြင်းအကျိုးတည်း။ကျွန်​မသည်​ သင်္ကြန်​လည်​သည့်​အမှတ်​တရအဖြစ်
ဓာတ်​ပုံတစ်​ချို့အား facebook တွင်​တင်​ခဲ့သည်​။ received_2032797020317432.jpeg IMG_20180415_093543.jpg
ထိုပုံကိုမြင်​​သော gp မှသူငယ်​ချင်းများသည်​ ကျွန်​မအား အပြစ်​မြင်​ကျ​လေသည်​။
အ​စောတည်းက သူတို့နှင့်​မလည်​ဖြစ်​​ကြောင်း ​ပြောထားသည်​ ။ စိတ်​တူသူငယ်​ချင်းက နားလည်​​သော်​လည်း ကျွန်​မကို​ပြော​နေကြ​သောသူများမှာ ​ဘေးထိုင်​ဘု​ပြော သမားများဖြစ်​သည်​။
ကိုယ်​ကလဲမလိုက်​ သူများ​တွေသွား​တော့လဲ အပြစ်​လိုက်​မြင်​​နေသည်​။
ထို့​ကြောင့်​ ကိုယ်​တစ်​ခုခုကို လုပ်​မည်​ဟု ဆိုပါက ဘယ်​အရာမှမကြည့်​ပါနှင့်​ ကိုယ်​လုပ်​ချင်​တာကိုလုပ်​ပါ။ တစ်​​ယောက်​ထဲလုပ်​လို့ရရင်​ တစ်​​ယောက်​ထဲသာလုပ်​ပါ။အများနှင့်​လုပ်​မည့်​ကိစ္စတွင်​ သ​ဘောထားသည်​ ကျွန်​မတို့ ခရီးသွားမည့်​ ကိစ္စလို ကွဲလွဲပါက အချိန်​ကုန်​၍သာ အဖက်​တင်​ခဲ့သည်​။ဘေးထိုင်​ဘူု​ပြော သူများပါ​နေက အလုပ်​သည်​ တွင်​ကျယ်​လာမည်​မဟုတ်​သဖြင့်​ အကျိုးမရှိ​သော ကိစ္စရပ်​များကို အ​ရေးလုပ်​မည့်​အစား အကျိုးရှိသည်​များကို ​ဆောင်​ရွက်​တက်​ကြပါ​စေ​ကြောင်း ကျွန်​မ၏ water festival plan ကို အ​ကြောင်းပြုကာ ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။
Thanks for steemit member all my fri
Photo credit by own image
MSC-233
@nwenwe

Sort:  

နေရာတိုင်းမှာ အတည့်အတိုင်းမသွားကြတဲ့ ဂဏန်းတွေ များလာပြီ ညီမရေ ကိုယ့်လမ်း ဖြောင့်ဖြောင့် သွားနိုင်ဖို့က အရေးကြီးဆုံးပဲ😊

ဟုတ်​တယ်​ အစ်​မ​ရေ။ ​ဘေးထိုင်​ဘု​ပြောတဲ့သူ​တွေ ကိုမုန်းဆုံး။ ကိုယ်​တိုင်​ကျ....ဆက်​မ​ပြော​တော့ပါဘူး​လေ..။

ဟုတ်​တယ်

သူငယ်ချင်းဆိုတာကလည်း လူညီမှပျော်ဖို့ကောင်းတာ

ကိုယ်မှန်တယ်လို့ ယုံကြည်နေရင် လုပ်လိုက်တာ အကောင်းဆုံးပါဗျာ

ကိုယ်​မှန်​တယ်​ထင်​ရင်​ ကိုယ်​လုပ်​ အ​ကောင်းဆုံးဘဲ

စိတ်​တူကိုယ်​တူသူငယ်​ချင်း​တွေဆို​တော့​ပျော်​စရာ​ကောင်းမှာဘဲ...

အင်း စိတ်​တူကိုယ်​တူ ဆိုရင်​အ​ကောင်းဆုံး​ပေါ့

မသုံးတပ်​ရင်​​တော့ဘယ်​​လောက်​အဖိုးတန်​​နေလဲ
အဲ့လူအတွက်​က​တော့အလကားပါဗျာ

Thats right

အလုပ်ထဲမှာကော အဲဒီလိုလူတွေမမြင်မိဘူးလား

နိုင်​ငံ​ရေး​တွေ မ​ဖြေပါ​ရ​စေနဲ့ ဆရာ​ရေ

စိတ်တူ ကိုယ်တူ တွေသာ အကောင်းဆုံးပါ😊😊

ဟုတ်​တယ်

ကောင်းပါတယ်

စိတ်တူတဲ့သယ်ရင်းတွေရထားတာ အရမ်းကောင်းတယ်

မတူတဲ့သူငယ်​ချင်း​တွေ​ဘေးချိတ်​ စိတ်​တူ​လေး ​တွေ​ရွေး​ပေါင်းရတာ​ပေါ့​နော်

ဒီနှစ်လည်မယ်ဆို ကားငှားထားပေးမယ်နော်

ဘေးလူ​တွေ​ပြောတာကို ဂရုစိုက်​​နေရရင်​ ဘာမှ​တောင်​လုပ်​ဖြစ်​လိုက်​​တော့မှာ မဟုတ်​ပါဘူးဗျာ

ဟုတ်​တယ်​ တစ်​ခါတစ်​​လေ ကိုယ်​မှန်​တယ်​ထင်​ရင်​ လှည့်​မကြည့်​ ​တော့ဘူး

ရှိတယ်သူငယ်ချင်းတွေ မလည်ခင်က လိုက်မယ်ပြောပီးလည်မဲ့နေ့မနက်ကျမှ မလိုက်ဘူးပြောတဲ့လူတွေ
တကယ်ဘဲစိတ်နာတယ်😂😊😂

ဟုတ်​တယ်​ အဲဇ့လိုခံရ​ပေါင်းများပြီ

ဂဏန်းလို လူမျိုး‌တွေ‌ပေါ့ ညီမ‌ရေ။

ဟုတ်​တယ်

စိတ်တူကိုယ်တူ သူငယ်ချင်းမျိုးရှားတယ်

စိတ်​တူကိုယ်​တူ သူငယ်​ချင်းများပိုင်​ဆိုင်​နိုင်​ပါ​စေ