Leadership

in #myanmar7 years ago (edited)

image

ကျနော်တို့ ပတ်ဝန်းကျင်မှာရော အလုပ်ထဲမှာရော ခေါင်းဆောင်ကောင်းတွေ အများကြီးတွေနိုင်ပါတယ်။ အကယ်၍ သင်သာနည်းမှန်လမ်းမှန် အတိုင်းသွားမယ်ဆိုရင် အမှန်တရားကိုထောက်ခံသူတွေက သင့်နောက်ကလိုက်ကြမှာပါ။ " If You Do The Right Things, Right People Will Follow You " လို့ Mitch Sala ကပြောကြားခဲ့ပါတယ်။

image

    နောက်ပြီးတော့ Leader ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ချမှတ်ထားတဲ့ပန်းတိုင်အတွက် know, go, show ဒီအချက်သုံးချက်နဲ့ပြည့်စုံပါမယ်။ ဥပမာ knows the way ပန်းတိုင်ရောက်ဖို့အတွက် ကိုယ့်သွားမယ့်လမ်းကြောင်း ဘယ်လမ်းကတော့ မြန်မြန်ရောက်နိုင်တယ် ဒါပေမယ့်ဘယ်လိုအန္တရယ်တွေတော့ဖြတ်သန်းရမယ်၊ ရှည်ရှည်သွားရတဲ့ခရီးကပိုပြီးအန္တာရယ်ကင်းလား ဆိုတာတွေကိုသိရပါမယ်။

image

နောက်တစ်ချက်ကတော့ Goes the way ဒီချမှတ်ထားသတ်မှတ်ထားတဲ့ လမ်းစဉ်အတိုင်းလည်းလျှောက်နိုင်ရမယ်။ များသောအားဖြင့်အလုပ်တွေမှာပေါ့ စည်းကမ်းကတော့ ဒိလိုသတ်မှတ်ထားပါရဲ့ ဒါမဲ့ ခေါင်းဆောင်ကစ မလိုက်နာတော့ ကျန်တဲ့လက်အောက်ငယ်သားတွေကလည်း မလိုက်နာကြတော့ဘူးပေါ့။ "ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက ၊ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ " ဆိုသလိုပေါ့ဗျာ။😁😁😁

image

နောက်တစ်ချက်ကတော့ shows the way ကိုယ့်ရဲ့ငယ်သားတွေကို နည်းမှန်လမ်းမှန်လည်းပြပေးနိုင်ရမယ်။ ကိုယ်သိထားတာတွေ ကိုမထိန်ချန်ဘဲ ချပြရမယ်လို့ပြောတာပါ။ leader တစ်ယောက်ရဲ့ သွင်ပြင်ကဘယ်လိုရှိလဲဆိုတော့ ပတ်ဝန်းကျင်ကို လွမ်းမိုးနိုင်စွမ်းရှိမယ်၊ လူတွေကို သူတို့လုပ်နိုင်တာထက် ပိုပြီးလုပ်နိုင်လာအောင် စိတ်ဓာတ်တက်ကြွ့လာစေမယ်။ နောက်ပြီး အပြောင်းအလဲတစ်ခုကို ဖန်တီးပေးနိုင်စွမ်းလည်းရှိရမယ်။

ဒါ့အပြင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက်ညသာမန် လူတွေ လုပ်နိုင်ခဲတဲ့ အပြုအမူမျိုး စိတ်သဘောထားမျိုးလည်း ပိုင်ဆိုင်ရပါမယ်။

image

သင်ဟာ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့မယ် ဆိုလျှင် ကိုယ့်ကျိုးစွန့်တဲ့ စိတ်ဓာတ်မျိုးနဲ့ ၊ အများအကျိုးကိုဆောင်တတ်တဲ့ ခေါင်းဆောင်မျိုး ကိုယ်ကျိုးကိုလုံးဝမကြည့်တဲ့သူမျိုးဖြစ်ဖိုလိုပါတယ်။ စွန့်လွှတ် အနစ်နာခံစိတ်မရှိသောသူ မျိုး ဆိုရင် ထိုသူသည် အဖွဲ့အစည်းအတွက် မိမိရဲ့ ရယူလိုစိတ် ကိုယ့်အကျိုးစီးပွားကိုရှာလိုစိတ်ကြောင့်သာလျှင် ခေါင်းဆောင်နေတာဖြစ်တယ်။

image

နောက်ပြီး တာဝန်ယူလိုစိတ် ၊ တာဝန်ခံလိုစိတ်ရှိရပါမယ်။ အကျိုးအမြတ်ကိုဘဲ့ ရယူလိုပြီး ကျန်တာ လက်အောက်ငယ်သားတွေ ဖြေရှင်းခိုင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဘယ်လိုမျိုးပြသနာဘဲ့ ရှိစေကာမူ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတတ်တဲ့ ခေါင်းမရှောင်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဘဲ့ဖြစ်ဖို့လိုပါတယ်။

အရာရာအပေါ်မှာ positive thinking ထားရှိပါ။ လက်အောက်ငယ်သား တစ်ယောက်က မိမိကမှားနေတာမျိုးကို ထောက်ပြဝေဖန်တဲ့အခါမျိုးမှာလည်း သူကပြောလို့သာတော်သေးတယ် နို့မိုဆို မလွယ်ဘူး အဲလိုပေါ့.. အကောင်းမြင်ဝါဒလေးထားပေးပါ။
ဒီလိုမှမဟုတ်ဘဲနဲ့ " မင်းက ဘာအဆင့်ရှိလို့လဲ ကိုယ့်နေရာကိုယ်နေ" ဆိုရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်မပီသဘူးပေါ့ဗျာ။

image

မိမိလက်အောက်မှာ ရှိတဲ့သူတွေရဲ့ ဆန္ဒတွေကိုလည်း နားထောင်ပေးနိုင်စွမ်းရှိမယ် အကြံအစည် အတွေးအခေါ်တွေကို နားထောင်ပေးရမယ်။ လူတွေဟာ နေထိုင်ကြီးပြီးရာပတ်ဝန်းကျင်အလိုက် ပြသနာတစ်ခုကို ရှုကြည့်ပုံချင်းကွဲပါတယ်။ ဒါကြောင့် အားလုံးရဲ့ အတွေးအခေါ်တွေ ပေါင်းစပ်ပြီး ဖြေရှင်းသင့်ပါတယ်။ အရာရာတိုင်းမှာ ငါမှငါဘဲ့ ငါပြောသလိုဘဲ့လုပ်ရမယ် ဆင်ခြေမပေးနဲ့ ဆိုတာမျိုးဟာ ခေါင်းဆောင်တစ်ယောက်ရဲ့အရည်အချင်းမဟုတ်ပါဘူး။

image

် မိမိ၏ လက်အောက်ငယ်သားတွေ အပေါ်မှာ ချစ်ခင်မှု အပြန်အလှန်လေးစားမှု respect လည်းရှိရမယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက် မပီသပါဘူး။ ခုန စာရေးသူပြောခဲ့ တဲ့အတိုင်း goes the way ကိုယ့်ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကိုယ်ကိုတိုင်လည်း လိုက်နာရပါမယ်။

စာရေးသူ ဖော်ပြခဲ့တဲ့အချက်လေးတွေထဲက ဘယ်အချက်တွေကတော့ ကိုယ့်မှာ ရှိနေပြီလဲ ?ဘယ်အချက်လေးတွေကတော့ မရှိသေးဘူးလဲဆိုတာ ဆန်းစစ်ကြည့်ကြပါနော်။ ဒါမှလည်း သင့်ကိုယ်သင် leader တစ်ယောက်ရဲ့ အရည်အချင်းကောင်းတွေပိုင်ဆိုင်နေပြီလားဆိုတာ သိနိင်မှာပါ။

်steemitစာဖတ်ပရိသတ်အပေါင်းရဲ့ အကျိုးကို မျှော်ကိုးပြီး ဤ Leadership ဆောင်းပါးလေးအားရေးသားလိုက်ရပါတယ်။

Author. Rocketgyi
MSC 148
CREDIT: GOOGLE.COM

image

Sort:  

ခေါင်းဆောင်းကောင်းတစ်ယောက်ဖြစ်ဖို့တော့ အများကြီးကြိုးစားရပါဦးမယ်ဗျ

ဟုတ်တာပေါ့ ခေါင်းဆောင်ဖြစ်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး

Know Go Show မှတ်​သားသွားပါ့မယ့်​ကြိုစားလိုက်​နာပြီး
လက်​​တွေ့အသုံးချပါ့မယ်​ တန်​ဖိုးရှိတဲ့ post ​လေးပါပဲဗျာ

လက်တွေ့ဘဝမှာ ဒီဟာလေးတွေက အသုံးဝင်လာပါလိမ့်မယ်

Leader is servant.
အစေခံခေါင်းဆောင် လုပ်နိုင်ရင် အကောင်းဆုံးပါ။

ဘရို ပြောတာနားမလည်ဘူး

ခေတ်​က​ခေါင်​​ရှောင်​​တွေများတယ်​​ခေါင်​​ဆောင်​ဖြစ်​​အောင်ြုးစားရမယ်

ကျေးဇူး ပါနော် ဘရို စာမမြင်ရဘူး😁

ဟုတ်တယ်ဘဒိုရေ
ဒါပေမဲ့ တစ်ခုရှိသေးတယ်
ခေါင်းဆောင်ဘယ်လောက်ကောင်း၂
နောက်လိုက်ကောင်းမရှိရင်လည်း
အောင်မြင်သင့်သလောက် မအောင်မြင်ဖူး ဘဒို
ကျန်တော်အမြင်ပါဘဒို။

ဘဒိုပြောတာက နောက်လိုက်အကြောင်းဖြစ်နေတယ်။ ကျနော်ပြောချင်တာက ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အမူအကျင့်ကိုဘဲ့ ဖော်ပြပေးထားတာပါ။ ကျန်တာမပါပါဘူး

နောက်လိုက်ကောင်းဖြစ်ခဲ့ဖူးမှ ခေါင်းဆောင်ကောင်း ဖြစ်လာမှာပါ

ဟုတ်ပါတယ်ဘဒို

မှန်ကန်တဲ့တွေးခေါ်မှုပါပဲbroရေ
ရှေ့ဆောင်နွာ်းလားဖြောင့်ဖြောင့်သွားဖို့လိုသလို
နောက်နွားတစ်သိုက်ကလည်း ဖြောင့်ဖြောင့်တန်းတန်းလိုက်ဖို့လိုပါတယ်။ အဓိကကတော့ ခေါင်းဆောင်တွေနဲ့ပဲသက်ဆိုင်တာပါ။
အဖွဲ့အစည်းတစ်ခုမှာ အဖွဲ့ဝင်တိုင်းက
ဆွေးနွေးတိုင်ပင်ရင်း အကြံပြုပေးမယ်ဆိုရင် ကောင်းမွန်တဲ့နည်းလမ်းအသစ်တွေရရှိလာပြီး ဆိုးတဲ့အရာတွေကိုလည်း ရှင်းလင်းစေမှာဖြစ်လို့ ကောင်းကျိုးတွေကိုသာ ဖြစ်ပေါ်လာစေမှာပါ။
ကျနော်တို့G1လည်း အဲ့ဒီလိုမျိုးဖြစ်စေချင်တယ်ဗျာ။
ဆိုးတာတွေ့ရင်ဝေဖန် အကြံပေးပြီး
နည်းလမ်းကောင်းတွေရှိရင်လည်း ချပြပြီး လက်တွဲညီညီနဲ့ စည်းစည်းလုံးလုံးဆက်လက်လျှောက်လှမ်းကြမယ်။

ဟုတ်ကဲ့ပါ ဘရို
ကျနော်တို့ဂရု၁ လည်း ခေါင်းဆောင်ကောင်းတွေအများကြီးထွက်ပေါ်လာပီး အများအကျိုးသယ်ပိုးနိုင်တဲ့သူတွေ ထွက်ပေါ်လာပါစေလို့ရည်မှန်းပါတယ်

ခေါင်း​ဆောင်​​ကောင်းသာဖြစ်​ရင်​​နောက်​က​နေလိုက်​ဖို့က​တော့အဆင်​သင့်​ပါပဲ​ဗျ အခုလည်းg1​ခေါင်း​ဆောင်​ကိုမိုးရဲ့ဦး​ဆောင်​မှု​နောက်​ကို​ဖြောင့်​​ဖြောင်​လိုက်​မှာပါ

ဟုတ်ကဲ့ မှန်ကန်တဲ့ခေါင်းဆောင်မျိုးကို ရွေးချယ့်လိုတယ်နော်ဘဒို

ကျွန်တော်တို့ကတော့ ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းမရှိသေးလို့ နောက်လိုက်ပဲ လုပ်တော့မယ်ဗျာ။

ဟုတ်ပဗျာ အတူတူပါဘဲ့။ 😁 fighting

ရေဗူးပေါက်တာမလိုချင်ဘူး
ရေပါတာပဲလိုချင်တယ်ဆိုတဲ့
ခေတ်စနစ်ကြီးထဲမှာနေနေရင်း
ဖြစ်မလာသေးတဲ့ခေတ်သစ်အတွက်
မျှော်မှန်းလျက် အစေခံကောင်းတစ်ယောက်အဖြစ်လေ့ကျင့်သင်ကြားနေပါတယ်လို့

ဟုတ်ကဲ့ အစေခံကောင်းမှ ခေါင်းဆောင်ကောင်းတစ်ယောက် ဆီသို့ တဖြည်းဖြည်းနဲ့ တက်လှမ်းနိုင်ပါစေ

ခေါင်းဆောင်က ခေါင်းရှောင်
နောက်လိုက်က မလိုက်နာ
ဒါဆိုရင် ဘယ်လိုဖြစ်သွားမယ် ထင်လဲ အကို

ဒါဆိုရင် တော့ အားလုံး တကွဲတပြာုးဖစ်ကုန်တော့မှာပေါ့

ခေါင်ဆောင်ဆိုတာ ငယ်သားတွေထက် ခြေလှမ်းအမြဲသာနေပီး သနားတတ်မှု ညာတာတတ်မှုနဲ့ အဖွဲ့နဲ့ အဖွဲ့သားတွေအပေါ် ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးတတ်ဖို့လဲ လိုပါတယ်ဗျား

တင်ပါ့ဘုရား

အခုပတ်​ proမှာ ​ခေါင်း​ဆောင်​post​တွေ ​တော်​များဖက်​လိုက်​ရတယ်​ အရမ်း​ကောင်းတယ်​ဗျ

ဟုတ်ကဲ့ ကိုလင်း ကျေးဇူး ပါဗျာ လာအားပေးလို့လေ

ခေါင်းဆောင်ပဲဖြစ်စေ အိမ်ထောင်ဦးစီးပဲဖြစ်စေ အဓိကအချက်ကတော့ တာဝန်ယူတတ်မှုပါ တခြားအချက်တွေက ယှဉ်တွဲပါလာပါလိမ့်မယ်

တာဝန်ယှုမှု နဲ့ ကျနော်ပြောတဲ့အချက်လေးတွေ များသောအားဖြင့်တော့ ပါလာပါလိမ့်မယ်

နောက်ဆုံးပုံကစာသားလေးကို ကြိုတယ်။Love is essential to leadership တဲ့။Leader က cruel ဖြစ်နေရင်အဲ့ အဖွဲ့အစည်းတိုးတက်မှာမဟုတ်ပူး။
မိမိအမြင်ပါ။

ခုခေတ်ကလေးတွေခေါင်းဆောင်ဖြစ်ချင်စိတ်အင်မတန်နည်းကုန်ပြီ အထူးသဖြင့်ယောက်ျားလေးတွေကို
ပိုဦးဆောင်စေချင်တယ်

ဟုတ်တယ် ဘရို နောက်လိုက်တွေကများနေတယ် ယနေ့ခေတ်မှာ ခေါင်းဆောင်းကောင်းတွေရှားနေတယ်

Be a leader, not a boss လို့ဖတ်ဖူးတယ်

Yeah just like that

လမ်းညွှန်ချက်လေးတွေကောင်းတယ်ဗျာ