အက်ဖ်အေဖလားဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝမည်ဟု မန်ယူတိုက်စစ်မှူးလူကာကူယုံကြည်
နောက်တစ်ပတ်စနေနေ့မှာ ချဲလ်ဆီးနဲ့ကစားမယ့်အက်ဖ်အေဖလားဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ မန်ယူတိုက်စစ်မှူးလူကာကူက ယုံကြည်နေပါတယ်။ မန်ယူနည်းပြမော်ရင်ဟိုကတော့ ချဲလ်ဆီးနဲ့ပွဲကို လူကာကူလွဲချော်ဖို့ရှိနေတယ်ဆိုပြီး စိုးရိမ်နေပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့လက အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး မန်ယူအသင်းရဲ့ရာသီလက်ကျန်ပွဲစဉ်(၃)ပွဲစလုံးလွဲချော်ခဲ့ပါတယ်။ အခုအခါမှာတော့ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူဟာ ၀င်ဘလေမှာကျင်းပမယ့် အက်ဖ်အေဗိုလ်လုပွဲကိုကစားဖို့ ဆုံးဖြတ်ထားပါတယ်။ လူကာကူဟာ အချိန်မီပြန်ကောင်းလာမယ်လို့ယုံကြည်နေပြီး တကယ်လို့ ကြံ့ခိုင်မှုမပြည့်ဝရင်တောင် ကစားဖို့ဆန္ဒရှိပါတယ်။ မန်ယူအသင်းဟာ လူကာကူဒဏ်ရာကြောင့်မကစားနိုင်ချိန်မှာ ဂိုးသွင်းဖို့ရုန်းကန်ခဲ့ရပြီး ဘရိုက်တန်၊ ၀က်စ်ဟမ်းတို့နဲ့ကစားခဲ့တဲ့ပွဲမှာ (၁)မှတ်သာရရှိခဲ့ပါတယ်။
I love Manchester United.