တစ်ခါက အသက်ကြီးကြီးနဲ့ အလုပ်သမားတစ်ယောက်ဟာ အသက်အရွယ်ကြီးရင့်လာပြီးဖြစ်လို့ အလုပ်ကနေအနားယူဖို့ သင့်နေပြီးဖြစ်ပါသည်။ထို့ကြောင့် သူဟာ သူရဲ့ကျန်ရှိတဲ့ဘဝကို မိသားစုနဲ့သာအေးအေးလူနေခြင်ကြောင်း သူရဲ့အလုပ်ရှင်ကန်ထရိုက်ကိုပြောပြလေသည်။သူဟာအလုပ်ကနေအနားယူတော့ မှာဖြစ်ဒါကြောင့် သူရဲ့အလုပ်ကိုလဲအမှတ်ရနေမဲ့အကြောင်းပါပြောလေသည်။သူလိုမျိုးအလုပ်ကြိုးစားတဲ့သူကို အလုပ်ရှင်ကတားခြင်ပေမဲ့ တားထားသင့်တော့တဲ့ အရွယ်လည်းမဟုတ်ပါဘူး။
ထိုကြောင့်အလုပ်ရှင်ဟာ ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားတော့အနေဖြင့် သူ့ကိုနောက်ဆုံး အိမ်တစ်လုံးသာဆောက်ပေးဖို့တောင်းဆိုလေသည်။လက်သမားဟာ အလုပ်ရှင်စကားကိုကြားရသောအခါ လွန်စွာစိတ်မကောင်းဖြစ်မိလေသည်။သို့ပေမဲ့ လက်သမားက အလုပ်လုပ်ခြင်စိတ်မရှိပဲ စကားအရသာပြောလိုက်လေသည်။စိတ်ထဲမှာ အလုပ်လုပ်ဖို့ စိတ်မပါဒါကြောင့် အိမ်ဆောက်သောအခါတွင်လည်း ခပ်ညံ့ညံ့လက်ရာနှင့် အရည်အသွေးနိမ့်သော ပစ္စည်းများကိုသာ အသုံးပြုပြီးဆောက်ခဲ့လေသည်။
ထိုသို့ပြုလုပ်ဒါ သူ့အတွက်ကံမကောင်းမှုတစ်ခုဆိုတာတော့ မသိခဲ့ပါဘူး။
ဒီလိုနဲ့လက်သမားဟာ အိမ်ကိုပေါ့ပျက်ပျက်နဲ့ဆောက်လိုက်တာ လအနည်းငယ်ကြာတော့ပြီးသွားလေသည်။အလုပ်ရှင်ကန်ထရိုက်က အိမ်ကိုလာစစ်ပြီး၊ ထို့နောက် သူ့လက်ထဲကိုသော့ပေးပြီတော့"ဒါဟာမင်းရဲ့အိမ်ပဲ၊ မင်းအတွက်ငါရဲ့လက်ဆောင်ပဲ" လို့အလုပ်ရှင်ကပြောလေသည်။ထိုအချိန်မှာတော့အလုပ်သမားဟာ အရမ်းလဲရှက်မိသွားပြီး ၊သူ့ကိုသူနောင်တရမဆုံးလဲ ဖြစ်လေသည်။ တကယ်လို့သာ သူနောက်ဆုံးဆောက်ခဲ့တဲ့အိမ်ဟာ သူအတွက်ဖြစ်လာမဲ့အိမ်မှန်း သိခဲ့မယ်ဆိုရင် အကောင်းဆုံးဆောက်ခဲ့မှာ အမှန်ပဲ။ထို့နောက် အကောင်းဆုံးလက်ရာနဲ့ အကောင်းဆုံးပစ္စည်းတွေကိုသုံးပြီး ပြုလုပ်ခဲ့မှာပါပဲ။ခုတော့သူပေါ့ပျက်ပျက်ဆောက်ခဲ့တဲ့အိမ်ဟာ သူအတွက်လက်ဆောင်ဖြစ်ပြီး သူပိုင်ဆိုင်ရတဲ့အိမ်ဖြစ်သွားတာကြောင့် ဘာမှကိုပြင်လို့မရသလို ဒီအိမ်လေးမှာပဲနေထိုင်သွားတော့မှာပါ။ဒါဟာ ကျွန်တော်ဖက်ဖူးခဲ့တဲ့ online အသိပညာပေး ပုံပြင်တစ်ပုဒ်ပါပဲ။
ထိုပုံပြင်လေးကိုဖက်ပြီးနောက် မြတ်စွာဘုရားရှင်ဟောကြားခဲ့ဖူးတဲ့ စကားတစ်ခွန်ကိုအမှတ်ရမိလေသည်။"ဒီနေ့ကြုံတွေ့ရတဲ့ကောင်းကျိုး၊ဆိုးကျိုတွေဟာ အတိတ်ကကံ တစ်နည်းပြောရရင် ဟိုအရင်ကအလုပ်တွေပါပဲ။အဲ့ဒီလိုပဲ မနက်ဖြန်မှာကြုံတွေ့ရမဲ့ကောင်းကျိုး၊ဆိုးကျိုတွေဟာလဲ ဒီနေ့လုပ်တဲ့အလုပ်(သို့) ဒီနေ့ပြုလုပ်တဲ့ကံတွေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။"ဒါဟာ ကံ၊ကံ၏အကျိုးပါပဲ။ဒါကြောင့်ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ၊ ဒါပေမဲ့မမျှော်လင့်ပါနဲ့မိတ်ဆွေ။ဒါ့အပြင် ကိုယ့်လုပ်မဲ့အကောင်း၊အဆိုးဟာလည်း ကိုယ်ကိုတိုင် ပြန်လည်းခံစားရမှာလဲဖြစ်ပါတယ်။
MSU-028photo credit: https://goo.gl/images/YCp8tW
World of Photography
>Visit the website<
You have earned 6.50 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-13T13:48:21
Total XP: 78.00/100.00
Total Photos: 12
Total comments: 0
Total contest wins: 0
Follow:
Join the Discord channel: click!
Play and win SBD:
Daily Steem Statistics:
Learn how to program Steem-Python applications:
Developed and sponsored by: @photocontests@fairlotto@dailysteemreport@steempytutorials @juliank
ကိုယ်စိုက်ပျိုးတဲ့အတိုင်း ရိတ်သိမ်းရတာသဘာဝ ပေါ့ရှင်
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
မမျှော်လင့်ရဲပါဘူးကွယ်
Nice
အရမ်းကောင်းတဲ့ ပုံပြင်လေးပါလားဗျ ကျွန်တော်က ပုံပြင်ဆို အရမ်းကြိုက်ပါတယ် ပုံပြင်တွေက စကားပြောတတ်တယ် အခုလည်းဘာတဲ့ ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်တဲ့ @aggamun
MSU 018
MSU 042