အပေါင်းအသင်းနှင့်လမ်းမှား

in #myanmar7 years ago (edited)

ကျွန်တော်တို့လူမူနယ်ပယ်မှာယောက်ကျားလေးပဲဖြစ်ဖြစ်/မိန်းကလေးပဲဖြစ်ဖြစ် အပေါင်းအသင်းသူငယ်ချင်းထားတဲ့အခါမှာ အပေါင်းအသင်းမမှားဖို့လိုပါတယ်.အပေါင်းအသင်းကြောင့်ဂုဏ်တက်သလို/အပေါင်းအသင်းကြောင့်ပဲ ဂုဏ်ပျက်ရတတ်ပါတယ်.လူကောင်းနဲ့ပေါင်းရင်လူကောင်းဖြစ်လာဖို့များသလို လူဆိုးနဲ့ပေါင်းမိရင်လည်းသူ့စရိုက်တွေကူးပီးကိုယ်ကိုတိုင်ပါလူဆိုးဖြစ်သွားနိုင်ပါတယ်.
ကျောင်းသား/သူတွေဆိုရင်ဒီအချိန်ဟာအပေါင်းအသင်းမမှားဖို့ အရမ်းကိုအရေးကြီးပါတယ်. ၁၀တန်းအောင်ပီးလို့မိဘရင်ခွင်ကနေထွက်ပီး တက္ကသိုလ်ကိုတက်ရတော့မဲ့အချိန်ဟာဆိုရင်အရမ်းကိုအရေးကြီးပါတယ်.တက္ကသိုလ်နယ်မြေမှာရောက်ပီဆိုထဲက မိဘရဲ့အဝေးမှာကိုယ်ပိုင်စဉ်းစားညဏ်နဲ့တွေးခေါ်နေထိုင်ရမှာဖြစ်တဲ့အတွက် အပေါင်းအသင်းမမှားဖို့အရမ်းကိုအရေးကြီးပါတယ်.ကိုယ်ပေါင်းမဲ့သူငယ်ချင်းက ကျောင်းစာကိုမလိုက်စားဘဲ တခြားမလိုလားအပ်တဲ့အလုပ်တွေလုပ်မယ်/ကျောင်းပျက်မယ်/စာမကျက်ဘဲလျှောက်သွားနေမယ်ဆိုးရင် ကိုယ်ကိုတိုင်ပါသူ့နောက်လိုက်ရင်း ရည်ရွယ်ချက်တွေပျောက်ဆုံးပီးလမ်းမှားကိုရောက်သွားနိုင်ပါတယ်.
image
တကယ်လို့ ကိုယ်ကစာကြိုးစားပီး မိဘအပေါ်သိတတ်တဲ့သူနဲ့ပေါင်းမိရင် ကိုယ်ကလည်းကျောင်းတက်ချင်မယ်/စာကျက်ချင်မယ်/စာကိုကြိုးစားချင်စိတ်တွေပေါက်ပီး စာတော်တဲ့ကျောင်းသား/သူတစ်ယောက်ဖြစ်ပီးတော့ တက္ကသိုလ်ကပေးအပ်တဲ့ဘွဲ့ကိုလည်းမိဘတွေဖြစ်စေချင်တဲ့အတိုင်းရယူပေးနိုင်မှာပါ.
စာမေးပွဲကိုအောင်အောင်မဖြေဘဲ အလေိုက်နေတယ်ဆိုရင်မိဘကျေးဇူးကိုစော်ကားရောက်ပါတယ်.တစ်ချို့ဆင်းရဲတဲ့မိဘကဆင်းသက်လာတဲ့သူတွေဆိုရင် မိဘက ကိုယ်ပညာတတ်ကြီးဖြစ်ဖို့အတွက် နဖူးကခြွေး ခြေမကျအောင်နေပူစပ်ခါးမှာ အလုပ်လုပ်ပီးမှရလာတဲ့ငွေလေးတွေကို ကိုယ့်သားသမီးပညာတတ်ကြီးဖြစ်စေချင်တဲ့ရည်ရွယ်ချက်တစ်ခုထဲနဲ့
"ရော့ ငါ့သားလေးသုံးဖို့ "
ရော့ ငါ့သမီးလေးသုံးဖို့ "ဆိုပီး ကိုယ့်ကိုလူပုံအလည်မှာမျက်နှာမငယ်အောင် ပေးကျွေးခဲ့တာတွေကို သတိရသင့်ပါတယ်.မလိုအပ်တဲ့နေရာတွေမှာပိုက်ဆံတစ်ခါသုံးမယ်လုပ်လိုက်တိုင်း မိဘမျက်နှာကို ပြေးမြင်မိစေချင်သည်.
image

"ဒီချိန်ဆို ငါ့အဖေနဲ့အမေ နေပူလည်ခေါင်မှာပင်ပင်ပန်းပန်းအလုပ်လုပ်နေပါလား "လို့အတွေးဝင်ရင်အရမ်းကောင်းကြမှာပဲဗျာ.

