ကျွန်​​တော့်​ရဲ့ နှင်းဆီ ကဗျာ တစ်​ပုဒ်​...

in #myanmar7 years ago

image

လေအ​ဝေ့မှာ လွင့်​ထွတ်​သွားတဲ့ ပွင့်​ဖတ်​လွှာ​လေးကို လိုက်​​ကောက်​ရင်း သူမနဲ့ကျွန်​​တော်​ဆုံတယ်...

ဖွင့်​မ​ပြောရဲလို့ ​ကျောင်းစာအုပ်​ထဲ ရည်းစားစာ​လေး ညှပ်​​ပေးဖူးတယ်​...

သူမစိတ်​ဆိုးသွားလို့ သူခြံဝန်း​ရှေ့မှာ နှင်းဆီလွှာ​လေး သွားထားဖူးတယ်​...

အဲ့တာနဲ့ပဲ ကျွန်​​တော်​တို့​တွေ ချစ်​သူ​တွေဖြစ်​လာကြတယ်​...


image

နေ့​လေးတစ်​​နေ့ အဲ့​နေ့က ကဗျာ​တွေထဲကလို့ ကဗျာမဆန်​​နေပါ။ ​ကျေးငှတ်​​တွေလဲ​တေးမဆို​နေပါ။ သာမန်​ရိုးကြ ​ခေါက်​ရိုးကျိုး​ ​နေ့တစ်​​နေ့ ပင်ဖြစ်​ပါတယ်​။

"​အေး...သား...မင်း Guide တတ်​မယ်​ဆို ဒီ​နေ့ညကစပြီး တတ်​ရမယ်​... ခုကျူရှင်​သင်​ပြီးရင်​ပြန်​ ​ရေးချိုး၊ထမင်းစားပြီလို့ နားနား​နေ​နေ ​နေပြီး (၇)နာရီ အ​ရောက်​ပြန်​လာခဲ့..."

ဆရာမ ​ဒေါ်ခင်​မာချို၏ အသံဖြစ်​ပါသည်​။

ကျွန်​​တော်​ဆယ်​တန်းတတ်​​သောနှစ်​ကဖြစ်​ပါတယ်​။ ဆရာမ ​​​ဒေါ်ခင်​မာချိုသည်​ ကျွန်​​တော်​တို့ အတန်းပိုင်​ ဆရာမဖြစ်​ပါသည်​။ စာအသင်​အပြ​ကောင်း​သော​ကြောင့်​ ကျွန်​​တော်​တို့မြို့​လေးမှာ နာမည်​ရ​သော ဆရာမတစ်​​ယောက်​လည်းဖြစ်​ပါတယ်​။

ထို့​ကြောင့်​ ဆရာမထံမှာ ကျူရှင်​တတ်​ရုံမက ညဘတ်​စာကျတ်​ဝိုင်း(Guide) ပါတတ်​ရန်​ ဆရာမအား ခွင့်​ပန်​​တော့ ဆရာမမှ ပြန်​လည်​​ဖြေ​သော အသံပင်​ဖြစ်​ပါတယ်​။

ဤသို့ဖြင့်​ ကျွန်​​တော်​တစ်​​ယောက်​ ကျူရှင်​ပြီး​တော့ အိမ်​ပြန်​၊ ​ရေချိုး ထမင်းစား၊ ပြီး​တော့ Guide ဝင်​ရန်​ ဆရာမ ​ဒေါ်ခင်​မာချို၏ ​နေအိမ်​သို့ ထွတ်​လာခဲ့ပါတယ်​။

image

ဆရာမ အိမ်​​ပေါ်တတ်​လိုက်​​တော့ ကျူရှင်​တတ်​တုန်းက သူငယ်​ချင်းများတင်​မက တခြား​ကျောင်းမှ ​ကျောင်းသား/သူ တစ်​ချို့ကိုပါမြင်​​တွေ့ရပါတယ်​။ (ဆရာမ၏ အသင်​အပြ ​ကောင်းမှု​ကြောင့်​ လာ​ရောက်​တတ်​​ရောက်​ခြင်းဖြစ်​​ကြောင်း ​ပြောပြ၍ ​နောင်​တွင်​ သိရှိခဲ့ပါသည်​။)

