အကျင့်ကောင်းလေးများမွေးဘို့  ကိုယ့်ကိုယ်ကိုပြင်ဆင်ရပေမည် ။ ပြင်ဆင်ရအုံးမယ်ဆိုလို့  အစက အကျင့်မကောင်းဘူးလားလို့ တော့ မမေးနဲ့နော် ။ ကောင်းသည်ထက် ပိုကောင်းအောင်လာအောင် ပြင်ဆင်ရအုံးမယ်လို့  ဆိုလိုခြင်းပါ ။
ဒါဆို အမြဲတမ်းအကျင့်ကောင်းနေတာလားလို့ လဲ ကပ်သီးကပ်ဖဲ့ ထပ်မမေးပါနဲ့အုံးလေ ။ အမြဲတမ်းတော့ အကျင့်မကောင်းခဲ့ပါဘူး ဝန်ခံပါတယ် ။ B ပြည့်လဲ ပုထုဇဉ်လေ တခါတလေတော့ စိတ်က ထစ်ကနဲဆို ငါ့ကိုဒီလိုလုပ်ရမလား ငါကကောင်းနေတာကို ဒီလိုပြောရမလား ဆိုပြီးတော့ ဒေါသတွေထွက် တုန့် ပြန့် ချင်တဲ့စိတ်ကလေးတော့ ပေါ်မိတာပေါ့ ။
ဆိုရိုးစကားရှိပါတယ်လေ ။ အမှားကို မှားမှန်းသိရင် ဝန်ခံရဲရမယ်ဆိုတာနဲ့ အမှားကို အမှားလို့ သိပြီးရင် အမှန်ကိုပြင်ဆင်ရမယ် ဆိုတာလေ ။ ဒီတော့ Bပြည့် ဖြစ်တတ်တာကို ဝန်ခံပြီးပြီဆိုတော့ အမှန်ကိုပြင်ဘို့ သာ ကျန်တော့တာပေါ့ ။
B ပြည့်ရဲ့ အကျင့်ဆိုးလေးတွေရှိတတ်တဲ့ လက်တုန့် ပြန်ချင်တဲ့စိတ်ကို ပြင်တော့မယ် ။ ဘယ်လိုပြင်ရမလဲ ကိုယ့်ဘာကိုယ် လုပ်နိုင်တာလေးက စပြီး စဉ်းစားလိုက်မိတယ် ။ လူကြီးတွေကလည်း ဆုံးမထားကြတာဆိုတော့ ကိုယ့်ကို မကောင်းပြောနေသူကို သူဘာပြောပြော မကြားမိအောင် ကိုယ်ကနေပြလိုက်မယ် ။ ကိုယ်ဒီလိုနေပြလို့ မှ ထပ်ကြားလာအောင် ကိုယ့်ဆီလာပြောသူများကိုလည်း မပြောကြဘို့  တားမြစ်လိုက်မယ် ။ ဒါဆို သူဘာပြောပြော ကိုယ်မကြား မသိရတော့ ဒေါသလည်းမဖြစ်တော့ဘူး ။ ဒေါသမဖြစ်တော့ တုန့်ပြန်ချင်တွေလည်း မရှိတော့ဘူးလေ ။ ကဲ ဘယ်လောက်ငြိမ်းချမ်းသွားလဲလေ ။
သူ့ဘက်က ဘာတွေဘယ်လို ကိုယ့်ကို မကောင်းပြောနေပါစေ သူမောရင် ရပ်သွားမှာပါ ။ အမောပြေလို့ သူထပ်ပြောလာပါစေအုံး ကိုယ်က မကြားနိုင်အောင် တားမြစ်ထားနိုင်ခဲ့လို့  သူသာလျှင် သူပြောသမျှ
ကိုယ်မကြားလေခြင်းရယ်လို့  ဒေါသတွေထပ်ခါထပ်ခါဖြစ်ရင်းနဲ့ သူသာလတ်တလောကြုံတွေ့ရမယ့် အပူတွေတိုးနေတော့မှာပါ ။
ဒီတော့ ဒီနေ့ ကစပြီး B ပြည့်ရဲ့အကျင့်ဆိုးကို ပြင်ပါပြီ ။ B ပြည့်လိုစိတ်ရှိကြသူများလည်း အကျင့်တူများလည်း ပြင်နိုင်ပါက ပိုကောင်းပါမယ်လို့ အကြံလေးပေးပါရစေ ။ နေတတ်ရင် လောကကြီးဟာ ကျေနပ်စရာချည်းပါ ။ နေရတဲ့အချိန်ခဏလေးမှာ မိမိရှင်သန်နေရတဲ့ဘဝကို ဒေါသတွေနဲ့ ပင်ပန်းစွာဖြတ်သန်းနေမယ့်အစား ပျော်ရွှင်စွာဖြတ်သန်းသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ ။
