ဖေ့ဘုတ်မှာ ဆူဆူညံညံ
ဘာသံလဲမေး
အဆိုးအကောင်းရောယှက်အားပေး
MSC အတွက် မေတ္တာသံတေး ……
MSC ရဲ့ ကော်ပီမကူးရဆိုတဲ့ စည်းကမ်းရယ် တခြားစည်းကမ်းချက်တွေကို သဘောကျ လက်ခံကြသူတွေ ရှိကြသလို သဘောမကျ လက်မခံနိုင်လို့  ထွက်သွားသူတွေလည်းရှိခဲ့ပါတယ် ။
သဘောမကျလို့  လက်မခံနိုင်လို့ ပြောပြီးထွက်သွားတော့ ပြောစရာဘာမှကို မရှိတာပါ ။ ထိုသူများမှာလည်း ကိုယ့်ခံယူချက်နဲ့ကိုယ်ဖြစ်သောကြောင့် လွပ်လပ်စွာ ကွဲလွဲခွင့်ရှိနေတာပါ ။
သဘောကျ လက်ခံသူများကိုတော့ msc က ဆက်လက် လက်တွဲကူညီလျှက်ရှိခဲ့ကြပြီး လုပ်ကိုင်နေကြတုန်းပါဘဲ ။ ဒါဟာလဲ သူတို့ ယုံကြည်ချက်နဲ့သူတို့  ဘာမှပြောစရာဘူးရှင့် ။
နောက်တခုကတော့ ပြောစရာလိုပါပြီ ။ MSC ကို သဘောကျသလို လက်ခံသလိုလုပ်ပြီး MSC ကို သဘောမကျ လက်မခံနိုင်တဲ့သူတွေကို တမျိုးတဖုံ ရန်တိုက်လှုံ့ဆော်ပေးနေတဲ့ ကြားနေသူတော်ကောင်းကြီးတချို့ ရှိနေတာကြောင့်ပါ ။
ထိုသူတော်ကောင်းတွေရဲ့ ဖွက်ထားတဲ့လက်သည်းတွေကတော့ အင်မတန်ကြောက်စရာကောင်းလှပါတယ် ။ သဘောထားဆိုတာ ကွဲလွဲကြနိုင်တဲ့အကြောင်းကြောင်းတွေကြောင့် ကွဲလွဲခဲ့ကြပေမယ့် ပေါင်းစည်းညှိနှိုင်းမှုတွေဟာလည်း လုပ်ဆောင်လို့ ဖြစ်နိုင်တဲ့အရာပါ ။
ပေါင်းစည်းမှုမရမချင်း ကြိုးစားခွင့်ရှိသလို ပေါင်းစည်းမှုမရသရွေ့ကလဲ ကွဲလွဲဆန့် ကျင်ဘက်ဖြစ်နေအုံးမှာပါဘဲ ။ ဒါကို အခွင့်ကောင်းယူပြီး သူတော်ကောင်းကြီးများက သွေးထိုး လှုံ့ဆော် နေတာကတော့ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး မြင်မိပါတယ် ။
msc ရဲ့ ကော်ပီကူးယူတာသိရှိခဲ့ရင် msc မှထုတ်ပယ်ပါမည်ဆိုသော စည်းကမ်းချက်အတိုင်း ကော်ပီကူးယူထားကြောင်းကို သက်သေနဲ့တကွ သိရှိလာခဲ့လို့ ထုတ်ခံရသူတွေရှိခဲ့ပါပြီ ။ msc ထဲဝင်လာကထဲကတည်းကလဲ ကျမတို့ အားလုံးဟာ ထိုစည်းကမ်းကို လိုက်နာပါ့မယ်ပြောပြီး msc မန်ဘာနံပါတ်ကိုယူပြီး ပရိုမိုးရှင်းရယူရန်အတွက် ဝင်လာခဲ့ကြသူတွေပါ ။
ခြေမ မကောင်း ခြေမ လက်မ မကောင်း လက်မပေါ့ ။ ကော်ပီမိသူများကို ထုပယ်ခြင်းခံရင်လည်း ရဲရဲရင်ဆိုင်ပေါ့ ။ မိမိလုပ်သည့်အတွက် အကျိုးခံစားရလျှင် မိမိဖြစ်သလို အပြစ်ခံရရင်လည်း မိမိဘဲခံပေါ့ ။ ခု msc ရဲ့ leader နဲ့ admin များရဲ့ အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ အပြစ်ရှိလို့ ထုတ်လိုက်ရင် အဆဲခံရပြီး မတရားလုပ်နေသလို မေတ္တာပို့ ခံနေရတယ် ။ တကယ် စေတနာထားပြီး
ကျေးဇူးတင်ကြတဲ့သူတွေလည်းရှိကြတော့ သူတို့ ရဲ့ချိုသာတဲ့မေတ္တာသံတွေလည်း ကြားရပါတယ် ။
ဘာဘဲဖြစ်ဖြစ် ထိုမေတ္တာသံတွေအတွက် MSC က ကျေးဇူးပါလို့ ပြောရင်း ကော်ပီစည်းကမ်းကို ဆက်လက်ထိန်းသွားပါ့မယ်ရှင် ။MSC အတွက် မေတ္တာတေးများ သီဆိုကျူးရင့်နိုင်ကြပါစေ ။
MSC 021
MSC ကိုလည်းကျေးဇူးတင်ပါတယ်ဗျ
ဟုတ်ကဲ့
အကိုတာကတော့ မဆဲဘူးနော်။ MSC ကိုချစ်နေဆဲပါ။
ဖြတ်သန်းခဲ့တဲ့  ၆ လ အတွင်း အတိုက်အခိုက်တွေ က ပေါလိုက်တာ ကိုထမင်း ကိုစားပြီး လုပ်ပေးနေလဲ အပြောခံရတော့ ငါတော့ Mute ပဲသုံးတော့တယ်
အွံ
funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?Thank you @pyaesonekhinkhin for making a transfer to me for an upvote of 0.57% on this post! Half of your bid goes to @budgets which
မပြည့်လို admin ကြီးရဲ့ အောက်မှာ Member လေးဖြစ်ခွင့်ရဒါ ကျွန်တော်တို့အတွက်တော့ ဝမ်းသာမဆုးံပါဘူး။ အရမ်းလေးစားပါတယ်။ jerry လေးပါရောက်လာပါလား
မှန်ပါတယ် ညီမရေ ။ အဆိုးမြင်ရှိသလို အကောင်းမြင်တွေလဲ ရှိနေကြပါတယ်။ ဘယ်သူမပြုမိမိမှု ပါ ။ မေတ္တာတေးသံများ ညံနေတာကိုပဲ ဆက်လက်ကြားချင်နေပါတယ်။
ဟုတ်တာပေါ့အုအုရွှေရေ
MSC စည်းကမ်းအားလုံးသဘောတူပါတယ်
ဟုတ်ကဲ့ ကျေးဇူးပါ
thanks, your post! have a nice day.
thanks
ဟုတ် လိုက်နာပါ့ မယ် ဗျ
လိမ်မာလိုက်တာအေ
😂
👍💪
ဟုတ်ကဲ့စင့်
This post has received gratitude of 1.07 % from @appreciator thanks to: @pyaesonekhinkhin.
Wow msc လိုချင်မိတယ်ဗျာ
MSCဗျို့.MSC
ခလိန်းတေ လိမ်မာနေတယ်အေ