ကျွန်​​တော်​တို့​ကျောင်းသူ/​ကျောင်းသား တစ်​စု အသီးသီး ထိုင်​ခုံလွတ်​​တွေမှာ ကိုယ်​စီဝင်​ထိုင်​လိုက်​ကြပါတယ်​။ ခဏ​နေ​တော့ ဆရာမ​ရောက်​လာပြီး ယ​နေ့ည ကျတ်​ရမည့်​ ဘာသာရပ်​မှ စာတစ်​ပုဒ်​ကို ရှင်းပြပါတယ်​။ ပြီးလျင်​ ကျတ်​ရန်​​ပြောပြီး၊ ရလျှင်​ သူမထံ အလွတ်​စာလာပြန်​ရန်​​ပြောပါတယ်​။

ထို​ချိန်​မှ စ၍ ဆရာမ၏ အိမ်​တွင်​ ​ကျောင်းသူ/​ကျောင်းသားများ၏ စာကျတ်​သံများဖြင့်​ ဆူညံ​နေ​လေ​တော့သည်​။

အတန်​ကြာကြာ စာကျတ်​ပြီးလို့ စာရ​သော်​လည်း မည်​သူမျှ ဆရာမထံ စာသွားပြန်​သူ မ​တွေ့ရ​သေး​ပေ။ ထို့​ကြောင့်​ ကျွန်​​တော်​ ထိုင်​​နေရမှ ဆရာမထံ စာသွားပြန်​ရန်​ထလိုက်​​တော့ မိန်းက​လေး​တွေဘတ်​မှ တစ်​​ယောက်​ မတ်​တတ်​ရပ်​လိုက်​သည်​ကို ဂရုပြုမိလိုက်​ပါတယ်​။ထို့​ကြောင့်​ ကျွန်​​တော်​ ​နေရာမှာပြန်​ထိုင်​လိုက်​ပါတယ်​။

သူမ စာပြန်​ပြီး ​တော့မှ ကျွန်​​တော်​ ဆရာမထံ စာသွားပြန်​လိုက်​ပါတယ်​။
တိုက်​ဆိုင်​မှု တစ်​ခုလို့ပင်​ယူဆ လိုက်​ပါတယ်​။

image

နောင်​​နေ့​တွေ တွင်​လည်း ဆရာမထံ ပထမဆုံး စာလူ့ဆိုရန်​ သူမနှင့်​ကျွန်​​တော်​ အမြဲ တိုက်​ဆိုင်​​နေပါသည်​။

ထိုတိုက်​မှု့​​တွေ​ကြောင့်​ သူမသည်​ ကျွန်​​တော့်​နှလုံးသား တစ်​​နေရာတွင်​ မသိမသာ​လေး တွယ်​ကပ်​လာပါ​တော့သည်​။

သူမနဲ့ ကျွန်​​တော်​က ​ကျောင်းခြင်း မတူ​ပေ။ သို့​​သော်​ သူမ သူငယ်​ချင်းမှ တဆင့်​ သူမ၏ ခင်​မင်​မှုကို ရခဲ့ပါသည်​။ ထို​နေ့က အ​ပျော်​ဆုံး​နေ့​တွေ​တောင်​ စံချိန်​တင်​ခဲ့၏။

