အပိုင်း (၂) ဖတ်ရှုရန်...https://steemit.com/myanmar/@pyaesone101/thundefinedpnglim-aundefineds-apong-2-fed09a765f77
လွင်ပြင်ရေ ထမင်းစားပြီးပြီလား ခနနားလေ။ ဟုတ်မအကြင်နာ ။အလုပ်များကိုလက်စသတ်နေသော လွင်ပြင့်ကို ကြည့်ကာ အကြင်နာပြုံးလိုက်သည်။ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်လို့ မောင်လေး။ မမကိုလေ မအကြင်နာလို့ မခေါ်ပါနဲ့ အလုပ်တွဲလုပ်လာတာ တစ်လကျော်ပြီပဲ။ မမလို့ ပဲခေါ်ပါ။ ဟုတ်ကဲ့ပါမမ ။ လွင်ပြင်ပြီးစလွယ်ပြောကာ အပြင်ထွက်လာခဲ့သည်။ ကျောင်းဘက်သို့ သွားကာ ကြည်ဖြူနှင့်ထမင်းတူတူစားရမည်။
ထွက်ခွါသွားသော လွင်ပြင့်ကိုငေးကြည့်ကာ အကြင်နာ့ရင်တွင်ပူလောင်လာသည်။ အလုပ်တွဲလုပ်တာ ကြာလေလေ သူမလွင်ပြင့်ကို ချစ်နေမိတာသေချာလေလေပင်။ လွင်ပြင့်မှာ ချစ်သူရှိနေတာကိုလည်းသိသည်။သို့ သော် တစ်ခါတစ်လေကြ သူ့ ကိုပိုင်ဆိုင်ချင်မိသည်။ သူတို့ ပြတ်သွားရင်ကောင်းမှာပဲ ဟူသော အတွေးဆိုးများလည်း ၀င်နေမိသည်။လွင်ပြင်သာ သူမဘက်လှည့်လာပါစေ။ သူမလက်ကမ်းကြိုဆိုမိမှာပင်။ တရားတာတွေ မတရားတာတွေလည်း မတွေးတတ်တော့ ။တစ်ခါတစ်လေသူမကိုယ်သူမ သတိမထားမိဘဲ ရေလာမြောင်းပေးလုပ်မိတာမျိုးပင်ရှိတတ်သည်။ ခက်တာက လွင်ပြင်ပင်။ လုံးဝသူမအပေါ်ရိုးသားလှသည်။ သူ့ ချစ်သူအပေါ်ကို သစ္စာစောင့်သည်။ အရမ်းချစ်သည်။ လူ့ စိတ်ဆိုတာကလည်း ခက်သားလား။မရတာမှပိုလိုချင်သည်။လွင်ပြင်သူ့ ကောင်မလေးကို ချစ်လေ သူမကလွင်ပြင့်ကို ပိုချစ်လေပင်...
ထမင်းကို ငုံ့ စားနေသောလွင်ပြင့်ကိုကြည့်ကာ ကြည်ဖြူ ရင်တွင်လှိုင်းထန်နေသည်။မနေ့ ကသီရိအိမ်လာသွားလေသည်။ သီရိအမ၀မ်းကွဲက လွင်ပြင်တို့ ရုံးက။လွင်ပြင်ကတော့မသိ။ သီရိ သူ့ အမဆီကကြားလာသော သတင်းများကို ကြည်ဖြူ့ ကိုပြန်ပြောခြင်းပင်။ စိတ်မကောင်းတော့မဖြစ်နဲ့ ကြည်ဖြူရယ် နင်က ငါ့အချစ်ဆုံးသူငယ်ချင်း ကိုလွင်ပြင်ကလည်း ငါ့အချစ်ဆုံးအပေါင်းအသင်းမို့ ငါဖုန်းကွယ်ထားရင် မကောင်းလို့ ။ ကိုလွင်ပြင်က ရုံးမှာ မန်နေဂျာအမတစ်ယောက်နဲ့ သတင်းထွက်နေတယ်တဲ့။အဲ့အမက အရမ်းလှတယ်လို့ လည်းကြားတယ်။ ကိုလွင်ပြင့်ကို ကြိုက်နေတာကိုလည်း တစ်ရုံးလုံးသိတယ်တဲ့။ ကိုလွင်ပြင်ကလည်း သဘောကျသလိုရှိတယ်လို့ ပြောနေကြတယ်။ သူတို့ ညဘက်အထိလည်း အလုပ်အတူ လုပ်ကြတယ်တဲ့။
ပျက်ယွင်းနေသော ကြည်ဖြူ့ မျက်နှာကိုအကဲခတ်ကာ သီရိက စကားကို ပြန်ဖော့သည်။ ဒါပေမယ့်ကြည်ဖြူ ဒီသတင်းက အမှန်လို့ တော့ပြောလို့ မရပါဘူး ။ငါဖြစ်စေချင်တာက နင်ကိုလွင်ပြင့်ကို ပွင့်ပွင့်လင်းလင်းမေးလိုက်။
သီရိစကားများကို ပြန်ကြားယောင်ကာ ကြည်ဖြူတွေဝေနေမိသည်။ မေးလိုက်ရင်ကောင်းမလား ငါ့ချစ်သူက အဲလိုလုပ်မယ့်လူမျိုးမှ မဟုတ်တာ။ငါပွင့်ပွင့်လင်းလင်းမေးလိုက်မယ်။ ဒါမှငါလည်း စိတ်ရှင်းမယ်။
ကြည်ဖြူ ခေါင်းကိုမော့လိုက်သည်။
ကို အင်းချစ်ပြောလေ
ကြည်ဖြူပါးစပ်ဟလိုက်သည်။ ထိုအခိုက်စားပွဲပေါ်တင်ထားသော လွင်ပြင့်ဖုန်းက ထမြည်လေသည်။ ကြည်ဖြူ မျက်လုံးကို စွေကြည့်လိုက်တော့ Manager ဟုမှတ်ထားသော contact ကို တွေ့ လိုက်ရသည်။ ဒါဟိုအမျိုးသမီးဆီကပဲ........
