သက်ရှိသတ္တဝါမှန်သမျှ မွေးဖွားပြီး တစ်နေ့သေဆုံးကြ မည်မှာဧကန်ပင်။ သတ္တဝါဟူသမျ သေဆုံးမည့်အချိန် သို့တနည်း သက်တမ်းကုန်မည့်အချိန်ရောက်မှသာ သေဆုံးကြရသည်သာဖြစ်၏။ သက်တမ်းကုန်ဆုံးသော်လည်း သေရမည့်ကံမပါဘဲ ကံကောင်းသေးပါက မသေဆုံးသေးပဲ အသက်ရှင်ကြရသည်။ အချို့မူ သက်တမ်းမကုန်သေးပဲ ကောင်းကံကုန်၍ သေဆုံးကြရသည်။ သို့အတွက် သက်တမ်းလည်းမကုန် ကံလည်းမကုန်သေးသ၍ လူသားတို့အသက်ရှင်နေထိုင်ကြရသည်။ အသက်ရှင်နေခိုက် လူမှု့ရေးရာအဖြာဖြာကို ဆောင်ရွက်ကြရသည်။ လူ့ဘဝကောင်းစွာ ရပ်တည်ရှင်သန်ရန်အတွက် ကိစ္စရေးရာအဖြာဖြာကို အကောင်းဆုံးဆောင်ရွက်ကြပေသည်။ မိသားစု၏ စားဝတ်နေရေး ပြေလည်ရေးအတွက် လုပ်ငန်းကိစ္စအဝဝကို လုပ်ဆောင်ကြသည်။ စားဝတ်နေရေး ပြေလည်စေရုံမျှသာမက အဆင့်အတန်းမြင့်မြင့်နေနိုင်ရန်အတွက် ကြိုးစားအားထုတ်နေကြသူများမှာရည်မှန်းချက်ကောင်းလှပေသည်။
မိသားစု၏ ကိစ္စအဝဝကို ပြေလည်အောင်ဖြေရှင်းနေရုံနှင့်မပြီး။ အခြားသူများ၏ ကိစ္စများကိုလည်း တတ်စွမ်းသမျှဖြေရှင်းပေးကြရပေမည်။ လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း တစ်မိသားစုတည်း ရပ်တည်၍မရပေ။ အများနှင့်အတူတူ နေထိုင်ကြရပေသည်။ သို့မှသာ လူသားဆန်သောလူတစ်ဦးဖြစ်ပေမည်။ တစ်ဦးတစ်ယောက်တည်း သီးသန့်နေ၍ ရကောင်းရနိုင်သည်။ ရပ်တည်၍ရလျင်လည်း တစ်ရာမှာတစ်ယောက်သာဖြစ်ပေလိမ့်မည်။ လူအများကမူ တစ်ဦးတစ်ယောက်တည်းမနေလိုကြပေ။ နေရန်ခက်ခဲသောကြောင့်ဖြစ်သည်။ လူအများနှင့်ဆက်ဆံနေထိုင်ကြရသည်။ တစ်နည်းဆိုရပါမူ ပတ်ဝန်းကျင်နှင့်ဆက်ဆံနေကြရသည်သာဖြစ်သည်။ လူသားတိုင်းပတ်ဝန်းကျင်နှင့်မကင်းနိုင်ပေ။ ပတ်ဝန်းကျင်မှလူများ မိမိအပေါ်မည်သို့မည်ပုံ သဘောထားကြသည်ကို အခြားသူများထံမှသိကြရသည်။ အခြားသူများထံမှဆိုရာတွင် အနီးစပ်ဆုံး မိမိ၏ မိတ်ဆွေဟုခေါ်သည့် သူငယ်ချင်းများထံမှတစ်ဆင့်ကြားသိရပေသည်။ ထို့အပြင် မိမိကို မချစ်မနှစ်သက်သောသူများ ထံမှလည်းသိရသည်။
မိတ်ဆွေသာမက မိမိကိုမနှစ်သက်သောသူများထံမှ လည်းမိမိ၏ သတင်းကိုကြားသိရပေသည်။ ဤနေရာတွင် ကွဲပြားချက်အနည်းငယ်ရှိသည်။ မိတ်ဆွေ မပီသသည့်သူများကလည်း မိတ်ဆွေယောင်ဆောင်ကာ မိမိအနားတွင် ရှိနေတတ်ကြသည်။ သတိထားပါလေ။ မိတ်ဆွေယောင်သည် မိမိကိုမနှစ်သက်သောသူဟု ဆို၍ရနိုင်သည်။ မိမိသတင်းသာမက အခြားသော အကြောင်းအရာများကိုလည်း နားစွင့်ထားသင့်သည်။ အကြောင်းအရာများထဲမှ အချို့အကြောင်းအရာများကို မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုသည်ကို အဖြေရှာသင့်သည်။ မိတ်ဆွေသူငယ်ချင်းသည် အကောင်းဆုံးတိုင်ပင်ဖော် တိုင်ပင်ဖက်ပင်ဖြစ်သည်။ လုပ်ငန်များကို ဆောင်ရွက်တော့မည်ဆိုလျင်လည်း မိမိ၏ သူငယ်ချင်းများနှင့်တိုင်ပင်သင့်သည်။ သူတို့၏ အထင်အမြင်နှင့် အတွေ့အကြုံတို့ကို ယူ၍ ဆောင်ရွက်လျင် လုပ်ငန်းပို၍ အောင်မြင်ပေလိမ့်မည်။ မိတ်ဆွေသူငယ်ချင်းများနှင့် လုပ်ငန်းကိစ္စကို တိုင်ပင်မည်ဆိုပါကလည်း မိတ်ဆွေအားလုံးနှင့်တိုင်ပင်ပါလေ။ သို့ရာတွင် မိမိဆောင်ရွက်မည့် လုပ်ငန်းနှင့်ရင်းနီးသူ အတွေ့အကြုံရှိသူ၏ အကြံဥာဏ်ကို ဦးစားပေး၍ အကြံဥာဏ်ယူသင့်သည်။သူငယ်ချင်း၏ အကြံဥာဏ်ကို အလေးထားသလို သူငယ်ချင်းကိုလည်း မိမိဘဝကဲ့သို့ တန်ဖိုးထားသင့်သည်။
မိတ်ဆွေစစ်၏ အကြံဥာဏ်ကိုယူ၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ဆောင်ရွက်သူသာမက အကြံဥာဏ်ပေးသည့် သူငယ်ချင်းများကပါ ဝိုင်း၍ ပျော်ရွှင်ကြပေမည်။ မိမိလုပ်ငန်းအောင်မြင်ပါကလည်း သူငယ်ချင်းများကို ပြုစုသင့်သည်။ မိမိအသိစိတ်နှင့်ဆောင်ရွက်ပါလေ။ မိမိအောင်မြင်စေရန် အကြံပေးသူများ၏ ကျေးဇူးများကိုလည်း မမေ့ပါနှင့် တစ်ချိန်ချိန်မှာ ပြန်ဆပ်ပါလေ။ မိတ်ဆွေသူငယ်ချင်းများက သူတို့၏ အကြံ ဥာဏ်အတွက် မိမိထံမှမည်သည်ကိုမျှ မျှော်လင့်ထားမည်မဟုက်ပေ။ သို့အတွက် မိမိကူညီနိုင်သည်များရှိခဲ့သော် ချက်ချင်းပြန်၍ ကူညီလိုက်ပါ။ မိမိ၏ အလုပ်ကိုသာအာရုံစိုက်မနေပါနှင့်။ မိတ်ဆွေများ၏ လုပ်ငန်းများပေါ်တွင်လည်း စိတ်ဝင်စားသင့်သည်။ သို့မှသာ မိတ်ဆွေသူငယ်ချင်းမှ မိမိအကူလိုသည်မလိုသည်ကို သိရပေမည်။ တစ်ခါတစ်ရံ သူငယ်ချင်းများက အကူအညီလိုသော်လည်း အားနာ၍မတောင်းပဲ နေတတ်သည်။ ထိုအချိန်မျိုးတွင် မိမိသည် သူငယ်ချင်း၏ လုပ်ငန်းအပေါ် စိတ်ဝင်စားမှု လေ့လာနေမှုရှိပါက အကူအညီကို သူမတောင်းပဲ အလိုက်သင့်ပေးနိုင်ပေမည်။ မိတ်ဆွေ၊သူငယ်ချင်းနှင့် လက်တွဲကြာရှည်ရန် သူငယ်ချင်း၏ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိခြင်း သို့မဟုက် လေ့လာသုံးသပ်၍ အကူအညီပေးခြင်းသည် အရေးကြီးသောအချက်ပင်ဖြစ်သည်။ ဤအချက်ကို လူအများက ဂရုမပြုကြပေ။ မိမိမှပေးလိုက်သော အကူအညီသည် မည်မျှပင်သေးငယ်သော်လည်း ကူညီခံရသောမိတ်ဆွေသူငယ်ချင်းအတွက် ခွန်အားဖြစ်စေနိုင်သည်။ မိမိအပေါ်ကို ပို၍ အလေးထားလာမည်ဖြစ်ပေသည်။
Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါစေ
Photo credit by google image
Written by @nyinyilwin
MSC 170
စာလေးတွေကောင်းတယ်ညီရေ
ကျေးဇူးပါ bro
ဂရုတစိုက်ကူညီပါမယ်bro
သေချာကူညီပါ
အရေးအသားကောင်းပါ့ဗျာ
Bro ကိုမှီသေးပါဘူး☺ ☺
မိတ်ဆွေကောင်းတစ်ယောက်ရဖို့ ဆိုတာ တကယ်ခက်ပါတယ်
မှန်ပါ့ဘုရား
ရှိပြီးသား မိတ်ဆွေကောင်းတွေ မဆုံးရှုံးဖို့လည်း ကြိုးစားပါ့မယ် အစ်ကိုရေ
ဟုက်ကဲ့
အရေးအသားတွေတိုးတက်လာပြီ 😃
ဟဲဟဲ ကျေးဇူး
သူငယ်ချင်းအပေါ်ထားရှိအပ်သော စိတ်စေတနာလေးပါ
ထားရှိဖို့လိုအပ်နေကြတယ်
good post လေးပါရှင့်
ကျေးဇူးပါ
သူငယ်ချင်းကောင်းရင်ဆွမျိုးထက်ကောင်းတယ်ညီလေးရေ။
ဟုက်တယ်ဗျ
မိတ်ဆွေကောင်း အရေးလဲကောင်း
ကျေးဇူးပါ ဘဘ
တကယ်တော့ ရှားပါးလာပါပြီ ရှာလို့ကိုမတွေ့နိုင်တော့လောက်အောင်ပဲ
ခေတ်ကာလက ပိုဆိုးလာတယ်
တဦးနဲ့တဦး အပြန်အလှန်ကူညီရင်း မိတ်ဆွေကောင်းတွေပီသအောင်နေထိုင်သွားနိုင်ရင်ကောင်းတာပေါ့ဗျာ...
ဟုက်တယ်ဗျ
your writing is very good ပါ
Double languages ပေါ့မမ
မိတ်ကောင်းဆွေကောင်းရဖို့အလွန်ခက်ခဲပါတယ်
မိတ်ဆွေ ကောင်း ရှားတယ်
စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်ရဖို့ ဆိုတာ တကယ်ခဲယဉ်းတယ်။
...
Yes
မိတ်ဆွေစစ်ရှားတော့ ရှာရခက်ပါတယ်
ဟုက်တယ်ဗျ
မိတ်ဆွေသူငယ်ချင်းတွေကောင်းတာမကောင်းတာကကိုယ့်အပေါ်မှာအမျာကြီးသက်ရောက်တယ်။
Sure
မိတ်ဆွေကောင်း မိတ်ဆွေစစ် များများရှိချင်ပါတယ်ဗျာ
အတုအယောင်တွေက အများသားဗျ
ဟုက်ပါ့ဗျာ
Good bro
Thank you nyinyilwin for making a transfer to me for an upvote of 1.25% on this post!
Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!
The other half helps holders of Steem power earn about 60% APR on a delegation to me!
For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?
To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?