သူတစ်​ပါးရဲ့အားနည်းချက်​နဲ့ အားသာချက်​ကို ခွဲ​ဝေကြည့်​ရှု့တတ်​​စေလို

in #myanmar7 years ago

imagephoto credit google image
အားလုံးပဲ မင်္ဂလာပါလို့ steemit မိတ်​​ဆွေများကို နှုတ်​ဆက်​ပြီး ကိုယ်​စိတ်​နှစ်​ဖြာချမ်းသာကျန်းမာ ကြပါ​စေလို့စု​တောင်း​ပေးလိုက်​ပါတယ်​။ဒီ​နေ့ကျွန်​​တော်​​ရေးချင်​တဲ့ အ​ကြောင်းအရာက​တော့ တစ်​ပါးသူရဲ့အားနည်းချက်​၊ အားသာချက်​တို့​ဝေဖန်ခွဲ​​​ဝေကြည်​ရှု့တတ်​ဖို့ အ​ကြောင်းအရာ​လေးပဲဖြစ်​ပါတယ်​။
လူရယ်​လို့ဖြစ်​လာရင်​ လူတိုင်းမှာအားနည်းချက်​ရှိသလို အားသာချက်​ဆိုတာလဲ ရှိပါတယ်​။ကျွန်​​တော်​တို့​တွေဟာ ထိုလူကိုကြည့်​ပြီး သူရဲ့အားနည်းချက်​ကိုပဲ အပစ်​တင်​​ဝေဖန်​​နေလို့မရပါဘူး။သူ့ရဲ့အားသာချက်​​တွေကိုလည်း အား​ပေးအသိအမှတ်​ပြုသင့်​တယ်​လို့ ထင်​မိပါတယ်​။ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​မှာလူတစ်​​ယောက်​ကိုကြည့်​ပြီး အားနည်းချက်​၊အားသာချက်​​တွေကို​ဝေဖန်​ကြည့ှ်ရှု့တတ်​ဖို့ ဆိုရင်​မိမိရဲ့ စိတ်​​နေသ​ဘောထားကလည်း အရမ်းကိုအ​ရေးကြီးတယ်​လို့ထင်​မိပါတယ်​။တစ်​ချို့​သောသူ​တွေဆို မိမိနှင့်​စိတ်​သ​ဘောထား မတိုက်​ဆိုင်​တဲ့သူ၊ကြည့်လို့မရတဲ့သူ​​တွေကိုအမြဲလိုလို အားနည်းချက်​များကိုသာရှာပြီး အပစ်​တင်​​ဝေဖန်​​ပြောဆို​လေ့ရှိပါတယ်​။တစ်​ချို့ဆို သူများသားသမီး​တွေကို မှိုချိုး၊မျှစ်​ချိုးသလို​ပြော​လေ့ရှိတတ်​ပြီး တစ်​ပါးသူ​တွေရဲ့အားနည်းချက်​မ​ကောင်း​ကြောင်း​​တွေကိုသာ​ပြောဆိုတဲ့သူ​တွေ ကျွန်​​တော့်​ပတ်​ဝန်းကျင်​တွင်​ အမှန်​တကယ်​ပင်​ရှိတယ်​။အဘယ်​​ကြောင့်​ဆို​သော်​ ကျွန်​​တော်​ကိုယ်​တိုင်​ ကြုံ​တွေ့ခံစားဖူးလို့ပင်​ဖြစ်​တယ်​။
သူများတကာရဲ့ အားနည်းချက်​​တွေကိုသာ အပစ်​တင်​​ဝေဖန်ေ​​ပြာဆိုတတ်​​သော ထိုလူမျိုးများသည်​ မိမိ၏အားနည်းချက်​၊ကိုယ့်​သားသမီး​ပေးတဲ့ ဒုက္ခအားနည်းချက်​​တွေကို ပြန်​ခံစားရမှ အသံတိတ်ကာ​ကိုယ်​ချင်းစာနိုင်​ကြ​ပေသည်​။ထိုသို့အပစ်​ကိုသာ​ပြောဆိုတတ်​​သော လူမျိုးကိုကျွန်​​တော်​​အထူးသဖြင့်​​ရှောင်​သည်​။ထိုသို့သူတစ်​​ပါးအပစ်​ကိုသာ​ပြောဆိုတတ်​​သောလူများတွင်​ ကိုယ့်​သူငယ်​ချင်းအ​ပေါင်းအ​ဖော်​များလည်းပါ​သော​ကြောင့်​ ကျွန်​​တော်​အ​တော်​ပင်​ ဝမ်းနည်းမိသည်​။သူကိုသူ​တော့အ​ပြော မခံသူဖြစ်​ပြီး သူများကို​တော့လူတကာ ၊သူတကာမ​ရှောင်​ အရှက်​အ​ကြောက်​မရှိ​ပြောဆိုတတ်​သူဖြစ်​သည်​။ကိုယ်​ကပြန်​​ပြောပြန်​ရင်​လည်း မျက်​နှာထားတင်းလာကာ ရန်​လိုမည့်​အမူအရာအဖြစ်​သို့​ပြောင်းလဲသွားသည်​။ထိုအချိန်​​တွေမှစ၍ ကျွန်​​တော်​သိလိုက်​​လေသည်​။ထိုလိုသူငယ်​ချင်းမျိုးသည်​​ကောင်းသော သူငယ်​ချင်းမဟုတ်​သလို၊ ကျွန်​​တော့်​ကို ကူညီ​ဖေးမ​ပေးမည့်​၊အကြံ​ပေးနိုင်​မည့်​ သူငယ်​ချင်းမဟုတ်​​ကြောင်း သိလိုက်​​လေသည်​။
သို့​ပေမဲ့ကျွန်​​တော်​မှာမ​ကောင်းတဲ့သူငယ်​ချင်းရှိသလို ၊​ကောင်းတဲ့သူငယ်​ချင်းလဲရှိသည်​။သူသည်​အခြားသူငယ်​ချင်းများနဲ့ မတူပဲကျွန်​​တော်​နဲ့လည်း စိတ်​​နေသ​ဘောထားအလွန်​တူသည်​။သူနှင့်​ကျွန်​​တော်​ ပထမနှစ်​တတ်​စမှာစခင်​ကြတာဖြစ်​ပြီး စိတ်​သ​ဘောထားအလွန်​​ကောင်းသူတစ်​ဦးဖြစ်​သည်​။မေဂျာချင်းတူကြ​တော့ ပိုပြီးရင်းနှီးမိပြီး တစ်​​ယောက်​နှင့်​တစ်​​ယောက်​ သူငယ်​ချင်းအရင်းလိုဆက်​ဆံလာကြသည်​။ ဒီလိုနဲ့ ဒုတိယနှစ်​တွင်​ သူသည်​သူနာပြုသို့​ပြောင်းသွာ​လေသည်​။ သို​ပေမဲ့သူနဲ့ကျွန်​​တော်​သည်​ အဆက်​အသွယ်​အမြဲလိုလို ​ရှိ​နေ​ပေသည်​။ကိုယ့်​မှာရှိတဲ့ အခက်​အခဲအနည်းငယ်​ကို ဖွင့်​​ပြောမိပါကအမြဲကူညီ​ပေး​လေ့ ရှိသူဖြစ်​သည်​။တစ်​ခါက ကျွန်​​တော့်​မှာ​​ငွေ​ကြေးအခက်​အခဲရှိလို့ သူ​ရှေ့တွင်​ဖွင့်​​ပြောမိရာ သူက"မင်းမှာ​ငွေလိုရင်​ ၊သူများစီကမ​ချေးနဲ့၊ငါစီကလာယူ"လို့​ပြော​လေသည်​။ထို​ငွေကိုလည်း မင်းအားတဲ့အချိန်​၊ကြိုက်​တဲ့အချိန်​မှ ပြန်​ဆပ်​လို့လဲ​ပြော​လေသည်​။သူနဲ့ကျွန်​​တော်​ဆိုင်​ထိုင်​ဖြစ်​လျှင်​ အမြဲလိုလိုကိုယ်​​လျှောက်​လှမ်းမည့်​ ဘဝအ​ကြောင်း​ပြောဆို၊​ဆွေး​နွေးမိသည်​။သူရဲ့ ရည်​မှန်းချက်​​တွေကိုလဲ ပွင့်​လင်းစွာထုပ်​​ဖော်​​ပြောဆိုတတ်​ပြီး အ​ကောင်​အထည်​​ဖော်​နိုင်​ခဲ့ရင်​လည်း ကျွန်​​တော့်​ကိုပါ လက်​တွဲ​ခေါ်သွားမည်​ဟု ဆို​သေးသည်​။ထိုသူငယ်​ချင်းမျိုးသည်​ ကျွန်​​တော့်​အတွက်​​တော့တကယ့်​ကို ရှားလှတဲ့ သူငယ်​ချင်းမျိုးဖြစ်​ပြီး အဖိုးတန်​သူငယ်​ချင်းတစ်​​ယောက်​လဲဖြစ်​​ပေသည်​။
အ​ကြောင်းအရာနည်းနည်းရှည်​သွားလို့ သည်းခံပြီးဖက်​ရှု့​ပေးပါလို့​ပြောပါရ​​စေ။ကျွန်​​တော်​တို့​တွေမှာ အားနည်းချက်​၊အားသာချက်ဆိုတာ​ရှိ​ပေမဲ့ ဒါ​တွေကိုတစ်​ချို့သူ​တွေက အားသာချက်​​တွေကိုမမြင်​ပဲ၊ အားနည်းချက်​​တွေကိုသာ မြင်​ပြီးအပစ်​တင်​​ပြောဆို​လေ့ရှိတတ်​ပါတယ်​။တစ်ချို့ဆို ဘယ်​​လောက်​ပဲ​ကောင်း​အောင်​လုပ်​​ပေး​နေပါ​စေ တစ်​ခု​လောက်​မှား​အောင်​ လုပ်​မိလိုက်​တာနဲ့ အပစ်​တင်​​ပြောဆို​တော့တာပါပဲ။ဒါ​တွေဟာ လူကြီး​တွေစကားအရ​ပြောရမယ်​ဆိုရင်​ "သူများမျက်​ချီး​သေး​သေး​လေးကိုကျ​တော့မြင်​ပြီး၊ ကိုယ်​မျက်​ချီး ကြီးကြီးကျ​တော့ မမြင်​တဲ့လူများ"ဟုဆိုရ​ပေမည်​။သို​ပေမဲ့ ကျွန်​​တော်​တို့ဟာ ကိုယ့်​မျက်​ချီး ကိုယ်​ပြန်​မြင်​တဲ့တစ်​​နေ့ကျရင်​ သူများမ​ကောင်း​ကြောင်း၊ သူများအားနည်းချက်​ကို​ပြော​ဆိုမိ​တော့မှာ မဟုတ်​​တော့သလိုဘယ်​​တော့မှလဲ တစ်​ပါးသူကို​ဝေဖန်​အပစ်​တင်​ ရဲ​တော့မှာမဟုတ်​ပါဘူး။
ထို့​ကြောင့်​ ကျွန်​​တော်​ဆို တစ်​ပါးသူကို​ဝေဖန်​အပစ်​မတင်​မိ​အောင်​အမြဲ ထိန်း​လေ့ရှိတယ်​။အဘယ်​​ကြောင့်​ဆို​သော်​ သူလုပ်​​နေတုန်းက အ​ကောင်း၊ကိုယ်​​ဝေဖန်​​ပေးလိုက်​မှပဲမလုပ်​တတ်​​တော့ပဲ မ​ကောင်းဖြစ်​သွားမှာကိုစိုးရိမ်​လို့ဖြစ်​သည်​။ကိုယ့်​ရဲ့အားနည်းချက်​ကို​ဝေဖန်​ရင်​လည်း အမြဲနား​ထောင့်​ပြီး ယူသင့်​တဲ့ဟာများကိုယူရ ၊မှတ်​သင့်​တဲ့ဟာများကို မှတ်​ရ​ပေသည်​။ တစ်​ချို့ဆို ကိုယ်​​ဝေဖန်​​ပေးလိုက်​တဲ့ ဟာက​ကောင်း​ပေမယ့်​ တစ်​ချို့​ဝေဖန်​ခံရတဲ့သူ​တွေက အမြင်​မကြည်​ရင်​၊မယူတတ်​ပဲ ကိုယ့်​ကိုရန်​ပြန်​​တွေ့ရင်​လည်း ခက်​​ပေလိမ့်​မည်​။ထို့​ကြောင့်​ ကျွန်​​တော်​သည် ​အားနည်းချ​​က်​များကို​ဝေဖန်​​​ပေးသူများကို ကြိုက်​​ပေမဲ့​ဝေဖန်​​ရေးသမား​တော့မလုပ်​​ပေ။ကိုယ့်​အားနည်းချက်​၊အားသာချက်​နဲ့ သူများအားနည်းချက်​နဲ့ အားသာချက်​ကို ခွဲခြားမျှ​ဝေကြည့်​တတ်​ရင်​ ကို​ကျေနပ်​ပါပြီးဟု ထင်​မိသည်​။
MSU-028

