ခတ္တတွေးပါရစေ

in #myanmar7 years ago (edited)

အေးစက်စက် အသိတွေနဲ့
ဝေးသွားမှန်းမသိ ဝေးသွားခဲ့တာများ
ဆန့် ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းလို
စထွက်တုန်းခန ဆုံကြတာများလားကွယ် …………
လို့  စာရွက်ခေါက်လေးကို ဖတ်ပြီးချိန်မှာတော့ ရင်ထဲမှာ ဟာတာတာနဲ့ လွမ်းမိသလိုလို သတိရမိသလိုလို ရှိလာတာကြောင့် စာတစ်စောင်ရေးပေးပြီး အဆက်ဖြတ်သွားတဲ့သူ့ ကို ရည်ရွယ်ပြီး ဤစာသားလေးရေးမိလိုက်ပါတယ် ။

မေ့လျော့နေပေမယ့် တိုက်ဆိုင်မှုရှိလာတဲ့အခါ ပတ်သက်ခဲ့သမျှတွေဟာ အသစ်ပြန်တွေးမိသလို ဖြစ်နေပါတယ် ။ သူနဲ့ကျမရဲ့ သတိရစရာလေးတွေကိုလည်း ပြန်မြင်ယောင်မိလာပါတယ် ။ စိတ်ညစ်စရာတွေတော့ ပြန်မစဉ်းစားချင်တော့လို့  ရေးမပြတော့ဘူးနော် ။

သူနဲ့ပတ်သက်တဲ့ ကျမပျော်ရွှင်ခဲ့ရတာတွေကို ပြန်စဉ်းစားမိပါတယ် ။ ကျမစိတ်ကောက်တိုင်း မနေတတ်ဘူး စိတ်ကောက်ပြေပါတော့ အကြိမ်ကြိမ်ပြောနေတတ်တဲ့ ဖုန်းထဲက သူ့ အသံရယ်
facebook messenger chat box ထဲမှာ ရေးထားခဲ့တဲ့ သူ့ စာလေးတွေကို မြင်ပြီး စိတ်ကောက်ပြေခဲ့ရတာလေ ။

စိတ်ကောက်တတ်တဲ့ကျမကလည်း အကျင့်က မကောင်းဘူးရယ် ။ အဲ့ဒီအချိန်က တကယ်လဲ မခေါ်ဘဲမနေနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် သူနဲ့ကျမ အမြဲတွေ့နေကျလိုလို စိတ်ကူးယဉ်ခဲ့ရသော နေရာလေးတခုဖြစ်တဲ့ ကျမတို့ စကားပြောနေကျ chat box ကို သူစာပို့ လို့ မရအောင် ဘလော့တာမျိုးနဲ့ facebook account ကို unfriend လုပ်တာမျိုးတွေကို ကျမစိတ်ကောက်တိုင်း လုပ်တတ်ပါတယ် ။

သူက facebook messenger မှာစာပို့ မရတဲ့အခါနဲ့ ကျမအကောင့် မီးစိမ်းမမြင် active မဖြစ်ရင် ဖုန်းခေါ်မှာကိုလည်း ကျမကြိုသိနေတတ်တော့ ဖုန်းလေးလက်ထဲကိုင်ပြီး သူပြန်အချော့ကို စိတ်ကောက်ရင်း မျှော်နေမိရတာဟာ ကျမအလုပ်တခုပေါ့ ။ ကျမတွေးထားသလို သူဖုန်းခေါ်ပါတယ် ။ မိန်းကလေးဆိုတော့လည်း ကိုယ့်ချစ်သူအပေါ် ဆိုးချင် နွဲ့ချင် မိကြတာတော့ သဘာဝဘဲလေ ။

ကျမဖုန်းကို သူပထမတစ်ခါခေါ်ရင် ကျမက စိတ်ကောက်နေတော့ ချက်ချင်းမကိုင်ဘဲ နေတတ်ပြီး သူနောက်တခါ ထပ်မခေါ်တော့မှာကိုလည်း စိတ်ကပူရသေးတဲ့ ကျမအဖြစ်ကလဲ လွယ်တော့မလွယ်ပါ ။ ဒုတိယအကြိမ် သူပြန်ခေါ်တော့ ရင်ထဲမှာ ပျော်ရွှင်ကြည်နူးခဲ့ရပါတယ် ။

အဲ့ဒီအချိန်တုန်းကတော့ ကျမဟာ သူသိပ်ချစ်တဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း စာရွက်ခေါက်ကလေးပေးပြီးချိန်မှာတော့ ကျမဟာ သူပြစ်သွားခဲ့သူတစ်ယောက် ဖြစ်နေခဲ့ပါပြီ ။ ပျော်စရာ ပြန်တွေးမိနေရင်းကို လက်ရှိ ကိုယ့်အဖြစ်လေးက ကြားဖြတ်ပြီး အတွေးထဲရောက်လာသေးတယ် ။