ဟဲလို ဟုတ် မမ ပြော
ဟင်မမဆိုပါလား ကြည်ဖြူ့ မျက်နှာတွင် အရိပ်မဲတစ်ချို့ ဖြတ်ပြေးသွားသည်။
ဟုတ်တယ်မမ ကျနော့်စားပွဲ အံဆွဲထဲမှာ ထပ်ထားတဲ့ထဲက အပေါ်ဆုံး file ။ဟုတ်ဟုတ် မမ။
လွင်ပြင်ဖုန်းကိုချကာ ကြည်ဖြူ့ ဘက်လှည့်လိုက်သည်။ ချစ်ခုနကဘာပြောမလို့ လဲ။ ကြည်ဖြူ မျက်နှာကိုပြင်လိုက်ကာ ဟန်ဆောင်ပြုံးလိုက်သည်။ ဟင်းက စပ်တယ်လို့ ပြောမလို့ ပါကို ။ လွင်ပြင်က ရေဗူးထဲကရေကို ဖန်ခွက်ထဲသို့ ခပ်သွက်သွက် လောင်းထည့်လိုက်သည်။ ချစ်က အစပ်နဲ့ မတည့်ဘူးလေ ကြည့်အုံး မျက်ရည်တွေတောင်ဝဲနေပြီ။ တော်ပြီတော်ပြီ ဒီဟင်းမစားတော့နဲ့  လွင်ပြင် ဟင်းခွက်ကို ဘေးသို့ ရွှေ့ လိုက်၏။ အော် ကြည်ဖြူမျက်ဝန်းမှာ ၀ဲသွားတဲ့မျက်ရည်က အစပ်ကြောင့်လား တစ်စုံတစ်ရာကြောင့်လားဆိုတာ ကိုယ်မှမသိတာကိုရယ်.......မျှော်..
Author. ;Pyae Sone Aung
MSC. ;023
Credit Photo from Facebook
ဖတ်လို့  ကောင်းပါတယ်
ကျေးဇူးပါ ဗျ
ကောင်းပါတယ်
ကျေးဇူးအမ
အပိုင်း 4 အာစောင်မျှော်လျက် 😃😃
ဟုဟု
အပိုင်း၎အားစောင့်မျှော်လျှက်
လာမည်ဇာတ်သိမ်းပိုင်း
ကောင်းပါတယ်
Thanks
မှော်နေပါတယ် အညးပေးနေပါတဟ် bro
Thanks bro
Good post.
Thanks
ဘလိုဇာတ်သိမ်းမလဲ သိချင်ပီ
မျှော် ဘဒို
nice post ပါဗျာ..အားပေးပါတယ်
ကျေးဇူးပါပဲဗျ
ဖတ်လို့ကောင်းတယ်
ကျေးကျေး
ဖတ်ကောင်းရှိသေး
မီးပြတ်သွားပြန်ပီ...
မမ ရော
ကြည်ဖြူရော
နျောက်လုံးယူပြိုက်
သံသယက ချစ်သူတွေကိုဝေးကွာစေတယ်
ဟုတ်တယ်ဗျာ အဲ့တာကို ဆင်ခြင်သင့်တယ်...
အဆင်ပြေပါတော့
မပြေစေချင်သေးဘု ထက်တောင်ချဲ့ခြင်သေးတာ ဟဲဟဲ
၃ပွင့်ဆိုင်လည်းမဟုတ်ဘူး ၃ပင်လိမ်တဲ့ ကောင်းတယ်ဗျို့
လိမ်ပတ်နေတာလေ အဲ့မျိုးမှ ကောင်းတာ
good post လေးပါညီ
ကျေးဇူးပါ အကိုရေ
ကိုးရီးယားကားကြည့်နေရသလိုပဲ
Good
ကေဈဇူးမအရေ
အော် အချစ် အချစ်..
i v and c u...plz v and c me back!!
@mgtoetat 👍
Ok
အားပေးနေပါတယ်
ကောင်းကောင်းမဖတ်အားသေးလို့ နောက်မှ ပြန်လာဖတ်မယ်နော်
Thanks
ကောင်းပါတယ်bro
ကျေူဇူးဘဒို
သုံးယောက်လုံး ချစ်တယ်
ဟာ အဲ့တော့နည်းနည်းများသွားပိ ဘဒို
တယောက်တော့ချန်အူးဗျ
Nice post bro
သုံးယောက်လုံး
သုံးယောက်စလုံးချစ်တယ်
😣😣😣
အဖြစ်အပျက်တွေကလာတူနေတယ်
This post has received a 0.94 % upvote from @boomerang thanks to: @pyaesone101
1.53% @pushup from @pyaesone101
This post has received a 0.75 % upvote from @booster thanks to: @pyaesone101.