မကောင်းတဲ့အပေါအသင်းတွေနဲ့ပေါင်းမိထားတဲ့သူဆိုရင်တော့အဲလိုမဟုတ်ဘဲ ပြောနေကြတဲ့စကားသံတွေ
"ဟျောင့်တွေ"
"လာသွားသောက်ကြမယ်'"
"KTV သွားမယ် "
ဘယ်သွားကြမယ် ညာသွားကြမယ်ပေါ.့တကယ်ဆိုအဲ့ဒီပိုက်ဆံတွေ ကိုယ့်မိဘဘယ်လိုရှာပီးမှရလာလဲဆိုတာတစ်ချက်လောက်ပြေးမြင်ကြစေချင်သည်.
မိဘအပေါ်သိတတ်လိမ်မာတဲ့ အပေါင်းအသင်းတွေနဲ့ပေါင်းမိတဲ့အပေါင်းသင်းဆိုရင်တော့ ကိုယ့်မိဘကပို့လိုက်တဲ့ပိုက်ဆံကို ကျောင်းကလိုအပ်တာလေးဝယ်/စာအုပ်လေးဝယ်/ခဲတံလေးဝယ်ပီး
လိုအပ်တာတွေပဲဝယ်ပီးမိဘာမေတ္တာကိုနားလည်ပီးစာကြိုးစားနေမည်.အရက်သောက်တတ်တဲ့သူနဲ့ပေါင်းရင်ကိုယ်ပါ အရက်သောက်တတ်မည်.ဖဲရိုက်တဲ့သူနဲ့ပေါင်းရင်ကိုယ်ပါဖဲရိုက်တတ်မည်.
ဘယ်နေရာမှာပဲရောက်ရောက်အပေါင်းအသင်းမမှားဖို့ရာအလွန်အရေးကြီးပါသည်.
ကျွန်တော်တို့ငယ်ငယ်ကသိခဲ့ပုံပြင်လေးလိုပေါ့ဗျာ.
"ကျေးညီနောင်လေးနှစ်ကောင်အတူတူရှိတာ. တစ်နေ့မှာ လေပြင်းမုန်တိုင်းတွေတိုက်ပီး တစ်ယောက်တစ်ကွဲစီကွဲသွားပီး လူဆိုးတွေလက်ထဲရောက်တဲ့ကြေးကတော့ မိုင်ရိုင်းတဲ့ကြေးတစ်ကောင်ဖြစ်သွားပီး သူတော်စင်ဆီရောက်သွားတဲ့ကြေးကတော့ ယဉ်ကျေးလိမ်မာတဲ့ကျေးလေးတစ်ကောင်ဖြစ်သွားသလိုပေါ့"
လူဆိုတာ မုဆိုးနားနီးမုဆိုး တငါနားနီးတငါ ပေါ့.ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်/အပေါင်းအသင်းရဲ့အကျင့်စရိုက်ရိုက်ခတ်မူကြောင့် ကိုယ်ကိုယ် တိုင်ပါစရိုက်လက္ခဏာတွေတူသွားတတ်ပါတယ်.
အဲဒါကြောင့်ဘယ်နေရာမှာပဲရောက်နေ
ရောက်နေ အပေါင်းအသင်းမမှားဖို့အရေးကြီးပါတယ်.ဘဝမှာအဓိကနဲ့သာမညကိုခွဲခြားတတ်မှသင့်အတွက်လည်းအောင်မြင်မူတွေရရှိလာပါလိမ့်မည်.
ဘဝမှာတိုးတက်အောင်မြင်ချင်ရင် အောင်မြင်သူတွေနောက်ကိုလိုက်ပါ.သူတို့လမ်းစဉ်ကိုကျင့်သုံးပါ.သူတို့လိုပြုမူဆောင်ရွက်နေထိုင်ပါ.လမ်းမှားရောက်နေတဲ့သူတွေနဲ့ပေါင်းရင်တော့ကိုယ်ပါလမ်းမှာရောက်သွားနိုင်ပါတယ်.
ဘဝမှာအပေါင်းအသင်းဆိုတာလည်း ကိုယ့်ဘဝရဲ့အောင်မြင်မူ/တိုးတက်မူတက်လမ်းအတွက်အဓိကကျတယ်ဆိုတာကိုသိရှိပီး လူပီသစွာနေထိုင်ကာ ဘဝမှာတိုးတက်အောင်ကြိုးစားနေတဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ပဲတွေ့ပါစေလို့ Steemitမှာရှိတဲ့သူတွေအကုန်လုံးကို ဆုတောင်းပေးရင်း
Steemitမှ ဆရာသမား
အစ်ကိုအစ်မတွေကို ဦးထိပ်ထားလျက်
Photo Credit; Original and google image
Author @patrickshar
hfs 33
MSC 174