သူမ၏ ရည်​သံ​လေးကို ခိုးချစ်​​နေမိသည်​။ သူမ၏ စကားသံ​လေးကို အမြဲကြားချင်​​နေမိသည်​။ သူမနှင့်​ တွဲ​လျှောက်​မိတိုင်​ ရင်​ခုန်​သံ​တွေ ပြုတ်​ကျ​နေမိသည်​။ သူမ သိ​အောင်​ မည်​သို့ကြိုးစားရမည်​မသိ။ ဖွင့်​​ပြောလိုက်​လို့ သူငယ်​ချင်း ဆိုတဲ့ ရာထူး​လေး​တောင်​ ပြုတ်​သွားမှာလဲ စိုးရိမ်​​နေမိသည်​။

image

ထို့​ကြောင့်​ စာကူးဖို့ငှါးထားတဲ့ သူမရဲ့ ​ကျောင်​စာအုပ်​​လေးထဲ ရည်းစား စာ​လေး ညှပ်​​ပေးလိုက်​မိတယ်​။

နောင်​​နေ့​ရောက်​​တော့ သူမရဲ့ မျတ်​​စောင်းဒဏ်​ သင့်​​လေ​တော့သည်​။ အရင်​လို စကားလဲ မ​ပြော​တော့​ပေ။ ထို​နေ့​တွေတွင်​ အခြားသူငယ်​ချင်းများရှိ​သော်​လည်း ကျွန်​​တော်​ရဲ့ အထီကျန်​ခြင်း​တွေ ဝင်​ရိုးစွန်းသို့​ရောက်​ခဲ့​လေသည်​။

image

ထို့​ကြောင့်​ သူမရဲ့ ခြံ​ရှေ့မှာ နှင်းဆီပန်း​လေ အရဲစွန့်​၍ သွားထားခဲ့သည်​။ကံ​ကောင်း၍လားပင်​ မသိ ထိုနှင်းဆီပန်း​လေအား သူမရရှိသွားခဲ့သည်​။

ထိုနှင်းဆီ ပန်း​လေး​ကြောင့်​ သူမ ၏ မျတ်​​စောင်းဒဏ်​မှ ကင်းလွတ်​ခဲ့ပါသည်​။

ထိုနှင်းဆီ ပန်း​လေး​ကြောင့်​ ည​နေခင်း ​နေဝင်​ချိန်​​တွေ လှပ​နေခဲ့ပါသည်​။

ထိုနှင်းဆီ ပန်း​လေး​ကြောင့်​ ဧဒင်​ ဥယျာဉ်​ ထဲမှာ ​ကျေးငှတ်​​လေး​တွေရဲ့ ​တေးသီသံကို ကြာ​နေရပါသည်​။

အဲ့တာနဲ့ ကျွန်​​တော်​နဲ့ သူမ ချစ်​သူ​တွေ ဖြစ်​လာခဲ့ပါ​တော့သည်​။

Images from google.
Author...@KoPhogyan(MSC.041)

image

Sort:  

စာသားလေးတွေကောင်းပါတယ်ဗျာ

Thanks...

အလဲ့

😁😁

ဖတ်​လို့အရမ်း​ကောင်းပါသည်​။Thank you for post

ကျေးဇူးပါ။

အရမ်းကောင်းပါတယ်

ကျေးဇူးပါဗျာ။

Congratulations @phogyan! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

တော်တော်ကဗျာဆန်တာပဲဗျာ။ရေးတတ်တယ်။ဒါမျိုးနဲ့ဘယ်နှစ်ယောက်ရှိပြီလည်း😁

1,2,3,4,5,6,7..... တစ်​​ယောက်​တည်းပါ....😁

good post

Thanks...

ထိုနှင်းဆီပန်းလေးကြောင့်

ဘာများလဲဗျ 😁😁😁

က နဲ့ သတ် ရမယ့်နေရာမှာ တ နဲ့ ချည်း သတ်ထားတာ် (က) မရှိလို့လား။

ကျေးငှတ် နဲ့ ကျောင်စာအုပ် 😱😱

ဆရာအမြင်စူးရှတယ်
ဆရာပြောမှပဲသေချာပြန်ကြည့်မိတော့တယ်

ဟုတ်​ကဲ့ ဆရာ၊သတိမထားမိလိုက်​တာပါ။

အရေးအသားက ကောင်းနေပြန်ရော👍👍

ကျေးဇူး bro..