B Pyae ရဲ့ စပ်စုစိန်အပိုင်းဆက်တွေကိုဖတ်ပြီး MSC က အကိုအမများက ဝေဖန်တဲ့ comments လေးတွေပေးကြတာ ကျေးဇူးအရမ်းတင်ပါတယ် ။ တချို့အကိုတွေကလည်း B Pyae ကို စကြရင်း မန့်ကြတယ်ပေါ့ ။
အကိုအမတွေက မူးယစ်ဆေးကြောင့်လို့  တထစ်ချသိနေကြတာဟာလည်း မြန်မာပြည်တဝှမ်းမှာက ဒီမူးယစ်ဆေးသုံးစွဲမှုကြောင့် ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေကြတာဟာ လက်တွေ့ရင်ဆိုင်နေကြရတော့ မထူးဆန်းပါဘူး ။
B Pyae သုံးသပ်ပြပြီးခဲ့တဲ့အပိုင်းတွေမှာက မိဘဆိုဆုံးမပါရက် မိဘကမုန့် ဘိုးပေးကျောင်းထားပါရက်နဲ့ အပေါင်းအသင်းတချို့နဲ့ မြှောက်ပင့်ပေးသူတချို့ကြောင့် ပျက်စီးသွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကို ဦးစားပေးရေးထားတာပါ ။
သူတို့ တတွေဟာ မူးယစ်ဆေးကို လူပေါင်းမှားရင်းသုံးစွဲမိရာကနေတဆင့် ခိုးဆိုးလုယက်လာကြတာတွေလဲရှိလာပါတယ် ။
မူးယစ်ဆေးကိုသုံးစွဲခါစက အိမ်ကမိဘပေးတဲ့မုန့် ဘိုးနဲ့ လုံလောက်စွာဝယ်ယူနိုင်ကြပေမယ့် မူးယစ်ဆေးသုံးစွဲပါများလာတော့ သူတို့ ရဲ့ limit ဟာ တက်လာခဲ့ပါတယ် ။
ပိုဆိုးတာက သူတို့ အများဆုံးသုံးတာက စိတ်ကြွရူးသွပ်ဆေးပြားလို့ အမည်ပေးထားတဲ့ " ရာမ " ပါ ။
ဒီဆေးပြားရဲ့တန်ကြေးဟာ ပုံမှန်ပေါက်ဈေး ၃၀၀၀ ကျပ်မှာရှိပြီး မူးယစ်ဆေးရောင်းသူများအား အဖမ်းအဆီးများချိန်တွင် ကြပ်ရင်ကြပ်သလို ၅၀၀၀ ကျပ်အထိဈေးတက်တတ်ပါတယ် ။
သူတို့ အဖို့ မှာက limit က တက်လာတာရယ် ဈေးကတက်လာတာရယ် ၂မျိုးကြောင့် မလောက်မငှသုံးစွဲနေရတာကို သူတို့ကိုယ်သူတို့ မကျေမနပ်နဲ့ အားမရဖြစ်နေကြပြီပေါ့ ။
သူတို့ ရဲ့ အစပထမမှာ မိဘမုန့် ဘိုးနဲ့သာ သုံးစွဲနေတုန်းအချိန်ကို B Pyae သုံးသပ်ပြခြင်းပေါ့ ။
crd#photo from facebook
နောက်တော့ဘာလို့  ခိုးဆိုးလုယက်လာသလဲဆိုတာကတော့ ရှင်းပါတယ် ။ သူတို့ သွားဝယ်ရင်း သုံးတဲ့အိမ်မှာက လူစုံတက်စုံ သူခိုးဂျပိုးကစလို့  လူချမ်းသာများအစုံ လာသုံးနေတာ သူတို့ မြင်ကြတာပေါ့ ။
လူချမ်းသာများအဖို့က ဈေးတက်လဲသုံးမြဲ ကျလဲသုံးမြဲဆိုတာ သူတို့ စိတ်ထဲသိပေမယ့် သူတို့ထက်နိမ့်ကျတဲ့သူတွေက သူတို့မလောက်မငှသုံးစွဲနေရစဉ်မှာ သူတို့ထက်ပိုမိုသုံးစွဲနေတာကိုပါ သတိထားမိလာပါတော့တယ် ။
အဲဒီမှာ သူတို့အတွက် ခုလို ခိုးဆိုးလုယက်တာမျိုးတွေကိုလုပ်ဖို့ အကြံရသွားတော့တာပေါ့ ။ ဆက်ရေးစရာတွေက အများကြီးမကျန်တော့ပါ။ B Pyae ရေးရတာလဲ အားနားပါတယ် ။ ဖတ်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်နော် ။
နောက်ဆုံးအသိမ်းကို နက်ဖန်ရေးတင်ပါမည် ။
MSC 021
ဆက်တွေးပါအုံး နပြည့်ရေ
What the fuck @hunter2 💉