လူသားအားလုံး မွေးသည်မှစ၍ နောက်ဆုံးအချိန်ထိ အသက်ရှင်နေထိုင်ကြရသည်။ လူတို့၏ဘဝအစ အစောပိုင်းကာလသည် လူ့ဘဝအတွက် အရေးပါဆုံးဖြစ်သည်မှာ သိရှိကြပြီးဖြစ်ပေမည်။ သို့အတွက် လူကြီးမိဘ များက ထိုမျှတမျှအရေးကြီးလှသော ကလေးများကို စောင့်ရှောက်ရပေမည်။ ကလေးများကို ကောင်းမွန်သော လမ်းညွှန်မှုကိုသာ ပေးရမည်မှန်သော်လည်း တစ်ခါတစ်ရံ လိုအပ်သည့် စောက်ရှောက်မှုကို ပေးရန်မေ့လျော့နေသည်ကို တွေ့နေရသည်။ ခေတ်ကာလအရ သင်ယူရသည့်ပညာရပ်များကလည်း များပြားလှပေသည်။ ပညာရပ်များအပေါ်အခြေခံ၍ လူတို့ကလည်း တီထွင်ကြံဆလာကြပေသည်။ ထိုတီထွင်မှုများကို အသုံးချ၍ လူတို့သည် စားဝတ်နေရေးကိုဖြေရှင်းကြသည်။ ထိုမျှမက လူတို့၏ လိုအပ်ဆန္ဒသည် မရေမတွက်နိုင်အောင် များပြားလှသည့်အတွက် ဆန္ဒများပြည့်ဝရေး အတွက်နည်းပညာများကို အသုံးကြလာကြသည်။
နည်းပညာများကို ဆက်သွယ်ရေး သတင်းပြန်ကြားရေး ကျန်းမာရေး စသည့်ကိစ္စရပ်များ၌ အများအပြားအသုံး ပြုလာကြသည်။ သို့အတွက် ကောင်းကျိုးများရသလို မထင်မှတ်သည့် ဆိုးကျိုးများနှင့် ကြုံတွေ့ရတတ်သည်။
ယနေ့ခေတ်သည် ITခေတ်လို့ခေါ်သည့် ခေတ်ဆို၍ လူများကသတ်မှတ်ကြသည်ကိုတွေ့ရသည်။ Information and Technology ဆိုသည့်အတိုင်း ဆက်သွယ်ရေးကဏ္ဍသည် လူသားတို့အတွက် အရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်လာသည်။ ယခင်က ရေဒီယိုခေတ်မှ တဖြည်းဖြည်း ပြောင်းလဲလာ၍ လူအများ ဆက်သွယ်အသုံးပြုလာသည့် Hand Phone များ အဆင့်ထိ တိုးတက်လာပေသည်။ လူတိုင်း၏လက်တွင်ပင် ဖုန်းများသုံးဆွဲ နေကြသည်။ မသုံးဆွဲသူဟူ၍ မတွေ့ရသလောက်ပင်။ ခေတ်ကာလအရ ဖုန်းများကို သုံးဆွဲနေကြသော်လည်း အချို့သောမိဘများသည် မိမိတို့၏ ကလေးများကို မငိုအောင်၊ ငြိမ်ငြိမ်နေစေရန် ဆို၍ ကလေးများ၏ အသက်အရွယ်နှင့်မလိုက်အောင် ဖုန်းများကို ကလေးများ၏ လက်သို့ထည့်၍ သုံးဆွဲနေစေသည်ကို ပတ်ဝန်းကျင်တွင် နေ့စဉ်နှင့် အမျှတွေ့နေကြရသည်။ အခြားမဆိုထားနှင့် စာဖတ်သူပင်
ကလေးရှိပါက ထိုကဲ့သို့ပြုလုပ်နေမည်လားဟု တွေးဆမိသည်။ ☺ ☺ ☺ စတာဘာ☺ ☺ ☺ ။ မိဘများက အလုပ်နှင့်လုံးပန်းနေရ၍ ထိုကဲ့သို့ ပြုလုပ်နေကြသည်ဟု ယူဆမိပါသည်။ သို့တစေ မည်မျှပင် အလုပ်များသော်လည်း ထိုကဲ့သို့ မပြုလုပ်သင့်ပါဟု ယူဆမိပါသည်။
မိဘများအလုပ်များစေကာမူဖုန်းသုံးဆွဲမှုကိုကလေးများ သုံးဆွဲမှုကိုလျော့ချသင့်သည်။ ဖုန်းသည် ကလေးများမဆိုထားဘိနှင့် လူကြီးလူရွယ် အသက်ကြီးသူ များပင် အန္တရာယ် အကြီးမားဆုံးပေးတတ်သည်။ ဖုန်း ကိုအလွန်အကျွံ သုံးဆွဲမိခြင်းကြောင့် မျက်စိမကောင်းတော့သူများ အများအပြားပင်ရှိပေသည်။ မျက်မှန်တပ်ရသူအများလည်း ပေါလာသည်။ အချို့ဆို မျက်စိ ကွယ်သည်အထိပင် ဖြစ်ကြသည်ကို တွေ့ရသည်။ လူကြီးများ ဖြစ်သည်ပင် ဖုန်းသုံးဆွဲမှုများပါက မျက်စိကွယ်သည်အထိ အန္တရာယ်များလှသည်။ လူကြီးများ၏ မျက်စိ သည်ဆဲလ်များဖွံ့ဖြိုးပြီးဖြစ်သည်။ လူကြီးများ၏ မျက်စိ ဆဲလ်များသည် အတော်သည်ပင် ခံနိုင်ရည်စွမ်း ရှိကြသည်။ ထိုသို့ခံနိုင်ရည် အတော်အသင့်ရှိသော မျက်စိပင် အန္တရယ်ဖြစ်ကာမူ မျက်စိ ဆဲလ်များ ဖွံ့ဖြိုးစ နုနယ်လှသော ကလေးများ၏ မျက်စိဆဲလ်များသည် မည်သို့ခံနိုင်ရည် ရှိပါလိမ့်မည်နည်း။ တွေးဆကြည့်ပါ။
