" ဝ " လုံးကလေး ဘယ်လိုရေး
ဟောဒီလိုရေး ဝိုင်းဝိုင်းလေး
" သုံည " ကလေး ဘယ်လိုရေး
ဟောဒီလိုရေး ဝိုင်းဝိုင်းလေး ……
ဘေးအိမ်က သူ့ကလေးကိုစာရေးသင်ရင်း ဆိုပြနေတဲ့အသံကိုကြားမိပြီး ကျမငယ်ငယ်တုန်းကလဲ အခုလိုအော်ဆိုပြီး စာရေးလေ့ကျင့်ခဲ့ရတာ မှတ်မိပါသေးတယ် ။ ဝ လုံးလေး ရေးတတ်ပြန်တော့လည်း အိမ်မှာ မာမီက ကျမလက်ကလေးကိုကိုင်ပြီး လက်ရေးလှလှရေးတတ်စေဘို့နဲ့ ဝလုံးလေးဝိုင်းနေအောင် လေ့ကျင့်ပေးခဲ့တာတွေရော သတိရလာတယ် ။
ကြီးလာတော့ ၄တန်းအထိ ကျမလက်ရေးကမလှ ။ မာမီက ကျောင်းပိတ်ရက်ရှည်နေ့တွေမှာ သူ့ရုံးကိုခေါ်သွား ပြက္ခဒိန်အဟောင်းတွေရဲ့နောက်ကျော်ကိုလှန်ပြီး သူရေးတဲ့စာအုပ်ကိုရှေ့မှာချထားပြီး သူ့လက်ရေးနဲ့ တူအောင် ကျမကိုလိုက်ရေးစေတယ် ။ ဒီလိုနဲ့ လက်ရေးတွေ လှလာခဲ့တယ်ဆိုပါတော့ ။
ကျမတို့သားမိ၃ဦးရဲ့ လက်ရေးတွေဟာ အခုဆို အတူတူတွေလို့  ရုတ်တရက်ကြည့်ရင် ထင်ရတဲ့အထိပါ ။ ကျမက ငယ်ငယ်က အရုပ်ရေးတာ ဝါသနာပါတော့ မာမီ့ ဖောင်တိန်တချောင်း ကျမလက်ထဲရောက်လာတာနဲ့ တွေ့သမျှစာအုပ်ပေါ် အရုပ်ဆွဲတတ်တာ ။ စာအုပ်မတွေ့ရင် အိမ်ကဆိုဖာပေါ်လဲ လူလစ်ရင်လစ်သလို ဆွဲထည့်လိုက်တာ အရိုက်ခံရတဲ့ထိပါဘဲ ။ ရုံးခေါ်သွားရင်လဲ ရုံးကနံရံအဖြူတွေမှာ လစ်ရင်လစ်သလို ဆွဲခဲ့ရတာ ဝန်ထမ်းတွေက ကျမလာရင် အမြင်ကပ်တဲ့အထိပေါ့ ။
ရုံးကဝန်ထမ်းတွေက ကျမလိုက်လာရင် မာမီကွယ်ရာမှာ မျက်လုံးပြူးပြတာတို့  ဟောက်တာခြောက်တာတို့  သရဲရှိတယ်ပြောတာတို့ ပြောပြီး ကျမကိုကြောက်အောင်ပြောကြတာပေါ့ ။ ကျမက ကြောက်ပြီး မာမီအခန်းထဲက မထွက်တော့ဘဲ ကပ်နေခဲ့တော့ မာမီက သူ့ တပည့်တွေကိုမေးတယ် " နင်တို့ ငါ့သမီးလေးကို ငါမသိအောင် ခြောက်ထားကြတာလား " ဆိုပြီး ။ အဲ့လို တန်းသိ တန်းရိပ်မိတတ်တဲ့ ကိုယ့်အမေပါ ။သူရုံးကိုခေါ်လဲ မလိုက်ချင်တော့ဘူး ငြင်းခဲ့ရတာတွေ ပြန်စဉ်းစားပြီး သတိရလာမိတယ် ။
တဖက်အိမ်က စာသင်နေတဲ့အသံကြားပီး ကျမငယ်စဉ်က အကြောင်းတွေတွေးမိလာတဲ့ တပြိုင်ထဲမှာ မာမီကို ကျမစိတ်ထဲ အလိုလိုသနားလာမိတဲ့စိတ်ကလေးဖြစ်မိလာတယ်ဘာကြောင့်ရယ်တော့မသိ ။ Broken family တခုမှာ လိုအပ်တာတွေတော့ အများကြီးပေါ့ ။ စိတ်အလိုမကျ အဆင်မပြေဖြစ်စရာ အထွေအထူးမရှိလဲ တခုခုလိုနေသလို အမြဲခံစားနေရတဲ့ ခံစားမှုမျိုးက သားသမီးတွေမှာ မကြာမကြာ ခိုအောင်းနေတတ်တယ်လို့  ကျမထင်တယ် ။
သိတတ်လာတဲ့ အခုလိုအသက်အရွယ်ရောက်လာတော့လဲ သူများနည်းတူ သွားနိုင်စားနိုင်နေနိုင်တယ်လို့  ကိုယ့်ကိုယ်ကို အားတင်းနေခဲ့ရတဲ့အချိန်တွေဟာ အများကြီးပါ ။ တခြားပျော်ရွှင်သွားလာနေတဲ့ မိသားစုတွေကိုမြင်ပြီး ကိုယ်ကအလိုလို အားငယ်တတ်လာတော့ မိသားစုတွေသွားလာတတ်တဲ့ ပွဲလမ်းအခမ်းအနားတွေဆို မသွားချင်တော့ဘူး ။ မသွားဖြစ်တာများလာတယ် ။ သွားလို့  မြင်မိလို့  ကိုယ်ဘဲ အားငယ်သွားရတာမျိုးဆိုတော့ ကိုယ့်စိတ်ထိခိုက်မယ့်နေရာမျိုးကို ကိုယ်မသွားမိ မမြင်မိအောင် ကိုယ့်ဘာသာ အလိုလို ဆင်ခြင်နေတတ်လာတာလို့  သုံးသပ်မိတာပါဘဲ ။
all photos credit # pixabay
MSC 021
လောကမှာ အလုံးစုံ ပြည့်စုံသည့်လူသားရယ့် မရှိပါဘူးဗျာ
ဟုတ်ကဲ့ပါဗျာ
ပုံဆွဲဝါသနာပါတာ ခုမှသိတယ်။
ငယ်ငယ်တုန်းက အရုပ်ဇာတ်လမ်းတွေရေးတာပါ ဆွဲတတ်တယ်လို့ တော့မဟုတ်ဖူးပေါ့
pyaesonekhinkhin
အဲဒီခံစားချက်တွေ..အန်တီနားလည်တယ်။ဘုရားစာတခုခုကိုအမြဲရွတိဖတ်ရင်း..ကိုယ့်ကိုကိုယ်ယုံကြည်မူ့ရှိလာတယ်။အခက်အခဲတွေဖြစ်လာတိုင်း..ကိုယ်ထက်နိမ့်ကျသူတွေ..ကြည့်ပေးပါ။သြော်..ကိုယ်ကသူတို့နဲ့စာရင်မဆိုးသေးဘူးဆိုပီးပေါ့ကွယ်။စာရေးတာ..ကောင်းတယ်။ဖတ်ရတာ
တော်တော်အဆင်ပြေတယ်။
ဟုတ်ကဲ့ပါအန်တီ
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
အပေါ်ကိုကြည့်ရင်တော့ မြင့်သလို ထင်ရပေမဲ့ အောက်တော့ ပြန်ကြည့်လိုက်တော့လဲ ကိုယ့်ထက်နိမ့်တဲ့သူတွေ အများကြီး ရှိသေးတာ သိရပြန်တယ်။
ဟုတ်ကဲ့
Nice Post bro
Keep try ON
thanks bro
happy go lucky
ပျော်ရွှင်မှု ဆိုတာ မိမိရဲ့ စိတ်ခံစားမှု အတွေလေး တစ်ချက်ပါဘဲ
ဟုတ်ကဲ့ စိတ်ကဆောင်နေတော့ မပျော်မိတာမျိုးဖြစ်မှာမှာ
လက်ရေးလှချင်ရင် အဲလိုကြည့်ကူးနိုင်မှာနော် အစ်မ
မာမီကအဲ့လိုကျင့်ပေးတာ သူ့ လက်ရေးနဲ့တူအောင်လို့ 
ကိုယ့်ထက်အခြေအနေဆိုးသူများကြည့်ပြီး
အားတင်းပါကွယ်
ဟုတ်ကဲ့ ကိုယ့်ထက်အခြေနေဆိုးတာက မိဘမဲ့ကလေးတွေဘဲရှိမှာပါ အူးလေးထွေးရှင့်
အားမငယ်ပါနဲ့ မPyae ရေ .. ခုဆို msc မှာ မောင်တွေ အစ်ကိုတွေ အစ်မတွေ ညီမတွေ အများကြီးရှိနေပြီပဲဗျာ ..
ဟုတ်ကဲ့
နားလည်ခံစားမိပါတယ်
thank you
Anyway...
fighting BPyae..
5tin! thanks bro
ပုံဆွဲဝါသနာပါရင်နေပြည်တော်ရောက်ရင်ဝင်ခဲ့ရေ။
တကယ်လား
မှတ်မိသေးတယ် အမေမရှိခိုက် အဒေါ်တွေက ပြောမရလို့ ဆိုပြီး သရဲခြောက်တဲ့ အကြောင်းတွေ ပြောပြလို့ ကြောက်လိုက်ရတာ ဘာမှန်းမသိ
ဟုတ်တယ် ဟီးး
ဟုတ်ကဲ့