ပိ တောက် ဦး မို့
웃❤유웃❤유웃
ချိန်ရာသီစက်ဝန်း
သည်နွေအခင်းမှာ
နွမ်းလျစွာ နှင်ရင်းပေါ့
ပွေနိုင်သည့် နွေလေပြေရှင်
တံလျှပ်ကို ရေထင်စေသည်
နွေပန်းချီဆို တေးသီလို့ချယ်မှုန်း
သစ်ပင်ညို အိုရိပ်ဆီမှ
သင်းပျံ့ပျံ့ ရနံ့သူစေနှင်
ပင့်သက်ကူ ရှူ လိုက်ရင်ဖြင့်
ချိန်ရာသီ တစ်ခါသာပွင့်ဖူး
သြော် ပိတောက်ဦးမို့ဆို
ပျို ခူးလို့ ပန်ဆင်ရွယ်ချင် ❤◦.¸¸. ◦✿
ဖူးရာမှ ငုံရည်ဆင့်
ငုံရာမှ ပွင့်ဝေစီပြန်
ပင်ယံတွင် လျှမ်းပဝင့်ထည်
ဆင်တိုင်းဖြင့် တင့်စေရာကို
ပန်းဆင့်ဆင့် စီရီပွင့်တော့
လှမ်းလင့်လို့ ဘယ်မမီတယ်
တော်ဝင်သည် စံပန်းကိုဖြင့်
လူတိုင်းဖြင့် သက်မညှာပြီ
သူ့အကိုင်းကို ချိုးကာဖျက်လို့
အခက်ညှာသွယ် ပန်ဆင်ရယ်မှ
သူ့အလှစာ တင်ရွယ်လောက်သည့်
ပန်းပိတောက် ပျို အို သခင်ရယ် ❤◦.¸¸. ◦✿
ပန်းပိတောက်ဝါ ညိုရင့်စမ်းတော့
လမ်းတစ်လျှောက်မှာဖြင့်
ပန်းညှာကြွေ နွမ်းခြောက်ပါရင်
ခုနေခါ ရက်စက်ခြင်းဖြင့်
လူတကာမှ နင်းလို့ချေပြီ
ဝေချိန်မှာ ရနံ့ ကြိုင်သင်း
ကြွေချိန်ထိ သူ့ရနံမပြယ်တယ်
နောင်နှစ်ခါ အတာကျူးရင်
လတန်ခူးမီ အကြိုထောက်စေချင်
သင်္ကြန်အလှဖွဲ့ အခက်ဖြာဝေရန်
တစ်ရက်တာကို အလှဆင်မည့်ပန်း
ပန်ဆင်သူ မျှော်ရည်ကိုးရွယ်
သည်နွေအပူ အေးလာနိုးငယ်ဖြင့်
သင်္ကြန်မိုးနဲ့ ပြန်ခဲ့ကွယ် ❤◦.¸¸. ◦✿❤◦.¸¸. ◦✿
အတာသင်္ကြန်တောင်ရောက်တော့မယ်။ကဗျာလေးကကောင်းပါတယ်။ကျေးဇူးပါ။
My all friend is vote.Thank you so much.please,
အားပေးနေတယ်နော်။vote များများရပါစေ။
This post has received a 0.17 % upvote from @drotto thanks to: @banjo.