တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းပါးခြင်းကြောင့် ၀မ်းလျှောခြင်းများ ဖြစ်တတ်ရာ သန့်ရှင်းမှုကို ပထမဆုံးအနေဖြင့် ဦးစားပေးဂရုစိုက်သင့်ပေသည်။ အကယ်၍များ ထမင်းဆိုင်နဲ့ နေအိမ်တို့တွေမှာ ထမင်းဟင်းချက်ပြုတ်တာဝန်ယူနေရသူသည် ၀မ်းကိုက်ပိုးရှိနေလျှင် လူအများကို ကူးစက်စေဖို့ သေချာသလောက်ဖြစ်နေပါပီ.....၀မ်းကိုက်ပိုးဟာ ရေမှတစ်ဆင့်၊ မဆင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးဖြစ်ပေသည်။ ရောဂါပိုးရှိတဲ့ လက်နဲ့ ကိုတွယ်ထိတွေ့တဲ့ အိုးခွက်ပန်းကန်များက စတင်ပြီး စားောက်သူ အများကို ကူးစက်စေနိုင်ပေသည်.....
ထို့ကြောင့် ၀မ်းကိုက်နေသူတစ်ဦးသည် ၀မ်းဗိုက်ရစ်နာခြင်း၊ မအီမသာဖြစ်တတ်ခြင်း၊ ၀မ်းသွားချင်တိုင်း မသွားနိုင်ခြင်း၊ ခန္ဓာကိုယ် နွမ်းနယ် အားယုတ်ခြင်းများ ဖြစ်တတ်ပေသည်။ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ၀မ်းကိုက်ပိုးဟာ နေရာအနှံ့ကို ရောက်ွားတတ်သည် ။ သို့သော် အသည်းသို့သာ ရောက်သွားရင်တော့ အန္တရာယ်များနဲ့ ရင်ဆိုင်ခံရနိုင်သည်။ ၀မ်းကိုက်နေရင် ပေပေတေတေနဲ့ မနေပဲ နီးစပ်ရာ ဆရာဝန်တွေဆီ သွားရောက်ပြသသင့်သည်....အရေးကြီးသည့်အတွက် သေချာပြသသင့်သည်။အသက်အန္တရာယ်ပင် ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ၀မ်းနဲ့ပက်သက်ပီး မပေါ့သင့်ပေ........
ဝမ်းပျက်ဝမ်းလျှောခြင်းဟာ မသန့်ရှင်းသော အစားစာ၊ ရေတွေစသည်တိှု့ အဓိကကူးစက်တတ်သည်။ ပစ္စည်းတစ်ခုတည်းကိုပဲ ၀ိုင်းသုံးနေရင်လည်း ကူးစက်မှုဖြစ်တတ်သည်။ အဓိကကတော့ ယင်နားစာ အစားစာတွေပဲပေါ့။ မိုးရာသီမှာ သရက်သီးမည့်တွေစားရာကနေ ၀မ်းလျှောတတ်ကြသည်။ သရက်သီးကြောင့် မဟုတ်ပေ၊ သရက်သီးအမှည့်ပေါ်ကို ယင်လာနားစားသောက်သွားသည့်အတွက် ကူးစက်ခံရခြင်းဖြစ်ပေသည်........ယင်ကောင်ဟာ ၀မ်းရောဂါအမျိုးမျိုးကိုသယ်ဆောင်ဖြန့်ဖြူးတဲ့နေရာမှာ အကန့်သတ်မရှိ ပြုလုပ်တတ်သည်....
ဝမ်းလျှောမှု များလာရင် ရေဓာတ်ဆုံးရှုံးမှု များပိုမိုဖြစ်တတ်သည်။ ထို့ကြောင့် ရေများများ သို့မဟုတ် ဓာတ်ဆားရေများများ ကိုသောက်သုံးပေးသင့်သည်။ ဓာတ်ဆားရေသည် ၀မ်းလျှောဝမ်းပျက်ခြင်းကို အဓိက ကာကွယ်ပေးသော အရာဖြစ်သည်။ သ်ု့ပေမယ့် ဓာတ်ဆားရေကို ဖျော်ပီး ၂၄ နာရီအတွင်းသာ သောက်သုံးသင့်သည်။
ဓာတ်ဆာဖျော်ရာတွင် နီးစပ်ရာ ရေကိုမသုံးသင့်ပါ။မသန့်ရှင်းတဲ့ ရေမဖြစ်ဖို့ပါ။ ကျိုချက်ထားသေရေ သို့မဟုတ် ရေသန့်ရေကိုသာ အသုံးပြုသင့်သည်......
ဝမ်းပျက်ဝမ်းလျှောခြင်းဟာ မိုးရာသီးမှမဟုတ်ဘဲ ရာသီးမရွေးဖြစ်တတတ်တဲ့ရောဂါမို့ မိသားစုတိုင်း သောက်သုံးရေကို သေချာဂရုစိုက်ပါ။ အစားစာများကိုလည်း ယင်နားစာမဖြစ်ဖို့ သေချာထိန်းသိမ်းပါ။ ယင်ကောင်မပေါက်ပွားအောင် အမှိုက်တွေကိုသေချာစွန့်ပစ်ပါ။ ဘာပဲလုပ်လုပ်၊ ဘာပဲကိုင်ကိုင် လက်ကိုရေဖြင့် ပြောင်နေအောင်ဆေးကြောတတ်တဲ့အကျင့်ရှိနေကြပါစေလို့ တိုက်တွန်းလိုက်ရပါသည်.......
Author >>>>>>>@pyaesone101
MSC No - 023
ခရီးသွားတဲ့အခါ ပိုပြီးသတိထားဖြစ်တယ်။မဟုတ်ရတော့ တော်တော်ဒုက္ခရောက်တာ
ဟုတ်တယ် အကိုရေ ကျနော်ဆို ဖြစ်ဖူးတယ် ခရီးသွားတုန်းက တ်သေးတာပေါ့ဗျာ ဆေးနဲ့ဓာတ်ဆားထုတ်တွေဆောင်လာခဲ့လို့.....
ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲဘူးတောင်ဆိုးထားတာ ဝမ်းပျက်တာတင်မကဘူး၊ဝမ်းပုပ်ရင်လည်းဆိုတယ်
ဟုတ်ပါ့ဗျာ ၀မ်းနဲ့ပက်သက်ရင် ဘာမှမကောင်းဘူးဗျာ
ကျန်းမာရေးအသိ ကျန်းမာရေးသတိ
ကျန်းမာရေး ဂရုစိုက်ပါဗျာ
ကျန်းမာေ၇းအသိ၇တာပေါ့ဗျာ
ကျေးဇူးပါဗျ
ဟုတ်ကဲ့ပါ bro
ဂရုစိုက်ပါ့မယ်
ဟုတ်ကဲ့ ကျေးဇူးပါဗျ
ဂရုစိုက်ပါ့မယ်ဗျာ 😁
ဟုတ်ကဲ့ ကျေးဇူးပါဗျ
ကျန်းမာရေး ဗဟုသုတရပါတယ်။
ဟုတ်ကဲ့ ကျေးဇူးပါဗျ
ငယ်ငယ်ကတခါ ၀မ်းကိုက်ဖူးတယ်ဗျာ ဆေးရုံတောင်တက်လိုက်ရသေးတယ်
တော်တော်ဆိုးတာဗျာ
ဝမ်းကိုက်တာ တော်တော်ခံရခက်တယ်ဗ
ဝမ်းမကောင်းရင် သိတဲ့အတိုင်းပဲ
ဟုတ်ပါ့ဗျာ တော်တော်ဆိုးတယ်ဗျာ ခံရခက်တယ်
ကျန်းမာရေး အလေးထားစရာပါ
ဟုတ်ကဲ့ ကျေးဇူးပါဗျ
မျှဝေပေးတာကျေးဇူးပါ
ကျေးဇူးပါဗျာ
အခုတလောအစားအသောက်ကအစသတိထားနေရတယ်
အခုလို အချိန် မိုးရာသီမှာ ပိုပြီး သတိထားရမယ် ။ ယင်နားစာတွေ မသန့်ရှင်းအစားအစာတွေကို သတိထား ရှောင်ကြည်သင့်ပါတယ်။ သရက်သီး၊ ပိန္နဲသီးတွေ ပေါလာပီ ပိုဆိုးမယ်။