ယခင်အပိုင်းများအား ဖတ်ရှုလိုပါကဤနေရာကိုနှိပ်ပါ-အပိုင်း၁
ယခင်အပိုင်းများအား ဖတ်ရှုလိုပါကဤနေရာကိုနှိပ်ပါ-အပိုင်း၂
“ အမတ်ကြီးကွီးရွှေနှင့် တရုတ်ပြည်မှ အရှုတ်တော်ပုံ(၂)သိမ်း ”
ယခင်အပိုင်းမှ စာမြည်း>>> ဤတွင် အမတ်ကြီးကွီးရွှေ၏ လျို့ဝှက် အနိုင်ယူလိုက်သော ပစ္စည်းသည် မည်သို့သောအရာဖြစ်လေသည်ကို ရှင်ဘုရင်နှင့်တကွ ပရိသတ်မှာ သိလိုလှသဖြင့် အမတ်ကြီး ကွီးရွှေနံဘေးသို့ ၀ိုင်းကာမေးကြလေတော့သည်။ >>>
အမတ်ကြီးကွီးရွှေ၏ လျို့ဝှက် အနိုင်ယူလိုက်သော ပစ္စည်းသည် မည်သို့သော အရာဖြစ်လေသည်ကို ရှင်ဘုရင်နှင့်တကွ ပရိသတ်မှာ သိလိုလှသဖြင့် နန်းရင်ပြင်တွင် စုရုံးကြပီးသကာလ အမတ်ကြီးကွီးရွှေ၏ ရှင်းလင်းချက်ကို ငံ့လင့်နေကြလေတော့သည်။ ထိုသို့နှယ် ဘောပွဲကစားပီးလျင် နည်းပြမှ မည်သို့မည်ပုံအနိုင်ရရှိသည့်အကြောင်း သတင်းစာရှင်းလင်းပွဲပြုသကဲ့သို့ အမတ်ကြီးကွီးရွှေသည်လည်း ဥာဏ်နီဥာဏ်နက် ရှင်းလင်းပွဲကို ပြုလုပ်ရလေတော့သည်။ “အမတ်ကြီးရယ် လင်းစမ်းပါအုန်း တရုတ်တွေ လက်ဖျားခါသွားရလောက်အောင် မောင်မင်းရဲ့ မင်းချင်းက မည်သို့သော အံ့ဖွယ် အစွမ်းတွေ ရက်လုပ်ပြလိုက်လေသလဲ”။
“မှန်လှပါ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးကြီး၊ တစ်ရက်နှင့်တစ်ညတိုင်တိုင် တရုတ်တို့အား အနိုင်ရနိုင်သည့် နည်းလမ်းကို ရှာဖွေမတွေ့နိုင် ဖြစ်နေရပါသည်ဘုရား၊ ထိုနောက်တွင်တော့ လက်မှိုင်ချကာ ပက်လက်ကုလားထိုင်တွင် ထိုင်နေမိစဉ် အနီးအနား မှ အုန်းပင်ထိပ်ဖျားတွင်ရှိ တွဲလောင်းကျနေသော စာဗူးတောင်းသိုက်များကို မြင်တွေ့ရ ပါသည်ဘုရား” “ဤတွင် ကျွန်တော်မျိုး၏ ပြဿနာကို ဖြေရှင်းနိုင်သော အဖြေကိုရရှိလိုက် ပါသည်ဘုရား၊ စာဘူးတောင်းကဲ့သို့ ပစ္စည်းကိုသာ လုပ်ပြနိုင်ခဲ့လျင်၊ တရုတ်တို့၏ အံ့ဖွယ်ပညာရှင် သည်လည်း လက်မှိုင်ချရမည်သာ ဖြစ်သဖြင့် ထိုစာဗူးတောင်းသိုက်ဖြင့် လှည့်ဖျားအနိုင်ယူမည်ဟု ကြံစည်မိပါသည်ဘုရား၊ သို့သော်--- ” “ဟဲ့ အမတ်ကြီးရဲ့ အဖြေကို သိချင်လှပါပီဆိုမှပဲ အသင်က ဆီးအောင့်တဲ့လူနာလို ဆန့်ငင်ဆန့်ငင်ဖြစ်အောင် သို့သော်နေသေးတယ် ဆက်တင်လျောက်လကွယ်” “မှန်ပါဘုရား ၊ ကျွန်တော်မျိုးလည်း အစောင့်မင်းချင်းကို အုန်းပင်ထက်တက်ကာ စာဗူးတောင်းသိုက်ကို ရယူရန်၊ ခိုင်းစေခဲ့ ပါသည်ဘုရား၊ ကံဆိုးသည်မှာ စာဗူးတောင်းသိုက်ကို တက်ယူသော မင်းချင်းမှာ အိပ်ချင် မူးတူးဖြစ်နေသဖြင့် ခြေချော်လက်ချော်ဖြစ်ကာ အုန်းပင်တက်ရာမှ မြေသို့သက်ကျ ပါသည်ဘုရား” “ဟယ် မထိတ်သာ မလန့်သာဖြစ်ရတယ်၊ သို့ကလိုဖြင့် စာဗူးတောင်းသိုက် မရလေဘူးဆို မည်သို့ဆက်လုပ်လေသလဲ အမတ်ကြီးရဲ့”။