ကျမရဲ့ အတိတ်က ရင်ခုန်စရာ ပျော်စရာ အတွေးလဲ ပြတ်သွားတော့ ဆက်မတွေးတော့ဘဲ သူဘယ်တွေသွားပြီး ခုဆို ဘယ်သူနဲ့သူပျော်နေမလဲ ?
သူအဆင်ပြေပါရဲ့လား ? သိချင်နေမိသေးတဲ့ ကျမအဖြစ်ပါ ။

image

photo credit # facebook search

Steemit မှသူငယ်ချင်းများအားလုံး ချစ်သောသူနဲ့ ဝေးကွာရခြင်းမှ ကင်းလွတ်ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် ။ အရာရာ အောင်မြင်ကြပါစေရှင်……

@pyaesonekhinkhin

MSC ( 021 )

Sort:  

pyae sone khin khin ကိုယ်တိုင် ဖန်တီးပုံဖော်သည် အဟတ်

ပေးတဲ့ဆုပြည့်နေပီဗျာ သာအေးကတော့

ဟုတ်ပ ဟုတ်ပ cute baby လေးတောင်ပါသေးနော့

ပေးတဲ့ဆုတောင်းလေးကို အမြန်ဆုံး ပြည့်ရပါလို၏ ပြန်လည်၍လည်း ဆုတောင်းပေးလိုက်ပါတယ်

ဟုတ် ကျေးဇူးတင်ပါတယ်ရှင်

Good Writing , Very Nice!

ကိုယ်​​တွေ့မှတ်​တမ်း​လေး​ပေါ့​လေ

ဟုတ် ခ်ခ်

လူ့ဘ၀မှာ အချစ်တွေပေါတယ် အစစ်တော့ရှားမယ် ရှာရင်တွေ့မယ် နောက်ကလိုက်ရင် ပြေးလိမ့်မယ် ရပ်နေရင်လာလိမ့်မယ် အသဲကွဲတာတွေဖတ်ပြီး အချစ်အကြောင်းတွေ ရေးရမလိုဖစ်နေပြီ နပြည့်

ရေးလိုက်ပါအကိုစိုး အားပေးပါ့မယ့်

မဝေးသေးဘူးsisရေ
နီးတော့နီးနေတယ်
Crushကိုမပြောရဲသေးတာတစ်ခုပဲ

Good Story
Thank you

ကျေးဇူးပါ

အင်းဆုတောင်းပြည့်ဖို့ကတော့မဖြစ်နိုင်တော့လေပြီမို့
ညီမလေးပဲမြန်မြန်ပြည့်ပါစေလို့ပြန်ဆုတောင်းပေးလိုက်ပါတယ်

ဟီးး ညီမလေးလဲ ပြည့်ချင်တယ်မမ

ပြည့်စေ

@cryptohustlin has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Good postပါsisကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

ခုရက်ပိုင်း feeling တွေ များနေပုံပဲ

ဟုတ်တယ်အကို

ဝေးသေးဘူး

good တာပေါ့

အားးး.......တိတ်ဆိတ်ကွဲကြေအခန်းထဲ မင်းမြင်မလား..
ငါတစ်ယောက်ယောက်နဲ့.စကားပြောချင်တယ်..
သတိရနေတုန်း....ဘယ်သူများငါ့ဘေးလာနေပေးမလဲ..
...မျှော်လင့်ချက်အလင်းရောင်လေးတောင်ဝေးးးး...
.ဘဝ...ဒီမှာ..ငါတစ်ယောက်တည်း..ဆေးလိပ်သောက်နေ..
..
ဘာမှဟုတ်ဘူး...သီချင်းလာဆိုပြတာဗျိုး..
ဒါနဲ့...
အနော့ အသံကောင်းလားဟင်😁😁😁😁😁

ကောင်းပါ့ ကောင်းပါ့

😁😁😇😇

Congratulations @pyaesonekhinkhin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ပြန်​ပြီးမဆုံ​တွေ့နိင်​​တော့ဘူးလား

ဆုံရင်တော့ ကောင်းမှာပေါ့
ဒါပေမယ့် သူကအိမ်ထောင်ကျနေရင်ပိုပြီးဆွေးပေါ့ ခိခိ

ကြေကွဲစရာ​ပေါ့​နော့

အချစ်စစ်တွေရောင်းမယ်၊ အချစ်စစ်တွေရောင်းမယ် တစ်ခုမှ ထောင့်ငါးရာထဲနော်၊ ဈေးတော့မဆစ်နဲ့ကွယ် ကြိုက်တာကိုရွေံး ဝယ်ဝ်ယဝယ်......... အချစ်သယ်..အချစ်ယ်၊ ရွဲကုန်သည်နဲ့မှားကုန်ပီ