MSC 021
Living young, wild and free 😍
right bro
ဒါပေါ့အန်တီရာ😁
ဟုကဲ့အဖိုး
မန်းလေးသူ ညိုချောလား
ဟားး လာvoteအူးမှပါ ညိုချောဆိုလို့ 
ကိုယ့်ဘက်ကအဲ့ဒီလိုစိတ်မျိုးနဲ့နေပေးနိုင်ရင်ကောင်းပါတယ်
ဒါပေမဲ့ သီးမခံနိုင်တဲ့တနေ့ကိုရောက်ရှိခဲ့မယ်ဆိုရင်တော့
အရူံးဆိုတဲ့ရလဒ်တစ်ခုကိုရင်ဆိုင်ရလိမ့်မယ် ပြည့်..
ဟုတ်တယ် ထိန်းမှစိတ်ကမလွယ်ဘူး
B ပြည့်ဆိုတာလေးတစ်ခုပဲ့ နားမလည်ဘူး
Bပြည့် is baby pyae လေ
အိုကွယ် baby တဲ့လား မမရယ်
Nice post
I follow you Follow mee back plz
vote my post
ok thank you
အားပေးပါတယ်ညီမလေး၊ သူများပြော့ဆိုတာထက်ကိုယ်တိုင်ပြင်ချင်စိတ်ရှိတာပိုကောင်းတယ်
ဟုတ်ကိုကို
ပုထုဇဉ်ဆိုတော့လည်း ခက်တယ် ပြည့်ရေ
ကိုယ့်ကိုပြောဆိုလာရင် မခံချင်ဘူးရယ်
ဒါပေမဲ့ အတက်နိုင်ဆုံးတော့ သည်းခံနေပါတယ်
ဟုတ်ကဲ့မမစု
နေတတ်ရင်ကျေနပ်စရာကြီးပါ
မနေတတ်လို့ မှမရတာလေနော့အကိုတာ
သီးခံ ပါတယ် ဟာ ။ ဘာမှ ပြန်မလုပ်တာ နင်သိပါတယ် ။ အတူတူလက်တွဲ သွားကျမယ် msc အနာဂတ်လေး ထွန်းတောက်လာအောင်။
အဟေး ဟေး
တကယ်နော်
တကယ်ပါဆို
တကယ်ပြင်ပြီပေါ့
ဟုကဲ့
စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေပေါ်လာစဉ်းစားပြီး မေးခွန်းလေးတွေဖြေပါ(ဟေမာ)
ကောင်းပြီဆိုရင် ခံရပြီသာမှတ်(မောင်သာရ)
ဗြဲ
လှလိုက်တာဆို မင်းသမီးကျလို့😁😁
ကျေးဇူးပါ မမkyi လဲလှပါတယ်ရှင်
STEEM WitnessYou got a 0.37% upvote from @upme requested by: @pyaesonekhinkhin. Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round. To support our activity, please vote for my master @suggeelson, as a
မမြင်တာကြာလို့…မလွမ်းပို…
ဟားး
ညီမရေ အလည်လာသွားတယ်ကွယ်
ညီမလေးလည်း ညကျလာလည်ပါ့မယ်ရှင်
ပုထုဇဉ်တိုင်းက အရူးကြီးပဲလို့  ဆိုစကားရှိတယ်ခင်ဗျ
အစ်မကျတော့ အရူးနဲ့လည်းမတူဘူးနော်
စကားပုံများ မှားသလားပဲ ဟဲဟဲ သားကစတာနော်
aww
စာကကောင်းရဲ့သားနဲ့ပုံက လန့်တာအေ
မကျေနပ်တာတွေအောင်းထားရင် နှလုံးလေဖြတ်တတ်တယ်လေ၊ မကျေနပ်လဲကျေနပ်တော့။