Tom Cruise ရဲ့ဘဝအစ

in #myanmar7 years ago

image

Tom Cruise ရဲ့ဘဝအစ

ပရိသတ်တော်တော်များများက ကမ္ဘာကျော် အမေရိကန်မင်းသားကြီး Tom Cruise ရဲ့ဇာတ်ကားတွေကို စွဲစွဲလမ်းလမ်းနဲ့ ကြည့်ရှုခံစားဖူးကြမှာပါ။
မင်းသားကြီး Tom Cruise ဟာဆိုရင် ခက်ခက်ခဲခဲနဲ့ အနုပညာလမ်းကြောင်းပေါ်ရောက်ခဲ့ပြီး သူ့ရဲ့ကြိုးစား မှုကြောင့် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ခဲ့ပါတယ်။

မင်းသားကြီး Tom Cruise ဟာဆိုရင် ကနေဒါမှာမွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ မိဘတွေ ကွာရှင်းလိုက်တဲ့ အခါ အမေရိကန်ကို ပြောင်းလာခဲ့ပါတယ်။

image

ငယ်စဉ်ကအိမ်တွင်းရေး အဆင်မပြေဖြစ်ခဲ့သလို ငွေကြေးလည်း အဆင်မပြေခဲ့ပါဘူး။ ရုပ်ရှင်စတင်ရိုက်ခဲ့ပြီး မင်းသားလုပ်ခဲ့တာ အသက် ၁၉နှစ်မှာဖြစ်ပါတယ်။

ကံကြမ္မာအလှည့်အပြောင်းက သူ့ဘက်ကိုမျက်နှာသာပေးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အနုပညာကို ဝီရိယစိုက်ထုတ် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ကားတွေက အောင်မြင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းမှာ ပရိသတ်အခိုင်အမာရရှိခဲ့ပါတယ်။

အခုဆိုရင်သူ့ရဲ့ ကြိုးစားအားထုတ်မှုဟာ အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။ အသားတင် ကြွယ်ဝမှု ဒေါ်လာ သန်း ၂၅၀ ပိုင်ဆိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

Sort:  

Nice to meet you.