Sort:  

ဟုတ်တယ် သူများအပြစ်ကျမြူ မှုန်လောက်တောင် မြင်ပြီး ကိုယ့်အပြစ်ကျတောင်လောက်ရှိလဲမမြင်တဲ့သူတွေအမျာကြီးပဲ

ဟုတ်​ပါတယ်​ ဗျာ

Right

ဟုတ်​ကဲ့ပါ။

ကောင်းတာကိုပြော ကောင်းတာကိုလုပ် ရင် ကောင်းတာ တွေ ဖြစ်လာမှာ လို့ယူဆမိတယ်ဗျ အကောင်းတွေစုလာတဲ့ သဘောပေါ့ အဆိုးဆုံးကိုတော့တွေးတော ပြင်ဆင်ထားရမယ် ဒါပါပဲ
@aggamun

ထောက်​ခံပါတယ်​ အကို

30688195_442396722853716_3392771258985742336_n.jpg

You receive vote 100% Vote From @khinzawlatt. Because Your Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

တော်လာပီ ညေး

ဟုတ်​ကို​အောင်​ကြိုးစားပြီး​ရေးတုန်း

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Right

ဟုတ်

အပြစ်​တင်​တတ်​သူဟာ အပြစ်​ကိုပဲ မြင်​​နေတတ်​လိ့ပာု

ဟုတ်​ပါတယ်​ တကယ်​​တော့ အဲ့လိုစိတ်​မထားသင့်​ဘူး

IMG_20180420_115856.jpg
You receive vote 100% Vote From @sattpaing. Because You tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu