"ဒေါင် ...ဒေါင် ....ဒေါင်"
ကျောင်းတက်ခေါင်းလောင်းထိုးသံကြောင့် ကျောင်းသားများကစားနေရာမှရပ်ကာ ကျောင်းခန်းဆီသို့ ပြေးထွက်သွားကြသည်။မိုးစွေလည်း အစိမ်းပုဆိုးစုတ်လေးကို ကပျာကသီ ပြင်ဝတ်ကာ အများနည်းတူ ကျောင်းခန်းဆီသို့  ပြေးထွက်လာခဲ့၏။
"မင်္ဂလာပါဆရာမ"
"မင်္ဂလာပါကွယ်"
ဆရာမဒေါ်မြင့်မြင့်ကြည်က ခုံတွင် ၀င်ထိုင်လိုက်ရင်းကျောင်းသူကျောင်းသားများဘက် သို့ မျက်နှာမူလိုက်သည်။ဆရာမဒေါ်မြင့်မြင့်ကြည်မှာ အသက်၄၀ ၀န်းကျင်ခန့် ရှိပြီး အသားဖြူဖြူ အသံကျယ်ကျယ်နှင့် စာအသင်အပြကောင်းပြီး လွန်စွာလည်းအပေါက်ဆိုးလှသော ဆရာမတစ်ဦးဖြစ်သည်။ဆရာမကထုံးစံအတိုင်းကျောင်းသားတစ်
ယောက်ချင်းစီကို စေ့စေ့စပ်စပ်လိုက်ကြည့်၏။ဆရာမ၏ခြေလှမ်းများက မိုးစွေဘေးတွင် တုန့် ခနဲရပ်လိုက်သောအခါ မိုးစွေရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။မိုးစွေထင်သည့်အတိုင်းပင် ဆရာမအသံကဟိန်းထွက်လာသည်။
"မိုးစွေ မတ်တပ်ရပ်စမ်း"
မိုးစွေခပ်ရှက်ရှက်ဖြင့် ခုံပေါ်တက်ကာမတ်တပ်ရပ်လိုက်သည်။
"ကြည့်စမ်းကိုယ့်ကိုကိုယ်
ခြောက်တန်းကျောင်းသားဆိုတာကော
သတိရသေးလားဟမ်
လက်သည်းတွေအကုန်လုံးကလည်းရှည်ပြီး
ဂျီးတွေဝင်လို့ ၊အင်္ကျီကလည်း မဲတူးနေတာပဲ
ပုဆိုးကလည်း အဖာရာတွေဗရပွနဲ့ ပါလားဟမ်
နင်မရှက်ဘူးလား
သပ်သပ်ရပ်ရပ် ဘာလို့ မနေနိုင်ရတာလဲ
သူများတွေကြည့်စမ်း ဘယ်လောက်သပ်ရပ်သလဲ ဆံပင်ကလဲ ဘုတ်သိုက်
ကြွက်တောင်ဝင်အောင်းလို့ ရတယ်"
ဆရာမ၏စကားကြောင့် တစ်တန်းလုံးဝါးခနဲ ရယ်လိုက်ကြသည်။မိုးစွေသိမ်ငယ်စွာပင် ခေါင်းကိုပိုငုံ့ လိုက်သည်။
"နင့်ကိုငါခဏခဏပြောတယ်မိုးစွေ
ဆံပင်ကိုညှပ်ခဲ့ပါ လက်သည်းဖြတ်ခဲ့ပါ
အဖြူအစိမ်းကို သပ်သပ်ရပ်ရပ်ဝတ်ပါဆိုတာကို
နားမလည်ဘူးလားဟင်
နင့်ကိုချစ်လို့ ပြောနေတာဟဲ့
လှစေချင်လို့ ပြောနေတာ
ဆရာမက ပြောရင်းဆိုရင်း
ခုံပေါ်မှဗလာစာအုပ်ကိုဆွဲယူလိုက်သည်
ကြည့်အုံးစာအုပ်ကလည်း ကြမ်းထော်နေတာပဲ
လက်ရေးကညံ့ပါတယ်ဆို
စာအုပ်အကြမ်းကိုင်တော့ ပိုဆိုးတာပေါ့
ဘယ်တော့မှလဲစာရေးကိရိယာ
စုံစုံလင်လင်ပါတယ်လို့ မရှိဘူး
ဟိုလူ့ ဆီငှါး ဒီလူ့ ဆီငှါးနဲ့ 
အစစအရာရာ တစ်အားပြောရဆိုရတာပဲမိုးစွေ
ဘယ်တော့မှလုပ်စေချင်သလိုမလုပ်ဘူး
ခု ငါ့စာသင်ချိန်တစ်ချိန်လုံး နင်မတ်တပ်ရပ်နေ
အေး.မနက်ဖြန် ငါပြန်စစ်မယ်
အင်္ကျီဖြူမနေရင် ပုဆိုးမှာအပြဲပါနေရင်
တစ်ကိုယ်လုံးပေတူးနေရင် နင်နာပြီသာမှတ်"
ကြိမ်းဝါးနေသောဆရာမစကားသံများကို
နားထောင်ကာမိုးစွေမျက်ရည်များဝဲလာမိသည်။ဆရာမကိုမိုးစွေနားလည်သည်။
ဆရာမက အလွန်ပင်အသန့်အပြန့်ကြိုက်ကာ
မိုးစွေတို့တစ်တန်းလုံးကို
လှလှပပသန့်သန့်ရှင်းရှင်းဖြစ်စေချင်သည်။
သို့သော် ဖြစ်ချင်တိုင်းမှဖြစ်လို့မရတာဆရာမရယ်။
"အမေသားပြန်လာပြီ"
မိုးစွေအိမ်ဝိုင်းအတွင်းသို့ ပြေးဝင်ကာ
လွယ်အိတ်ကိုကြမ်းခင်းပေါ်သို့ချလိုက်သည်။
"ဟဲ့နင်ပြန်လာတာငါ့ကိုနှုတ်ဆက်မနေနဲ့ 
ဟိုမှာနင့်ဖို့ လုပ်စရာငါချထားတယ်"
မိုးစွေက ယက်ကာစ ဖျာကြမ်းဘေးတွင်
ဝင်ထိုင်ကာ ဖျာကိုဆက်ယက်လိုက်၏။
မိုးစွေအမေက တောထဲမှသက်ကယ်များကို
ယူကာ ဖျာယက်သည်။
မိုးစွေလည်းဝိုင်းဝန်းကူညီရပေသည်။
တစ်နေ့ကိုဖျာကြမ်း ၅ ချပ်မပီးလျှင်
အမေက မိုးစွေကိုကျောင်းထုတ်မည်
ပြောထားသောကြောင့် ကျောင်းကပြန်လာသော အချိန်တွင်ပီးအောင်ယက်ရသည်။
ဂျီးဝင်နေသောလက်သည်းရှည်များကို
ငုံ့ကြည့်ကာဆရာမစကားများက
ိုကြားယောင်လာသည်။
ကျတော့်အလုပ်ကလက်သည်းရှည်ရှိမှ
လုပ်ရမှာမို့ပါ။အိမ်မှာလဲ လက်သည်းညှပ်တောင်
မရှိလို့ ပါဆရာမရယ်။
"အမေ့"
မိုးစွေ အမေ့ကိုခေါ်လိုက်သည်။
"ဟဲ့ဘာတုန်း"
အမေကဖျာယက်နေရာမှ
မော့မကြည့်ဘဲခတ်ဆတ်ဆတ်
ထူးလိုက်သောကြောင့် မိုးစွေပြောမည့်စကားပင်
ထစ်သွားရသည်။
"ဆရာမကပြောတယ်
အင်္ကျီကိုဖြူအောင်ဝတ်ရမယ်တဲ့
ပုဆိုးမှာလည်း ပြဲရာမပါရဘူးတဲ့
ပြီးတော့ ဗလာစာအုပ်အချောစားပဲ
သုံးရမယ်တဲ့အမေ"
အမေဒေါ်ပုမက ဗြန်းခနဲ သက်ကယ်ပျစ်က
ိုမြေကြီးပေါ်ပစ်ချလိုက်သည်။
"မိုးစွေနင်က မသိလို့ဒီစကားတေ
ွပြောနေတာလားဟင်
ငါ့မှာနင့်အောက်က ကလေးတစ်ပြုံတောင်နဲ့ 
တစ်မိသားစုလုံးကိုရှာကျွေးနေရတာ။
နင့်အဖေငမူးငရူးကဘာအားကိုးရလဲ
အချိန်ပြည့်ပုလင်းထောင်ဖို့ ကြီးပဲ။
စားဝတ်နေရေးတောင် မနည်း မငတ်ရုံတမယ်
ရုန်းကန်နေရတာ အဲ့ဒါကိုနင်က အဖြူအစိမ်းအသစ်လိုချင်သေးတယ်ဟုတ်လား။
စာအုပ်အချောလိုချင်သေးတယ်ဟုတ်လား။
နင်နားမလည်ဘူးလားဟင် မိသားစုအရေးကို ။
နင့်ကိုတောင်ကျောင်းထုတ်ချင်တာဟဲ့သိလား ။
နင်နေချင်လွန်းလို့သာ ငါအပင်ပန်းခံပြီး
ထားနေတာ"
မိုးစွေမျက်လုံးတွင် မျက်ရည်များဝေ့လာသည်။သားနောက်မပြောတော့ပါဘူးအမေ။
တိမ်ဝင်သွားသောမိုးစွေအသံကြောင့်
ဒေါ်ပုမလည်းစိတ်မကောင်းဖြစ်သွားသည်။
အော်ချင်လို့ အော်လိုက်တာတော့မဟုတ်။
အဆင်မပြေသောစားဝတ်နေရေးကြောင့်
ဒေါ်ပုမမှာ အမြဲပင်အလိုမကျဖြစ်နေတတ်သည်။
အသံကိုပြန်ပျော့လိုက်ရင်းဒေါ်ပုမထိုင်ရာမှ
ထလိုက်သည်။တန်းတွင်းလှမ်းထားသော
စွတ်ကျယ်လေးကိုယူကာ မိုးစွေဘက် ထိုးပေးလိုက်သည်။
"ရော့ဒါလဲလိုက်
အိမ်မှာဆပ်ပြာတော့မရှိပေမယ့်
အရီးလှဆီသွားချေးပြီး အင်္ကျီဖွပ်ပေးမယ်
ပုဆိုးကတော့ ဒီနှစ်အသစ်မ၀ယ်နိုင်သေးဘူး
ဆရာမကို နားလည်အောင်ပြောထားလိုက်ပေါ့
ဟုတ်အမေ"
မနက်ခင်းလင်းရောင်ခြည်က ၀ိုးတ၀ါးနှင့်ရောင်နီ
သမ်းလာသည်။မိုးစွေအမေလျှော်ပေးသော
ခပ်ထိုင်းထိုင်း အင်္ကျီအဖြူလေးကို
ခြောက်သွားအောင် မီးအပူပေးလိုက်သည်။
အဖြူဟုဆိုသော်လည်း အဖြူရောင်မပေါ်တော့ဘဲ ၀ါညစ်ညစ်ဖြစ်နေပြီ။ တစ်နှစ်လုံးဒါလေးပဲ
ဝတ်နေရသည်မို့ ဟောင်းနေပေပြီ။သို့ သော်
မနေ့ကလောက်တော့ မဆိုး။ လွယ်အိတ်ကို
ကောက်လွယ်လိုက်ရင်း ကျောင်းတော်ကြီးဆီသို့ မိုးစွေ ခပ်နှေးနှေးလှမ်းလာလိုက်သည်။
ဒီနေ့ကော ဆရာမဒေါ်မြင့်မြင့်ကြည်က
မိုးစွေကိုတစ်တန်းလုံးရှေ့တွင်ငေါက်အုံးမှာလား။
ငေါက်မှာပါပဲလေ။
ငါ့မှာအင်္ကျီက ဂျီးမတင်တော့ပေမယ့်
ပုဆိုး ကတော့အပြဲရှိနေသေးသည်လေ။
မိုးစွေမှာ ၀ယ်စရာပိုက်ဆံမရှိလို့ ပါဆရာမရယ်။