နောင်တစ်ချိန် အသက်ကလေးငယ်ငယ်နှင့် မျက်မှန် ကြီးကြီးတပ်ရသော ကလေးများဖြစ်လာပေမည်။ သတိပြုပါလေ။
ကလေးများ မျက်စိအန္တရယ် ဖြစ်သည်မှာ အသေးဆုံး အန္တရာယ်ဖြစ်သည်။ လွန်ခဲ့သော ရက်များစွာက. သတင်းတစ်ပုဒ်ကို မထင်မှတ်ဘဲ ဖတ်မိသည်။ သတင်း ကလူငယ်လေးတစ်ယောက် ဖုန်းသုံးဆွဲရာကနေ ဖုန်းက သုံးတာများတော့ အပူလွန်ကဲပြီး ပေါက်ကွဲကာ လက်တစ်ဖက်လုံး ပျက်စီးသွားသည်။ ထိုလူငယ်လေးဆို ဒုက္ခိတဘဝရောက်ရပေသည်။ ဤသည်မှာ ဖုန်း၏ ဆိုးကျိုးပင်တည်း။
နောက်သတင်းတစ်ပုဒ်တွင် ဖုန်းကို ဗိုက်ပေါ်တင်အိပ်ကာ မနက်ရောက်၍ သေဆုံးနေသည်ကို တွေ့ရသည်ဟူ၍ ဖတ်ရသည်။ ဖုန်းကြောင့်အသက်ဆုံးရသော ဖြစ်ရပ်ပင်တည်း။ ဖုန်းကြောင့် မီးလောင်သောဖြစ်ရပ်များကလည်း နေ့စဉ်နှင့်မျှ ကြားသိနေရသည်။ ဖုန်းတွင် ဆင်းကဒ်တပ်ဆင်အသုံးပြုပါက ဖုန်းမှထွက်လာသည့် ရေဒီယိုလှိုင်းများက လူတို့၏ ဦးနှောက်ကို အကြီးအကျယ် အန္တရယ်ပေးလှသည်။
ထိုမျှတမျှ အန္တရယ်များပြားသော ဖုန်းကို လူကြီးများက ကလေးများကို တတ်နိုင်သမျှ မသုံးဆွဲစေရန် သတိထား၍ ဆောင်ရွက်ပါလေ။ ကလေးများကို အခြားသောနည်းလမ်းများနှင့်သာ ချော့မြူပါလို့ အကြံပေးလိုက်ပါသည်။ ကလေးများ၏ ဘဝ သာယာချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Myanmar steemit မိသားစုအားလုံး ကျန်းမာချမ်းသာပါစေ။
Photo credit google image
Written by @nyinyilwin
MSC 170
Grate post , thanks for your advice.
I really like it , Bro !
Thanks bro
ကလေးတွေငြိမ်ပြီးရောဆိုပြီး ဖုန်းတွေပေးသုံးခြင်းကို
လူကြီးမိဘတွေအနေနဲ့ ရှောင်ရှားသင့်ပါတယ်
ဟုက်တယ်bro
ဟုက်တယ်bro
ဟုတ်တယ်bro ဖုန်းကကလေးတွေအတွက် အန္တရယ်ရှိပါတယ် ကျေးဇူးပါပဲ
ဟုက်တယ်ဗျ မပေါ့ဆသင့်ပါ
မှန်ပါတယ်ဗျာ
ဟုက်
သတိပြု ဆင်ခြင်သင့်ပါတယ်..
good post bro..
ဟုက်ကဲ့ပါ
မှန်ပါတယ်ဗျာ တချို့ တချို့သော မိဘတွေ ကလေးဘငိမ်တယ်ဆိုပြီ လွှတ်ထားပေးတတ်ကြပါတယ် အန္တရယ်တွေပါဗျာ
ဟုက်တယ်ဗျ ပတ်ဝန်းကျင်က လူတွေကို ပြောတယ် နားမထောင်ဘူး
သတိပြုသင့်တဲ့ အကြောင်းတစ်ခုပါပဲ ။
အားပေးလျှက်
ဟုက်ပါတယ်
ကျေးဇူးပါ
Good
Thanks
ဟုတ်တယ်ဘရို…limited ထားမှ အဆင်ပြေမယ်…
လူကြီးတွေတောင် limit ထားသင့်တယ်ဗျ
မှတ်သားထိုက်ပါတယ် မောင်လေးရေ
ကျေးဇူးပါ မဆု
ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်လေးတွေတတ်နေကြတယ်
ခုခေတ်ပိုပေါလာပြီ
ကောင်းပါတယ်ညီ
ဟုက် ကျေးဇူးပါ
Thank a lot for shairing your knowledges.
Thanks
ကောင်းပါတယ် အကိုရေ
Thanks
Thank you @nyinyilwin for making a transfer to me for an upvote of 0.51% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?