" မပြောတော့ပါဘူး ……
ဘာမှဆို ဘာမှ မပြောတော့ပါဘူး ……
အော်! ဒုက္ခပါဘဲကွာ ဘာမှဆို ဘာမှကို မပြောတော့ပါဘူးဆိုမှ ပြောစရာက တည့်တည့်လာတိုးနေပြန်ပါပြီ ။ "
B Pyae ပျင်းတာနဲ့ မောင်မောင်လေးနဲ့အတူ မြန်မာဇာတ်ကားထိုင်ကြည့်နေတာပါ ။ ဇာတ်လမ်းထဲမှာ ဂွမ်းပုံပြောနေတဲ့အသံကို ကြားလိုက်မိပြီး သူလိုလိုက်ပြောကြည့်နေတုန်း ဗြုန်းဆို မထင်မှတ်ဘဲ B Pyae အမရောက်လာပြီး သူ့ ပြောနေပါတယ်ဆိုပြီး ရန်စနေလို့  အဲဒီအခန်းကို ပြန်ရစ်ဖွင့်ပြရသေးတာ ။
အဲလိုဖွင့်ပြလိုက်မှဘဲ ကျေနပ်သွားဟန်နဲ့ အိမ်နောက်ထဲဝင်သွားပါတော့တယ် ။ ဖြစ်ရလေတယ်နော် သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ။
ဟော ! နောက်တရောက်က လာပြန်ပြီရှင့် ။ B Pyae သူငယ်ချင်း ငပုလေးပါ ။ သူဘာသူ ဘယ်ချိန်က အိမ်ထဲရောက်ပြီး မီးဖိုချောင်ဝင် ထမင်းစားနေတယ်မသိပါဘူး ။ သူထမင်းစားတာ ရွဲ့ပြီး ဘာမှမပြောချင်ပါဘူးဆိုတာကြီးကို ၂ခါပြန်ရစ်ဖွင့်တာ သူ့ ပြောပါတယ်ထင်နေပြန်ရောလေ ။ ခက်တော့ ခက်နေပါပြီနော့ ။
မောင်မောင်လေးကို ဒီဇာတ်ကားမကြည့်ချင်တော့ဘူး အစလဲမမှီလို့  နားမလည်ဘူးပြောပြီး အခန်းထဲဝင် လိုင်းလေးဖွင့် ဖေ့ဘုတ်လေးဖွင့်မိတာပေါ့ ။
ဟိုက်! B Pyae အောင်မလေးထအော်မိတယ် ။ facebook ဖွင့်ဖွင့်ချင်း အခြောက်မတယောက်က ပဲတွေပေး အိုက်တင်ထုတ်ပြီး မခို့ တရို့လေးဓါတ်ပုံရိုက်တင်ထားတာ ကြောက်စရာကြီး ။ မျက်လုံးကို အမြန်နှုန်းနဲ့ အမြန်ဆုံးပိတ်လိုက်ရတာပေါ့ ။
ဘယ်သူလဲ?
ဘာဇာတ်ကားလဲ ? လို့ တော့ B Pyae ကို လာမမေးကြပါနဲ့နော် ။
မပြောတော့ပါဘူး ……
ဘာမှဆို ဘာမှ မပြောတော့ပါဘူး ……
[crd photo]
MSC 021
Flag
နိဘာလုပ်လို့လား
ဘာဘာမှမပြောချင်ပါဟုတ်လားသမီး
ဟု အန်တီ
ဘူ့ရွဲ့ပြနေတာလဲ ပုံက
Gese
အေး ကောင်းတယ် မပြောနဲ့
ဟု ပြောပု
ဘာဆိုဘာမ ပြောဘူး😂
ဟိ
yes!