ဒီနေ့ မှာ မန်းလေးမြို့ရဲ့ အထင်ကရဖြစ်တဲ့ မဟာမြတ်မုနိဘုရားကြီးမှာ စုပေါင်းပြီး အလှူဒါနအဖြစ် သံဃာတော်အပါး ၁၀၀၀ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူကြလေ့ရှိပါတယ် ။ နှစဉ်တိုင်းလှူဒါန်းနေကြတာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သလို သံဃာတော်အပါး ၂၀၀မှ ယနေ့ချိန်ဆို သံဃာတော်ဦးရေဟာ တိုးလာခဲ့ပါပြီ ။
ယခုလိုတိုးလာရခြင်းဟာလည်း လှူဒါန်းသူများပြားလာတာကို သက်သေပြနေသလိုပါဘဲ ။ မည်သည့်ဘာသာမဆို ပေးကမ်းလှူဒါန်းခြင်းသည် ကောင်းသောမင်္ဂလာတပါးပါ ။ ဗုဒ္ဓဘာသာဝင်များရဲ့ အလှူအတန်း များပြားလာတာကိုတွေ့ရတော့ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ ကျမလဲ ကျေနပ်ပီတိဖြစ်ရတာပေါ့ ။
ကျမမှတ်မိသလောက်က ကျမတို့ မိသားစု တတ်နိုင်သလောက် ယခုလို လှူဒါန်းလာတာဟာ မဟာမြတ်မုနိဘုရားကြီးရဲ့ ဆွမ်းဆန်စိမ်းလှူဒါန်းကုသိုလ်ယူမှုဟာ ဆယ်စုနှစ်ကျော်ခဲ့ပါပြီရှင် ။
တခြားလှူဒါန်းကြတဲ့ အလှူရှင်အများအပြားနဲ့အတူ မိမိတတ်နိုင်ရာကို ပေါင်းစုလှူဒါန်းရတာဟာ အလွန်ပျော်စရာကောင်းပြီး ပီတိနဲ့အတူ ဂုဏ်ယူမိပါတယ် ။ ကျမတို့ လှူဒါန်းတဲ့ပစ္စည်းများကတော့ ဆန် ၄လုံး ဆပ်ပြာမှုန့် တထုတ် အချိုရည်တလုံးနဲ့ ငွေသား၂၀၀ ကို သံဃာတဦးစီကို လှူဒါန်းပါတယ် ။
တခြားလှူဒါန်းသူတွေကလည်း ကျမတို့ လိုပါဘဲ သံဃာတဦးချင်းစီအတွက် ခွဲပြီး မိမိတတ်နိုင်တဲ့အချိုးအစားတိုင်း လှူဒါန်းကြပါတယ် ။ တဦးချင်းအလှူကနေ အများစုပေါင်းလိုက်တော့ သံဃာတဦးစီမှာက အလှူပစ္စည်းတွေဟာ နောက်က ကပ္ပိယဒကာများက ကားနဲ့လိုက်သယ်ပေးရတဲ့အထိ များပြားစွာရှိကြပါတယ် ။
ဒီအလှူကိုကြည့်ခြင်းဟာဖြင့် အများစုပေါင်းခြင်းဟာ ညီညွတ်ခဲ့မယ်ဆိုရင် ရရှိလာတဲ့အကျိုးဟာလည်း များပြားလာတာကို သိရပါတယ် ။ စိတ်တူကိုယ်တူနဲ့ လှူဒါန်းကြတဲ့ ယခုဆွ်းဆန်စိမ်းအလှူပွဲဟာ မိမိအသိစိတ်ဓာတ်ဖြင့် စုပေါင်းလှူကြသော ဒါနကုသိုလ်ယူမှုလဲဖြစ်ပါတယ် ။ မည်သူက လှူရမယ် ဘယ်လောက် ဘယ်လိုလှူပါဆိုတဲ့ တိုက်တွန်းနှိုးဆော်ခြင်းမျိုး မည်သူကမှမပြုပါ ။
မွန်မြတ်သောအလှူဒါနဖြစ်တာကြောင့် အလှူရှင်အားလုံးကိုယ်စား ကျမက ဗုဒ္ဓဘာသာဝင်တို့ ၏ ထုံးစံအတိုင်း စတီးမစ်သူငယ်ချင်းများအား ပီတိဖြစ်စေရန်နှင့် ကုသိုလ်ဒါနကိုလည်း အမျှပေးဝေလိုက်ပါတယ်ရှင် ။
နတ်လူသာဓု ခေါ်စေသော်
MSC 021
steemit တင်ရန် တနာရီအတွင်းအပြီးရေးသည် ။
သာဓုသာဓုသာဓု ပါ မမ
ကျေးဇူးပါ
သာဓုပါ....baby pyae ရေ 😍
ဟုတ်မမ လာဘုတ်မယ်နော် ကျေးဇူးပါ
😁😘
သာဓု သာဓု သာဓု ပါခင်ဗျာ အစ်မကြီး ပြည့်စုံခင်ခင်ရေ ။
ဟုတ် ဦးလေး
သာဓု သာဓု သာဓု ပါဗျ
ဟုတ်ကဲ့
ငယ်ရွယ်ပေမဲ့ ကုသိုလ် ရေး လက်မနှေးဘူး တော်တယ် thumb up!
ကျေးဇူးပါရှင့်
ဝမ်းမြောက်စွာ သာဓု ခေါ်ဆိုပါတယ်ဗျာ
ကျေးဇူးပါ
မောတယ်ကွယ်
ခိခိ
သာဓု သာဓု သာဓု အထူးပါကွယ်
ဟုတ်ကဲ့အူးအင်း
သာဓု အကြီးကြီးပါဗျာ
ဟီး နဲနဲပြန်ယူလေ
ြ ကည်နူးဝမ်းသာစရာ အလှူလေးပေါ့...
ဟုတ် SL
သာဓုပါ ညီမလေးရေ
နောက်အကြိမ်များစွာ လှူ ဒါန်းနိုင်ပါစေ ညီမလေး
ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်မမစု
busy link ဖြစ်နေပါတယ် အချို့ vote comment ပေးရန်ခက်ပါလိမ့်မယ်
ဟုကဲ့အကို နောက်ဆင်ခြင်ပါ့မယ်နော်
သာဓုသာဓု သာဓု ပါ တူမလေး
အူးထွေးနော် စိမ်းကားနေတယ်
သံဃာ တစ်ပါးစီဆို ပိုကောင်းမလားလို့.....
စိတ်ကူးရှိတယ်အကို ဒါပေမယ့် တဦးချင်းသံဃာအများကြီးနဲ့ အလှူရှင်အများကဝိုင်းလောင်းရတော့ ညီမလေးမအားလို့ မရိုက်မိတာပါ
သာဓု..သာဓု...သာဓုပါဗျာ
သာဓုပါ ဗျာ
ဟုတ်ကဲ့ရှင့်
တစ်နာရီအတွင်းအပြီးရေးသွားသည်တဲ့😯😯😯
သာဓုလည်း မြန်မြန်ခေါ်မှဖြစ်မယ်
သာဓု သာဓု သာဓု.......
ဟားး
တစ်ချို့ comment တွေက တစ်စိမ့်စိမ့်ကို ရယ်နေရတာ ပါလားဗျာ
သာဓုပါပြည့်ရေ
ညီအစ်မ နှစ်ယောက်လုံး အရမ်း လှပါတယ်
ကျေးဇူးဝေ မတွေ့တာကြာပီနော်
သာဓုသာဓု သာဓု ပါ တူမလေး
သာဓုပါကွယ်
ဟားး
Post ကို သူများဦးသွာမှာ စိုးလို့ပါကွယ်
ဟုတယ် မမသက် ရန်လုပ်နေတာ သူတင်မလို့ ဦးအောင်တင်တာတဲ့ ခိခိ