မိုးစွေတို့ဘ၀တွေက ကောင်းကောင်းဝတ်ဖို့က
ိုမတွေးနိုင်ဘဲ ၀မ်းဝဖို့တောင်အနိုင်နိုင်
ရုန်းကန်နေရတယ်ဆိုတာ ဆရာမသိရင်
သိပ်ကောင်းမှာပဲ။ အခုတော့ အခြေအနေအရပ်ရပ်ကို ဆရာမမှ မသိတာ ဆရာမရယ်။
Author; Pyae Sone Aung
MSC. ; 023
စိတ်မကောင်းဖြစ်မိပါတယ် မိုးစွေ အစား
ဆရာမကလည်း စေတနာစကားပါ
စေတနာစကားဆိုပေမယ့် မိုးစွေအတွက် ဝမ်းရေးဖြစ်နေတယ်ဗျာ
အဆင်မပြေတဲ့ ဘဝ တွေ မှကျောင်းတက်ရတာ ဘယ်လို လဲ ဆိုတာ ခံစားဘူးတယ်ဗျာ
ဟုတ်တယ် အကိုရေ ဝမ်းနည်းရတယ်
စိတ်မကောင်းပါဘူး မိုးစွေရယ်။ဆရာမသိပါစေ မိုးစွေဘဝလေး။
ဆရာမက သိသေးဘူးလေ ဟဲဟဲ
Good တယ် bro
ကျေးဇူးပါဗျာ
ဟုဆ်တယ် ဆရာမမှ မသိတာ ပြီးရင် အဆင့်မကောင်းလို့ အိမ်က ဆူဦးမယ် အမေတို့မှ မသိတာ ထပ်ရေးပါဦးဗျာ
ဟုတ်တယ်ဗျ ထပ်ရေးရမယ်
ဆရာမ သိအောင် ပြောပြချင်လိုက်တာ...plz v and m me back @mgtoetat
ပြောလိုက်မယ်ဗျာ
မိုးစွေတစ်ယောက် ဒီလိုငယ်ဘ၀ကိုရအောင်ဖြတ်သန်းပြီး အောင်မြင်တဲ့ဘ၀လေးကိုတည်ဆောက်လာနိုင်ပါစေဗျာ
ပေးတဲ့ဆုနှင့် ပြည့်ပါစေဗျာ
ကလေးဘဝလေးကိုသနားလိုက်တာရှင်
အပြင်မှာ ဖြစ်ပျက်နေတဲ့ သူငယ်လေးတယောက်အကြောင်းလေးပါ
စိတ်မကောင်းဖူး 😥
အဖြစ်မှန်လေးတခုပါ
စိတ်ထဲတောင်မကောင်စဘူး...
သဘာဝတရားကြီး ပဲလေ ဘယ်တတ်နိုင်ပါ့မလဲ
ကိုယ်ချင်းစာပါတယ် မိုးစွေလေးရေ။
ဟုတ်ပါ့ဗျာ စိတ်မကောင်းဘူး
ဆရာမသိပါစေ
ဆရာမက သိဘူးတဲ့
Bro ဇာတ်လမ်းဖတ်ရတာ ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူး။
အဲလိုမျိုးတွေတကယ်ရှိတယ်နော်။bro။
ဟုတ် ရှိတယ်ဗျ ဘဝသမားလေးတွေပေါ့ဗျာ ဝမ်းရေးအတွက်ကြိုးစားကြရရှာတယ်
1.34% @pushup from @pyaesone101
This post has received a 0.61 % upvote from @booster thanks to: @pyaesone101.
Sneaky Ninja Attack! You have been defended with a 1.78% vote... I was summoned by @pyaesone101! I have done their bidding and now I will vanish...Whoosh