ပတ်ဝန်းကျင်ကောင်းလေး တစ်ခုကိုအကြောင်းပြုပြီး
လူတွေတော်တော်များများဟာ ကောင်းသွားကြတယ်
ကောင်းသထက်ကောင်းသွားကြတယ်။
လူတွေအများကြီး ကောင်းသွားအောင် စွန်းဆောင်ပေးနိုင်တဲ့
ပတ်ဝန်းကျင်ကောင်းဆိုတာ ဘယ်သူကများ ဖန်ဆင်းပေပါလိမ့်
လူကောင်းတစ်ယောက်ဆိုတာ ပတ်ဝန်းကျင်ကောင်းတွေကို
ဖန်ဆင်းပေးနိုင်တယ် သူတော်ကောင်းကြီးများ ဖန်ဆင်းလိုက်တဲ့ အဆုံးအမ စကားတွေဟာ
လူအများအတွက် ပတ်ဝန်းကျင်ကောင်းတွေပါပဲ။
ဒါကြောင့် ဆရာသမားများရဲ့ အဆုံးမတွေကို ခံယူပြီး အသိပေး စကားစုတွေကို ဖန်ဆင်းကြည့်တာပါ။ ။
(၁)
ယုံကြည်မူနဲ့
အမှန်တရားကြားမှာ
တရားသဖြင့်ဆိုတဲ့
စိတ်ကောင်းကလေး
ရှိနေပါတယ်။ ။
(၂)
အခွင့်အရေးရဲ့အရသာ
အလုပ်ရဲ့ အရသာ
ဘယ်အရသာက ကောင်းသလဲ?
အလုပ်အရသာကို
ခံစားတတ်ရင်
အခွင့်အရေးအရသာ
ပြည့်စုံတယ်။
(၃)
လူကိုယုံလို့ 
ပုံအပ်ခဲ့ပြီးပြီ
ရွှေကိုယုံလို့
စီးပွားရှာခဲ့ပြီးပြီ
ရတနာသုံးပါးကို
ယုံကြည်လို
ပုံအပ်ပြီုပြီလား?
(၄)
"ရှေ့ကိုတိုးဖို့ 
နောက်ကိုဆုတ်တယ်"တဲ့
အဲဒါက"ဆင်"
ကောင်းတာဆို"ရှေ့တိုး"
မကောင်းတာဆို "နောက်ဆုတ်"
အဲဒါ"လူ"။
(၅)
အများတကာရဲ့ ရှေမှာ
ထုတ်ပြောရဲတဲ့
အတွေးကိုပဲ
စဉ်းစားတော့မယ်။
(၆)
အရင်က စိတ်မျိုးနဲ့ ဆို
မလွယ်ဘူး
မနည်းသည်းခံနေတာ
ကိုယ့်စိတ်ကို
လွှတ်လိုက်ချင်ပြီ။
(၇)
သူကြောင့်
ဝမ်းသာခဲ့ဖူးပြီ
သူကြောင့်
ခံစားခဲ့ဖူးပြီ
ဝမ်းသာရတာ
ခံစားရတာ
ပင်ပန်းလှပါပြီ ။
(၈)
မုန်းလောက်အောင်
ကြိုးစားလိုက်စမ်းပါ
ပျင်းတဲ့သူတွေက
မုန်းချင်သလောက်
မုန်းစမ်းပါစေ။
(၉)
ရက်ရက်စက်စက်
ရိုးသားလိုက်စမ်းပါ
ဒီရက်စက်မှုမျိုးကို
သူတော်ကောင်းတွေက
မြတ်နိုးပါတယ်။
(၁၀)
မင်းမရှိလည်းဖြစ်တယ်
"သူ"မရှိလည်းဖြစ်တယ်
"ငါ" မရှိလည်းဖြစ်တယ်
"ဘာမျှ"မရှိလည်းဖြစ်တယ်။
(၁၁)
မိုက်မဲတယ်ဆိုတာ
မိုက် လွန်လွန်းအားကြီးလို့
ကြုံတာလေးတစ်ခုတည်းကို
မဲ နေတာ။
(၁၂)
ပိုင်ထား ရထား
သမျှတွေဟာ
ကြိုက်လို့ 
ရတယ်မထင်နဲ့ 
ကြုံလို
ရတာတွေပါ။
(၁၃)
ကောင်းတဲ့အလုပ်
ကုသိုလ်ဆိုတာ
နေရာတိုင်ုမှာ
အချိန်တိုင်းမှာ
ရှိနေပါတယ်
ရအောင်ယူလိုက်ပါ။
(၁၄)
မီးဟုန်းဟုန်ုး
တောက်တာက
မီးစမီးပွားလေုကြောင့်ပါ
ဒေါသမီးစ
မထားပါနဲ့ ။
(၁၅)
လောကကို
မကျေနပ်လို့ 
အပြစ်မတင်နဲ့ 
နေတတ်ရင်
ကျေနပ်စရာပါ။
(၁၆)
သိလျှက်နဲ့ 
ဆိုးနေတဲ့သူကို
သိအောင်ထက်ပြီး
မပြောဝံ့တော့ဘူး
အမှန်သိစမ်းပါ။
(၁၇)
အရွဲ့ မတိုက်နဲ
ကိုယ်ဘဲ
ရွဲ့ သွားမယ်။
(၁၈)
ဒီ တစ်ခွန်းပဲ
ပြောလိုက်ချင်တယ်။
ဘာမျှ
မပြောချင်တော့ဘူး။
(၁၉)
အားလုံးအပေါ်
ကျေနပ်နေတာဟာ
ကျေနပ်တဲ့စိတ်နဲ့ 
ကြည့်လိုပါ။
မကျေနပ်တဲ့စိတ်း
မမွေးပါနဲ့ ။
(၂၀)
နေရာတိုင်းမှာ
ကုသိုလ်ရှိတယ်
ကုသိုလ်ကို
သတိကပိုင်တယ်
သတိကို
သူတော်ကောင်းကပိုင်တယ်။
(၂၁)
သူက ကိုယ်လောက်မသိတာ
မဟုက်ပါဘူး
ကိုယ်လို မသိတာပါ။
(၂၁)
သူများအကြောင်းကို # header# header
အားလုံးမသိနိုင်ပါဘူး
အားလုံးသိနိုင်တဲ့
ကိုယ်အကြောင်းကရော
အားလုံးကောင်းပြီလား?
အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ် ကျွန်တော်ရဲ့
ကြားဖူးနားဝ စကားစုလေးတွေကို ကျွန်တော်ရေးသား
တင်ပြလိုက်ချင်ဖြစ်ပါတယ် အားလုံးကျွန်တော် စာစုရဲ့
အမှားနေရာများ ရှိရင်လဲ ခွင့်လွတ်ကြပါလို့ ပြောရင်းကျွန်တော်
မောင်း မိုးဝင်း:-)
@oolay
RSM_8
မှတ်သားစရာတွေပါပဲ..
Good
Good
ဗဟုသုတရပါတယ် bro