မိငယ်ရေ -
ပြည့်စုံမှုဆိုတာတွေဟာ
လူတိုင်းလူတိုင်းအတွက်
ရှိနေတာမဟုတ်ဘူးနှော် ၊
လူတိုင်းလူတိုင်းကသာ
ပြည့်စုံဖို့အတွက်
ရုန်းကန်နေကြရတာပါ ။
အချိန်နေ့ရက်တွေ
တစ်ဖြည်းဖြည်းကုန်ဆုံးခြင်းနဲ့အတူ
တို့နှစ်ယောက်ရဲ့ အမှတ်တရတွေလည်း
အငွေ့ပြန်ပျောက်ဆုံးတတ်တဲ့ မီးခိုးတွေလို
အရာရာအသက်မဲ့သွားခဲ့လေပြီ ။
မျှော်လင့်ချက်တွေ
တစ်ပွေ့တစ်ပိုက်ကြီးနဲ့
နှလုံးသားအလိုလိုက်
မိုက်ခဲ့ဖူးတယ် မိငယ် -
စုတ်ပြတ်နေတဲ့ကိုယ့်ဘဝ
နောက်ထပ်ပျက်စီးစရာ
မကျန်တော့ဘူး မိငယ် -
အထင်ကရရှိခဲ့ဖူးတဲ့ အတိတ်ကို
တသသ သတိရနေရုံကလွဲပြီးတော့လည်း
ကိုယ်မတတ်နိုင်ခဲ့ဘူးလေ ။
အသိုင်းအဝိုင်းတွေရဲ့
အတ္တဆန်မှုကြားမှာ
ဂုဏ်ငယ်သူကိုယ့်နှလုံးသား
အချစ်အတွက်နဲ့
စတေးခဲ့ပြီးပြီ မိငယ် -
လောကကြီးရဲ့မျက်နှာစာပေးခြင်း
မခံခဲ့ရပေမယ့်
အဆင်မပြေမှုတွေများမှာ
နေသားကျရင်းနဲ့လည်း
အမြဲလိုလို လွမ်းမိတယ် မိငယ် _____
Congratulations @rosinnoungmm! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard: