ငါကိုယ်တိုင် နားမလည်တော့တဲ့ ခံစားချက်များ
♥♥♥ဘယ်တော့မှ…ဘယ်သူကိုမှ ဖုန်းမခေါ်တော့ဘူးလို့ …
လူတကာကို ကြေညာနေတဲ့  လူတယောက်ရင်ထဲမှာ တချိန်က ပတ်သက်ခဲ့ဘူးတ၊ဲ့ ဖုန်းဆက်တာတောင် ပြန်လည်ဖြေကြားခြင်းမရှိတဲ့ နံပါတ်လေးတခု အသည်းမှာ ကဗျည်း ထိုးထားတယ်♥♥♥
♥♥♥ငါ့ကံကြမ္မာကြီးက …ဆိုးလိုက်တာလို့ …
ကံတရားကိုပဲ အပြစ်တင်နေတဲ့ လူတယောက် ရင်ထဲမှ
မှန်ကန်တဲ့ ရွေးခြယ်မှုတွေ ရှိခဲ့ပေမဲ့  အစားထိုးမရတဲ့  ကြင်နာမှုတွေ ပျောက်ဆုံးခဲ့တယ်ဆိုတာ မျက်ဝန်း ထဲက မျက်ရည်စတွေ သက်သေပြနေတယ်♥♥♥
♥♥♥လူတိုင်းကို ဝတ္တရားဆန်ဆန် ပြုမှုနေတဲ့ လူတယောက်မှာ တချိန်က ထင်မှတ်မထားတဲ့ လူတွေစီက သူ ယုံကြည်မှုတွေ ရိုက်ချိုးခံလိုက်ရတယ်ဆိုတာ စက်ရုပ်တရုပ်လို ဖြစ်သွားခဲ့တဲ့  သူအပြုအမှုတွေနဲ့  လှုပ်ရှားမှုတွေက သက်သေပြ နေတယ်♥♥♥
♥♥♥အချိန် ဆိုတာ အကောင်းဆုံးဆေးတလက်ဆိုတာ လူတိုင်းပြောကျပေမဲ့  စိတ်နာခြင်း နဲ့ စွဲလမ်းစိတ်တွေ အတွက်တော့ ဖြေဆေးရှိမယ်မထင်ပါဘူး♥♥♥
♥♥♥ အလှဆုံး ပြုံးတတ်ခဲ့တာ မဟုတ်ပါဘူး……
တခါတလေ အတိတ်ကာလက အဖြစ်အပျက်တွေ ပတ်သက်မှု တွေ ထဲမှာ အသည်းမာတဲ့ လူတယောက်တောင် မျက်ရည်ကျမိခဲ့ဘူးတယ် ဆိုတော့ ဘယ်လောက်ထိ ခံစားခဲ့ ရတယ်ဆိုတာ သူအပြုံးတွေက သက်သေပြနေပါတယ်♥♥♥
♥♥♥ဘယ်လောက်ပဲ ချစ်ခဲ့ပါစေ ဥပေက္ခာ ပြုခံရတာများလာတဲ့အခါ၊ ပေးဆပ်မှုတွေ များတဲ့ အခါ၊ သူတနေ့  ချစ်ရတာနဲ့ ပေးဆပ်ရတာ မတန်တော့ဘူးလို့ ထင်တဲ့ အခါ အချစ် ကို ကြောက်လန့့် မိသွားမှပါ♥♥♥
♥♥♥ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ဘယ်လောက်ပဲ အလိုလိုက်လိုက် အမြဲတမ်း လျော့ပေးနေရတာ များလာပြီဆိုရင် တနေ့  မာန တရား နဲ့ သိက္ခာတရားကို တိပါးမိခဲ့ရင် ပေါက်ကွဲ တဲ့ နေ့ ဆိုတာ ရှိလာမှ ပါ♥♥♥
Credit :Google Photo
📝ရေးသားသူ ဖြိုးဝေအောင်📝
🔀➿🔀➿🔀➿🔀🔀➿🔀➿🔀➿🔀➿🔀➿
MSC-115
Author @phyowaiaung
ကုန်သေးဘူးလားဟင် ခံစားချက်တေ
အများကြီးး ကျန်သေးတယ် ဆက်ရန် ရှိသေးသည် feel တာတွေ များနေလို အမြင်ကပ်နေပြီလား
ဘာမန့်ရမှန်းတောင်မသိတော့ဘူး ဟီး
နားမလည်တဲ့ခံစားချက်ဆိုတော့
ဟီ comment ရေးစရာ မလိုအောင် ရေးလိုက်တာလေ
ခံစားချက်တွေပြင်းတယ်ဗျာ...ချရေးမိတော့ စာတပုဒ်ပေါ့ 👍👍😕
ချ ရေးလိုက်တာ စာတပုဒ် ဖြစ်သွားတယ် pro လေး ရရင် အပျော်ဆုံးလူသားဖြစ်သွားတယ်
အရေးသားတွေကတော့ရှယ်ပဲဗျာ
မရှယ်ပါဘူး ဗျာ ရေးသာရေးနေတာ ဘာတွေ ဖြစ်သွားမှန်းမသိလိုက်ဘူး
အေး နာလဲနားလည်ဘူး
ဟီဟီ တူတူပဲ ကျွန်တော် လဲ နားမလည်ဘူး ခံစားရတဲ့ အတိုင်းချရေးလိုက်တာ နားကိုမလည်တော့ဘူဖြစ်သွားတယ်
Gooood👍
thank you @aungzin
ဖတ်လို.ကောင်းပါတယ် bro
ကျေးဇူးပါ brother
fighting
fighting @zinzinကော်ဖီ မဟုတ်ဘူး နော်
ခံစားချက်တွေ....ခံစားချက်တွေ
ခံစားချက် တချို တလေ ပါဗျာ
နောက်ဆုံးပုံကြီးက ဘာကြီးလားကွာ....
