သူငယ်ချင်း တွေနဲ့ပြောဆိုရာမှာ
တစ်ဖက်သားသူ မျက်နှာကို
ထောက်ထားဆင်ခြင် အသိအမြင်နှင့်
ဉာဏ်ကိုရှေးရှုနှလုံးပြု၍
စာနာသနားလူအများကို
မေတ္တာသက်ဝင် ချစ်ခင်ပါမှ
အသင်လူသား ထိုသူများက
မေတ္တာဓာတ်မှန် အသွားအပြန်ဖြင့်
ကြည်လင်မေတ္တာဂရုဏာနှင့်
စောင်မဖေးရှုဂရုပြုကြပေမည်။
Photo credit google and facebook
Author @nyinyilwin
MSC 170
မေတ္တာ မေတ္တာ အခါခါအော်သော်လည်း ငါသာလူမိုက်ဂရုမစိုက် ဆိုသည့်လူကလည်း တိုး၍သာလာနေသည် မည်သို့မည်ပုံဖြစ်သည်တော့ မသိတော့ပေ