Sort:  

ကိုယ်ဘဝ ရဲ့  အောင်မြင်မူ အတွက် ကြိုးစားမူမှ တခါတလေ အပေါင်းအသင်း အရေးပါတတ်ပါတယ် ကိုယ်တိုင်လဲ ကြိုးစားရင် အောင်မြင်ကို ရရှိမှပါ။

ဟုတ်ပါတယ်အစ်ကို.ကိုယ်ကိုယ်တိုင်လည်းကြိုးစားပီး လမ်းမှားမရောက်ဖို့အဓိကပါအစ်ကို.အကြံပေးလို့ကျေးဇူးပါ bro.

vote ခဲ့ပါတယ် reply လေးတွေပြန်ပေးပါအုံး
ခုလိုတွေးမိရေးမိတာလေးကောင်းပါတယ် ဆင်ခြင်လို့ရတာပေါ့

ဟုတ်ကဲ့ပါအစ်ကို
ကျေးဇူးပါဗျ..

ခုလိုအကျိုးရှိတဲ့ Post လေးတွေဖတ်ရတာပျေနပ်မိပါတယ်

ကျေးဇူးပါအစ်ကို
ကြိုးစားပီးရေးနေပါတယ်အစ်ကို.
Thanks bro.

အရေးအသားလေးတွေလွှတ်မိုက်ဗျာ : )

ရှေ့လျောက်လည်းသည့်ထက်ပို၍မျများရေးနိုင်ပြီးသကာလ အောင်မြင်မှုပန်းတိုင်အမြန်လှမ်းကိုင်နိုင်ပါစေလို့ family များကိုယ်စား @evernew လေးပ ဆုတောင်းမေတ္တာဆက်သလိုက်ပါတယ်ဗျာ

ဟုတ်ကဲ့ပါအစ်ကိုရေ.
ကျေးဇူးပါဗျ.
ကိုယ်သိတဲ့အတွေ့အကြုံဗဟုသုတလေးတွေကိုတတ်နိုင်သလောက်ပြန် shareပေးတာပါ.အတတ်နိုင်ဆုံးကောင်းအောင်ကြိုးစားပီးရေနေပါတယ်အစ်ကိုရေ.ကျေးဇူးပါပဲ.
Thank a lot bro.

Good post

Thank a lot bro.

လူငယ်တွေရဲ့ ၅၀ % လောက်ကသာအဲလိုစဉ်းစားတတ်ပီဆိုရင် မြန်မာလည်းတိုးတက်လောက်ပါပီ

ဟုတ်တယ်အစ်ကိုရေ.
ပြောင်းလဲဖို့သင့်နေပီ

ရေးတာတော်တော်ကောင်းပါတယ်

ကျေးဇူးပါ bro.

Good to read

Thank you so much bro.

အရေးသားကောင်းတယ် bro

ကျေးဇူးပါ bro

Good post friend success

Thank u so much bro.

ဆက်ကြိုးစားပါညီ

ဟုတ်ကဲ့အစ်ကို

မြန်​မာစာက မမှန်​​တော့ ဖတ်​မရပု​ပေါ့ကွယ်

Copyယူပီး အပြင်က Noteမှာသွားဖတ်ပေါ့ 😁😁

အကျိုးရှိတဲ့ပို့စ်လေးပါ

ကျေးဇူးပါ အစ်ကို

ခြုံကြားမှ ဘုံဖျားဆီသို့  တတ်လှမ်းနိုင်အောင်
ခွန်အားတွေ ရမိပါတယ်

တင်ပါ့ဘုရား

ဘာအရာမဆို မလု​ပ်​ခင်​ ဆင်​​ခြင်​​တွေး​တောဖို့လိုပါတယ်

ဟုတ်ကဲ့ပါအစ်ကို

Nice post, thanks for sharing...

Thank a lot bro

Good

ကျေးဇူး bro

Good post

Thank bro.u too thank.

Good

ကျေးဇူးပါ bro

Congratulations @patrickshar!
Your post was mentioned in the hit parade in the following category:

  • Comments - Ranked 5 with 41 comments

Thank for your support.

This post has received a 0.49 % upvote from @buildawhale thanks to: @patrickshar. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

good support.
Thank u so much.