ကောင်မလေးနဲ့ ကောင်လေးပုံလေကွာ ဘာကြီးလဲတော့ ငါလဲ သေချာ မကြည့် မိလိုက်ဘူးဟ
Goodပဲ
thank you @soeyan brother
ကံ ဆိုတာကလေ အေး ကံပါပဲကွာ
ကံ ဆိုတာ ကံပေါ့ ကိုကြီးစိုးရယ် ဟီဟီ
နပန်းလုံ့း  အားတင်းထားပါsl တစ်ယောက်ချင်း mention ခေါ်ပေးမှာနော် 😛😛😛
အချွန် နဲ့ မ ပြန်ပြီ ဘယ်သူကို mention ခေါ်ပေးမလို လဲ ဗျာ ကြောက်တတ်တယ်နော်
Bro ကိုယ်တိုင်နားမလည်မှတော့
ကျွန်တော်တို့လည်းလည်ဘူး။အရမ်းကောင်းပါတယ်။
တော်တယ် ပြောရမှပေါ့နော် ကျွန်တော်လဲ နားမလည် သူများလဲနားမလည်
တစ်ခါတစ်လေလေး သတိရလို့ အလည်လာမိပါတယ်အေ နင်နဲ့တွေ့ရင် အကြာကြီးဖက်ထားမယ်ဆိုလို့ ကြာကြာမနေရဲဘူး ပြန်ပြီ။
ရဘူးဖက်ထားမှပဲ ထွက်ပြေးရင် အတင်းလိုက်ဖက်ထားမှ
မျှော်နေတယ်
အားပေးတယ်ပေါ့နော် ဟီ ကဗျာတွေ လာပါအုံးမယ် မကြာမီ မျှေိာ
Feelတတ်လိုက်တာslရယ်
feel တတ်ပါဘူးဗျာ ဒီတိုင်းလေးရေးလိုက်တာပါ
အချစ်အကြောင်း လာသင်ပါရစေ
နင်ဆီက သင်မလို ပါဆို အပြန်အလှန် သင်ပေးဟာ
ငှဲ့ feeling တွေဖတ်မိပြန်ပီ
ဟီ ကျွန်တော် က feel တွေ ပဲရေးတာလေ ပြန်ဖတ်မိမှပေါ့ဗျာ
ဟီး များလိုက်တဲ့ ခံစားချက်တွေ 😁😁😁
ဟုတ် ပ ဗျာ တခါတလေ ခံစားချက်တွေ များတာ steemit မှpost တင်ရတာတော့ ဟုတ်ပါတယ် လူလဲ ရူးချင်ချင် ဖြစ်လာပြီ။
ဖတ်လြိ့ကောင်းပါတယ်..proမတင်ပေမယ့်အားပေးတွားဒေနော်
နားမလည်ခြင်းများစွာနှင့် fa တစ်ကောင်ဝင်ဖတ်သွားသည်...။😁
it's complicated
ချစ်ကြပါ ...ကြိုက်ကြပါ...
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by phyowaiaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
အချစ်တွေသီကုံး ဖင်တုံးလုံးနဲ့ အိပ်စက်ခဲ့ရတာ မနည်း ပါပြီကွယ် ။ 😃😃