photo credit google image
မင်္ဂလာပါ steemit မိတ်ဆွေတို့ ကိုယ်စိတ်နှလုံးကျမ်းမာရွှင်လန်းကြပါစေလို့ နှုတ်ခွန်းဆက်လိုက်ရပါတယ်။ကျွန်တော်ရေးချင်တဲ့ဆောင်းပါးလေး ကတော့ မြတ်မိဘ(သို့)မိဘကျေးဇူး ကြီးမားပုံအကြောင်းပဲဖြစ်ပါတယ်။
မိဘတွေဟာ သားသမီးတွေအပေါ်မှာကျေးဇူးတရားကြီးမားရခြင်းမှာ အသက်ရှင်လူလားမြောက်အောင်ဂရုတစိုက်စောင့်ရှောက်ပေးခြင်း၊ နို့ချိုတိုက်ကျွေးမွေးစောင့်ရှောက်ပေးခြင်းနဲ့လောကကြီးရဲ့ အကောင်းအဆို အမျိုးမျိုးကို သိမြင်အောင်ပြသပေးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
မိဘဆိုတာ လူပီသယဉ်ကျေးအောင် သင်ပြပေးတဲ့ ပထမဆုံးဆရာဆိုလည်း မမှားပါဘူး။ဒါကြောင့် လက်ဦးဆရာဖြစ်တဲ့ မိဘရဲ့ကျေးဇူးတရားတွေကိုမမေ့သင့်၊မမေ့အပ်ပါဘူး။ ဒီကနေကြုံတွေ့ရတဲ့ လူ့လောကအသိုင်းအဝိုင်းထဲမှာ ဝင်ရောက်ခွင့် ရခြင်းကလဲ မိဘရဲကျေးဇူး တရားကြောင့်ပဲ ဖြစ်ပါတယ်၊
ကျွန်တော်တို့တွေ မိဘကျေးဇူးဆပ်ရာမှာလောကနည်းဖြင့်ကျေးဇူး ဆပ်ခြင်းနှင့် ဓမ္မနည်းနဲ့ကျေးဇူးဆပ်ခြင်းဆိုပြီး နှစ်မျိုးရှိတယ်လို့လေ့လာမှတ်သား ဖူးပါတယ်။လောကနည်းဖြင့် မိဘကျေးဇူးကို ဆပ်ရာတွင် အလုပ်အကျွေးပြုစုပေးခြင်း၊ရာထူးအာဏာပေးခြင်း၊လောကီပစ္စည်း ဥစ္စာနဲ့ပြည်အောင်ပြုလုပ်ပေးရုံဖြင့် အကြွင်းမဲ့ကြေအောင် မဆပ်နိုင်ဘူးလို့လည်းလေ့လာမှတ်သားဖူးပါတယ်။
ကိုယ်ကျင့်သီလမရှိတဲ့ မိဘကို ကိုယ်ကျင့်သီလရှိလာအောင်၊သဒ္ဒါတရားမရှိတဲ့မိဘကို သဒ္ဒါတရားရှိလာအောင်၊စွန့်ကြဲပေးကမ်ကောင်းမှု ပြုရမှာကို နှမြောတွန့်တိုတဲ့ မိဘကိုစွန့်ကြဲပေးကမ်း လှူ ဒါန်းတတ်လာအောင်၊ပညာညဏ်မရှိတဲ့ မိဘကို ပညာညဏ်ရှိလာအောင် ဓမ္မနည်းနဲ့ကျေးဇူးဆပ်ရင် အကြွင်းမဲ့ကျေပါတယ်လို့ မှတ်သားလေ့လာဖူးပါတယ်။
မိဘသေခါမှ မိဘကျေးဇူးကိုမဆပ်လိုက်ရဘူးဆိုပြီး ရင်ထုမနာဖြစ်နေမဲ့အစား မိဘရှိစဉ်က သဒ္ဒါတရားထက်သန်အောင်၊တရားအသိညဏ် ရှိလာအောင်၊တရားသီလစောင့်ထိန်းတတ်အောင် လုပ်ဆောင်ပေးကြဖို့ လိုအပ်လှတယ်လို့ ထင်ပါတယ်။
တစ်ချို့ဆို မိဘနှစ်ပါးအရွယ်ကြီးရင့် အိုအမ်းမစွမ်းဖြစ်လာတဲ့အခါ ကိုယ့်မှာပြုစုစောင့်ရှောက်ဖို့ စွမ်းနိုင်ပါလျက်နဲ့ မပြုစု၊မစောင့်ရှောက်ပဲ မလုပ်ကျွေးသူ၊မိဘကို ရိုင်းရိုင်းစိုင်းစိုင်းပြုမှုပြောဆိုသူတွေဟာ သူယုတ်မှာတွေဖြစ်သလို ထိုသို့မပြုမူမဆက်ဆံမိအောင်လည်း အသိတရားလေးနဲ့ သတိပြုနေထိုင်ကြရမှာ ဖြစ်ပါတယ်။
မိဘတွေရဲ့ကျေးဇူးမေတ္တာဟာ ကြီးမားလှတာကြောင့် တမလွန်ဘဝရောက်နေသော်လည်း ရည်စူးပြီး မကြာခနကောင်းမှု ကုသိုလ်ပြုပေးကြရပါတယ်။ရည်စူးကုသိုလ်ပြုသူက သီလဆောက်တည်လျက် သီလရှိသူအားလှူဒါတန်းပြီးအမျှအတန်းပေးဝေကြခြင်းဖြင့် အကျိုးရှိနေမဲ့နေရာရောက်ခဲ့ရင်လည်း အကျိုးရှိစေခြင်းဖြင့် မိဘများကိုကျေးဇူးဆပ်သင့်တယ်လို့ မှတ်သားဖူးပါတယ်။
တကယ်တော့ မိဘတွေဟာ သားသမီးတွေ အပေါ်မှာမေတ္တာတရား အလွန်းကြီးမားလှပါတယ်။ထို့ကြောင့်မိဘတွေရဲ့ကျေးဇူးတရားကို သားသမီးများကကျေးဇူးသိပြီး၊ကျေးဇူးဆပ်နည်း နှစ်မျိုးလုံးဖြင့်ကျေးဇူးဆပ်နိုင်မဲ့ သားသမီးများဖြစ်အောင် ကြိုးစားရင်း........တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
MSU-028
Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
မိဘကျေး ဇူးကြီးမြတ်လှပါတယ်
ဟုတ်ပါတယ်ဗျာ
သိပ်ကောင်းတယ်။
ကျေးဇူးပါ
NIce
Thanks😍
Nice
Thanks😍😍
So good
So thanks 😍😍
You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.
Good Luck
#msu
Thank you for your support !!
Thank
👍👍
This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.
Good Luck
#msu
Thanks you for your support!!!
This post has received a 2.29 % upvote from @boomerang.
MSU 042