“မှန်ပါ လျောက်တင်ပါသည်ဘုရား၊ ကျွန်တော်မျိုးလဲ ပြိုင်ပွဲအချိန်နီးကပ်လာလေသည်ကို အရှင့်မောင်းခတ်ကြေငြာသံဖြင့် သိရပါသည်ဘုရား၊ သို့ကလိုဖြစ်မှုကြောင့် အချိန်ခဏ ဆိုင်းပေးရန် လူလွှတ်အကြောင်းကြား ရပါသည်ဘုရား။”
စာဗူးတောင်းသိုက်
Credit Image Source
“ထိုမှတစ်ဖန် ကြံမိကြံရာအကြံ ထုတ်လျက် စာဗူးတောင်းကဲ့သို့ အလားသဏ္ဍာန်တူသော ပစ္စည်းကို ရှာဖွေရတော့သည်ဘုရား။ အရေးရယ် အကြောင်းရယ်ဆိုလျင်ဖြင့် ဦးဏှောက် တွေကလဲပူ၊ ဦးခေါင်းကလဲပူ ဖြစ်နေသောကြောင့် တော်တော်နှင့် အဖြေမရပါဘူးဘုရား၊ ဒီတစ်ခါတော့ ကိုယ်ကျိုးနဲ ရော့မည်၊ အဖြေသိပါလျက် ပစ္စည်းကို မဆောင်ယူနိုင်လျင်ဖြင့် တိုင်းပြည့်အရေး မတွေးရက်နိုင်လေသဖြင့် ပြာယာတခတ် ဗြာပါဒများနေရပါသည်ဘုရားး”။ “အိမ်း- ဟုတ်ပေမှာပဲ အမတ်ကြီး၊ သို့ကလိုဖြင့် မည်သည့်နည်းဖြင့် စာဗူးတောင်းနှင့် အလားသဏ္ဍန်တူသော ပစ္စည်းကို ရရှိခဲ့လေသနည်း၊ ရှင်းပြပါအုန်း အမတ်ကြီး”။ “မှန်ပါ့ဘုရား၊ ဘုန်းတော်ကြောင့် ကယ်မသူပေါ်လာပါတယ်ဘုရား၊ ကျွန်တော်မျိုး၏ အိမ်သူသက်ထား ဇနီးမယားအလှကညာလေးက ကျွန်တော်မျိုးကြီးတစ်ယောက် ပူပန် ယောက်ယက်ခတ် နေသည်ကို မြင်တွေ့သိရှိနေပါ၍ အတွေးပူကို ဖေးကူကာ အကြံဥာဏ် ပေးလာပါသည်ဘုရား”။
သပွတ်အူသီးအခြောက်
Credit Image Source
“အိမ်း ကောင်းပေစွ၊ ကောင်းပေစွ၊ ဆက်ပါအုန်းအမတ်ကြီး”။ “မှန်ပါဘုရာ့၊ အိမ်ရှင်မသက်ထားကလျာ အကြံဥာဏ်ပေးလာသည်မှာကား မီးဖိုချောင်တွင် နေ့စဉ် အသုံးပြုနေသော အိုးတိုက်၊ ခွက်တိုက်၊ သန့်ရှင်းရေးလုပ်နေသည့် သပွတ်အူလေးကို ယူလာပြီးသကာလ ဒီဟာလေးဆိုလျင် စာဗူးတောင်းနဲ့ မတူဘူးလား အမတ်ကြီးရဲ့လို့၊ အကြံဥာဏ် ပေးလာခဲ့ပါသည်ဘုရား”။ “ထို့နောက်တွင်တော့ အရှင်ဘုရားတို့ မြင်တော်မူ သည့် သပွတ်အူလေးကို ခါးပုံအိတ်တွင် ကွယ်ဖွက်၍ ယူဆောင်ခဲ့ပါသည်ဘုရား၊ ထို့နောက်တော့ ပြိုင်ပွဲဝင်မည့် လူယုံမင်းချင်းကို လျို့ဝှက်အမှာပြုကာ ပေးလိုက်ပါသည် ဘုရား၊ ဟောဒီ “သပွတ်အူ”လေးကို ရှုစားတော်မူပါဘုရာ့”။
သပွတ်အူ
Credit Image Source
“အလိုကွယ် တယ်လဲတတ်နိုင်တဲ့ အာဂလူပါပေတကား၊ စာဗူးတောင်းမရလေသဖြင့် သပွတ်အူကို ယူဆောင်လာပီး တရုတ်လူလည်တွေကို နှပ်ချလိုက်တာကတော့ ဥာဏ်များလှသကွယ်၊ ဒီတစ်ကြိမ်လည်း မောင်မင်းကွီးရွှေ၏ ဥာဏ်နီဥာဏ်နက်က ငါတို့စတင်းရွှေနန်းတော်ကို အသက်ကယ်လိုက်ပြန်ပေပီတကား၊ အမိန့်တော်မှတ်မည် နာခံကြကုန်လော့” “အမတ်ကြီးကွီးရွှေနှင့် ကူညီဆောင်ရွက်ပေးသူမင်းချင်းတို့အား ရတနာထောင်ထုပ်ကို ပေးသနားတော်မူမည်။ ထပ်မံကာ အထူးဆုအနေနှင့် အမတ်ကြီး ကွီးရွှေအား ကျွန်ုပ်ရရှိသမျှ တစ်ပတ်စာသော အက်စ်ဘီဒီတို့အား ပေးသနားတော်မူမည်--အမိန့်တော်--” ထို့နောက်ထို့နောက်တွင်တော့ ထုံးစံအတိုင်း နောက်တော်ပါ ၀န်မင်းဗိုလ်ပါများ၏ အစဉ်လာမပျက် ချီးမွမ်းလိုက်ကြသည်ကား “မှန်လှပါ သင့်မြတ်လှကြောင်းပါဘုရား”။
ဤတွင် အမတ်ကြီးကွီးရွှေ၏ တစ်ခန်းရပ်ပြဇာတ်သည် နိတ္ထိတန်ပါလေသတည်း။ ကိုင်းရွာစား ရေကင်းသံပေးကာ ကားလိပ်ချ။ ။
Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 9း00 PM (2.7.2018)
သူများတွေများရေးတပ်လိုက်တာ လွန်ရော
အဟေး ရေးတတ်သလောက်လေး ကြိုးစားရေးထားတာပါဗျာ။ အားပေးတာကျေးဇူးပါဗျ။
ဟိဟိ စာဗူးတောင်းက သပွတ်သီးတဲ့ ဘဘက😃😃😃
မျက်လှည့်ပြတာလေ ဟိဟိ။
ရေးလည်းရေးတတ်တယ် ဖတ်လို့လည်းကောင်းပါပေတယ်
ဟုတ်ကဲ့ဗျာ လာရောက်အားပေးတာကို ၀မ်းသာပါတယ်ဗျ။
ဘဘ😍😍😍
အေး သမီးလေး လာလည်တယ်ပေါ့။
အရမ်းကောင်း
ဟုတ်ကဲ့ ကိုမောင်မောင်လတ်ရေ ကျေးဇူးပါဗျာ။
အဟီး😁😁 မယ်ကြည့်လဲ sbd လေ နဲနဲ ပေးသနားပါဖျာ့😁
နောက်အပိုင်းတွေကြ မယ် ကြည့်ကို မင်းသမီးတင်ပီး စာရေးအုန်းမယ်။ အဲဒီကျတော့ အက်စ်ဘီဒီတွေ ရမှာပေါ့လေ။
တော်ပါပေတယ်
ခုလို လာရောက်ချီးကျူးပေးတာ ၀မ်းသာပိတိဖြစ်ရပါတယ်ဗျာ။
သပွတ်အူနဲ့ မှ သွားတွေ့ သကိုး
ဟီးဟုတ်တယ် ကြံဖန်ရေးထားတာ။
ဆုရတဲ့sbdတွေ လာလုမယ်😂😂
လုပ်ရဘူးလေ ကိုအောင်ကြီးကလဲ အဟီး။
စာဗူးတောင်းအစား
သပွတ်အူယူလာပြီး ကျီစယ်လိုက်လေသပေါ့
ကိုကြီးကွီးရေ😁😁
ဟုတ်ပဗျာ ဇာတ်လမ်းကို လိမ်လည်လှည့်ဖျားရေးဘို့ ကြံဖန်ရေးထားတာပါဗျာ။
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks You.
ဟဟာားး
လှောင်ထာလား ဟားတာလားဗျ။
မဆိုးလှကြောင်းပါ
အော်... ဒါကြောင့်လည်း အမတ်ကြီး ကွီးရွှေ ကွီးရွှေနဲ့ နာမည်ဂုဏ်သတင်း ကျော်ဇောနေတာကိုး... ။ ရေးတတ်လိုက်တာဗျာ..။
လာရောက်အားပေးတာ ကျေးဇူးပါဗျာ။ ပြောသလောက်ကြီးမဟုတ်သေးပါဘူးဗျာ နဲနဲပါးပါး ရေးတတ်တာပါ။