ကိုယ့်ကိုယ်ကိုသုံးသပ်ခြင်း …… ၂

in #myanmar7 years ago

FB_IMG_1508099222808.jpg

အပြောချိုချိုလေးတွေ စကားလုံးလှလှလေးတွေသုံးပြီး ပြောချင်တာပေါ့
တချို့နေရာတွေမှာကျ အဲ့ဒါတွေက သုံးလို့ မဖြစ်၍သာ မသုံးခဲ့မိတာပါ ။

အချိုသာဆုံးစကားတွေကို ပြုံး၍ ပြောဆိုခြင်းဟာ ကိုယ့်အတွက်လဲ စိတ်ချမ်းသာရသလို ဒေါသလဲကင်းပြီး ကြားရသူအတွက်လည်း သင့်တော်ပါတယ် ။

အားလုံးသောသက်ရှိများတွင်ကား ဒေါသကိုယ်စီရှိနေတတ်ကြပါတယ် ။ လူအမျိုးမျိုး စိတ်အမျိုးမျိုးရှိသလို ခံစားချက်များကလည်းရှိကြတာအမျိုးမျိုးပေါ့ ။

စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်အမျိုးမျိုးကို ချပြဖွင့်ပြောလို့  မဖြစ်တဲ့နေရာတွေရှိပါတယ် ။ ကိုယ့်ခံစားချက်ကို မျိုသိပ်ထားရတော့ ဒေါသတွေဝင်လာတတ်ပါတယ် ။ ထိုဒေါသတွေကိုလည်း ပေါက်ကွဲပြလို့ မသင့် / မရ တဲ့နေရာမျိုးတွေကလည်း ရှိတတ်တော့ ထိုသို့  ထပ်ဖြစ်လာတဲ့အဖြစ်တွေအတွက်က မိမိစိတ်ထဲမှာ မကြည်လင်နိုင်တော့ပါ ။
စိတ်မကြည်လင်တော့ မျက်နှာကလဲ အလိုလိုပြောင်းလာပါတယ် ။ ထိုအခြေအနေမျိုးမှာတော့ နှုတ်ကထွက်လာမယ့်အပြောအဆိုတွေလည်း ချိုသာခြင်းမရှိသလို စကားလုံးလှလှတွေသုံးပြီး ပြောနိုင်မည်လဲ မဟုတ်တော့ပါ ။

မိမိစိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာရယ် မိမိခံစားနေရသော ခံစားချက်များကို မိမိသာအသိဆုံးဖြစ်သည့်အတွက် မိမိကိုယ်ကို ဟန်ဆောင်မနေဘဲ ဆုံးဖြတ်ချက်တခုကိုချပြီး လက်တွေ့လုပ်လိုက်ပါ ။

အဆင်မပြေမှုတခုခုအတွက် ဖြစ်ပေါ်နေသော ဒေါသတွေအတွက် အများနဲ့ စကားပြောဆိုရန်
အပြောချိုသာပြီး စကားလုံးလှလှတွေကို ဟန်ဆောင်မပြောနိုင်လျှင် လူအများက အပြစ်တင်မုန်းတီးမှုမရှိစေရန် အများနှင့်ဝေးရာ တနေရာမှာရှောင်နေခြင်းက ပိုအဆင်ပြေမှာပါဟု ကိုယ့်ကိုယ်ကိုသုံးသပ်ရင်ဖြင့် ……

3082809_S.png

credit image source

@pyaesonekhinkhin

MSC 021

Sort:  

ဟန်မဆောင်တတ်တော့ခတ်နေပြီပေါ့

ရင်ထဲရှိတဲ့အတိုင်းပဲ ပြောတတ်တယ်။
ဟန်မဆောင်တတ်တော့ တချို့ တခါတလေ မဟန်ဘူး။

ဟုတယ်အကို

မုသာမပါအလင်္ကာမချောတဲ့ အခုခတ်လက်သုံးစကားလေ။ မျက်နှာဖုံးစွပ်ထားတဲ့သူတွေကများတယ်

ဟုတ်ကဲ့

လူချစ်လူခင်ပေါအောင်နေရင်လည်း
ကိုယ့်က လူပေါကြီးဖြစ်။
ခပ်တင်းတင်းပြောပြန်ရင်လည်း ဆရာကြီးလားဆိုပီးအပြောခံရတယ်။
ဘယ်လိုမှကိုပြောမကောင်းတဲ့လောကကြီး😁😁
Next No.3, Wailting😁😁

comming soon >> thank you bro