ရှောက်သီး
ရှောက်သီးသည်အချဉ်အုပ်စုတွင်အရေးပါသောအသီးဖြစ်ပြီး ကျန်းမားရေးစားသောက်ဖွယ်ရာများတွင်အဆင့်မြင့်မားစွာပါဝင်ကာ ၎င်း၏အစိတ်အပိုင်းများကိုဆေးအဖြစ်သော်လည်းကောင်း၊အသားအရေချောမွေ့စေရန်သော်လည်းကောင်း အသုံးပြုကြလေသည်။ရှောက်သီးမှည့်၏ အအပေါ်ခွံတွင်ပျံ့လွင့်ဆီပါရှိပြီး ၎င်းကိုပါးပါးလှီးပြီးနေပူလှမ်းကာ ရှောက်သီးယိုများပြုလုပ်နိုင်သလို ကျန်းမားရေးနဲ့လဲ ညီညွတ်လှသည်။ရှောက်သီးတွင် ဘက်တီးရီးယားပိုးသတ်ဆေးအာနိသင်ရှိ၍ ပိုးဝင်သောရောဂါများကိုများစွာအကျိုးပြုကာ လည်ချောင်းတွင်းပိုးဝင်ခြင်းအတွက်အခွံမနွာရသေးသော ရှောက်သီးမှည့်ကို အက်ကွဲလာသည့်အထိမီးအုန်းပေးကာ ၎င်းကိုအရည်ညှစ်ပြီး ပျားရည်အနည်းငယ်ဖြင့်ရော၍ တစ်နာရီခြားတစ်ခါ တစ်ကြိမ်သောက်ပေးစေခြင်း၊ ၎င်းမီးအုန်းညှစ်ရေကို ရေဆူဆူတစ်ခွက်နှင့်ရောကာ ပျားရည်အနည်းငယ်စွက်၍ တမြုံမြုံ မျိုချပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါသည်။
ရှောက်သီးတွင် ဝမ်းရောဂါကိုအံသြဖွယ်တားဆီးနိုင်သောအရာများ ပါဝင်သလို၎င်း၏အရည်သည်လည်း အချိန်တိုအတွင်း ကိုလိုရာဘက်စီလီပိုး(cholera bacili)ကိုလည်း များစွာသတ်နိုင်စွမ်းရှိပေသည်။ရှောက်ရည်ကို သကြားနှင့်ဆားဖြည့်စွက်ပြီး ဖျော်ရည်အနေဖြင့်နေ့စဉ်သောက်သုံးပေးပါက ဝမ်းရောဂါကိုကာကွယ်ပေးမည့် ဆေးကောင်းတစ်လတ်ဖြစ်ပေသည်
သံပုရာသီး
သံပုရာသီးသည်လည်း ရှောက်သီးကဲ့သိုပင်အရေးပါလှသော ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်သည်။ ခေတ်အဆက်ဆက်အလွန်ထင်းရှားခဲ့သော အသီးမျိုးဖြစ်ပြီး သံပုရာသီးမှညှစ်ထုပ်ရရှိသောအရည်ကိုဆေးအဖြစ်သော်လည်းကောင်း၊လူသားတို့၏ ခန္ဓာကိုယ်မှအဆီဓါတ်ကို ချရာတွင်လည်းကောင်းအစရှိသည့် အသုံးဝင်သည့်နေရာများတွင် အသုံးပြုကြလေသည်။သံပုရာသီးသည် အဏုဇီဝပိုးသတ်အာနိသင်ရှိပြီး အအေးမိခြင်း၊အာသီရောင်ခြင်းနှင့်ဆီးအိမ်ရောင်ခြင်း(ဝါ)ဆီးအိမ်ပိုးဝင်ခြင်းတို့အတွက် အလွန်ကောင်းကျိုးရှိသောအသီးဖြစ်သည်။
အအေးမိခြင်းနှင့်အာသီရောင်ခြင်းအတွက် ရေနွေးခွက်ထဲ့သို့သံပုရာသီးကို အရည်ညှစ်ချ၍ပျားရည်လက်ဖက်စားတစ်ဇွန်းနှင့်ဆားလက်ဖက်စားဇွန်း၏ လေးပုံတစ်ပုံခန့်ရောကာ မျိုချပေးခြင်းဖြင့်သက်သာပျောက်ကင်းလာစေလိမ့်မည်။ ဆီးအိမ်ပိုးဝင်ခြင်းအတွက် သံပုရာရည်လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေနွေးဆူဆူတွင်ထည့်ပြီး အေးသောအခါမှ နာရီခြားတစ်ခါသောက်ပေးခြင်းဖြင့် ပူလောင်သောခံစားမှုနှင့် ဆီးအိမ်ရောင်၍သွေးပါခြင်းကို ရပ်တန့်သွားစေပါလိမ့်မည်။
သရက်သီး IMG_20171218_014748.JPG
သရက်သီးသည်ကျန်တော် တို့မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများက လူအများပင်နှစ်သက်စွာ စားသုံးကြသောအသီးဖြစ်ပြီး ပြည်ပ သို့တင်ပို့ရောင်းချသောအသီးလည်းဖြစ်သည်။ သရက်သီးသည်ပိုးဝင်ခြင်းကိုထိရောက်စွာတိုက်ဖျက်ပေးနိုင်ပြီး ဓာတ်စာအဖြစ်အဖိုးတန်သည့်အပြင် အိမ်တွင်းသုံးကုထုံးကုသရာတွင်လည်း အသုံးပြုကြပြီး၊ဘက်တီးရီးယားဝင်ရောက်မှုအားလုံးအတွက် အသုံးပြု၍ရသောအသီးဟုပြောကြလေသည်။
သရက်သီးကိုရာသီအလိုက် လွတ်လပ်စွာအသုံးပြုနိုင်ပြီး အရေးပြားကျန်းမာရေးကို အထောက်အကူပြုသည့်အပြင် အအေးမိခြင်း၊နာရည်ယိုခြင်း၊နာစေးခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပြီး ဗီတာမင်ကြွယ်ဝစွာပါဝင်လှသော အသီးတစ်မျိုးဖြစ်ပေသည်။ထို့ကြောင့်တစ်ရက်သီးကို လူတိုင်းကြိုက်ကြသည်ဟုထင်မြင်မိသည်။ HFS-12
ကျန်းမာရေး စာလေးတွေရေးပေးတံ့အတွက် ကျေးကျေးပါ
ဟုတ်ကဲ့ အကျေးဇူးပါ
ကျန်းမာရေးဆိုင်ရာဗဟုသုတရပါတယ်ဗျ
ဟုတ်ကျေးဇူးပါbro ကြိုးစားလျက်ပါ
ကျေးဇူးဗျာ
ဟုတ်ကဲ့ bro
ကြိုက်တယ်ဗျာ
ကျေးဇူးအကိုကြိုးစားလျက်ပါ
Good
ကျေးဇူးပါ
သရက်သီးအရမ်းကြိုက်
ဟုတ်ကဲ့ ကျေးဇူးပါ ဖတ်ပေးလို့
ကောင်းပါတယ် bro.
ဟုတ်အကိုကျေးဇူးပါကြိုးစားလျက်
အရမ်းကောင်းတဲ့ပိုစ်လေးပါ...အားပေးနေပါတယ်
ဟုတ်broကျေးဇူးပါ
Good
ကျေးဇူးပါ bro
ဗဟုသုတရပါတယ် ကျေးဇူးပါ
ဟုတ်ကဲ့ကျေးဇူးပါ
Congratulations @nyeichanaung! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP