ဘာရယ်တော့မဟုတ်ဘူး..စကားလုံးကတော့...ထွားတယ်။လေသံကလဲ...မာတယ်။ပြောနေကျ...စကားတစ်ခွန်းလဲ ဖြစ်တယ်။"ကြိုးစားနေတယ်"ဆိုတဲ့ စကားလုံးတစ်စုပါပဲ။
တစ်ခုခု အဆင်မပြေခဲ့သော်လည်းကောင်း၊ အကြောင်းတစ်စုံတရာမှာ ဖော်ပြချင်သော်လည်ကောင်း "ကြိုးစားနေတယ်"ဆိုတဲ့ စကားလုံးတစ်စုကို တေယ်တော်များများ လူသားတွေ ပြောဆိုလေ့ရှိပါတယ်။
လက်တွေ့ဘဝနဲ့ အလုပ်နဲ့တော့ ကွာဟမှု့တော့ ရှိနိုင်ပါတယ်။ သို့ပေမယ့် ခွန်အ ၊ညဏ်အားတို့ကို ခြုံလုံ၍ အဓိပ္ပါယ် ချုပ်ဖွဲ့ဆိုထားခြင်းဖြစ်တယ်။ ထိုသို ပြောဆိုခြင်းနဲ့အတူ အမှန်တကယ်ကြိုးစားဖို့လိုအပ်ပါတယ်။
ပါးစပ်နဲ့တင် ကြိုးစားနေပါကြောင်း အော်ဟစ်ပြောဆိုနေလို့လဲ မပြီးလှသေးပါဘူး။ လူများအကြားတွင် ကြားမိသူအဖို့ "အော် တော်တော်ကြိုးစားတဲ့ လူတော်လေးလို့"ထင်မိကောင်းထင်မိတဲ့သူတွေ ရှိနေပါလိမ့်မယ်။
အမှန်တကယ်တော့ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခု တွင် အလုပ်နယ်ပယ် တွင်လည်းကောင်း၊ပတ်ဝန်ချင်မိသားစုအနေတွင်လည်းကောင်းရှိ လူသူများကသာ ကြိုးစားတယ် ၊မကြိုးစားဘူးဆိုတာ သူတို့ကသာ ဆုံးဖြတ်ပေးပါလိမ့်မယ်။
မိမိမှာ လက်ရှိအလုပ်ကနေ တိုးတက်ခဲ့၊မိမိပတ်ဝန်းကျင်ကနေ တိုးတက်ခဲ့သာလျှင် မိမိပြောဆိုသော "ကြိုးစားနေပါတယ်"ဟူသော စကားလုံးနဲ့ ကိုက်ညီပါလိမ့်မည်။
ထိုသို့မဟုတ်လျှင် လေပေါ်တွင်သာ ထိုစကားပျောက်၍ လိုရာခရီးသွားနိုင်မည်မဟုတ်ပါ။အဘယ်ကြောင့်ဆိုသော် လူ့ဘဝသည် ရှည်လျားသည်။
" ငှက်သည် ပျံရင်းနဲ့ သေရသကဲ့သို့
လူသားသည်လဲ ကြံရင်းနဲ့ သေဆုံးရ၏"
ဆိုပြီး ဆိုရိုးစကားက နယ်ပယ်အနှံ့တွင် သိရှိကြားဖူးနေခဲ့သည်ဖြစ်သည်။မှန်ပါပေသည်။ငှက်သည် လေထဲတွင်ပျံသန်းရသော သတ္တဝါဖြစ်လေ၏။
ကျွနုပ်တို့ကမူ မြေကြီးကမ္ဘာမဟုတ် လေကမ္ဘာ အစစ ရှိသဖြင့် ရှင်သန်လှုပ်ရှားနေရသည်။ထို့ကြားထဲတွင် ကျင့်ဝတ်အမျိုးအမျိုးနဲ့တူ ဖြတ်သန်းရှင်သန်နေရသည်။ထိုသို့ရှင်သန်ဖို့အတွက် ခွန်းအား၊ညဏ်၊ဝရီယ၊ကံဆိုပြီး ရှိနေရမည်။
ထိုမှသာ လူ့ဘဝသည် တင့်တယ်ပေလိမ့်မည်။
အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။
@onlinelover
ကြိုးစား
ကြိုးစား
ဖိုက်တင်း 😃
ဟုဟု
To get upvote from @wafrica, the post needs at least 300 characters! Please describe your work in detail ;-)
To get upvote from @artzone, the post needs at least 108 characters! We understand great art speaks for itself, so we kept the word count low