မင်္ဂလာပါ ဗျ အခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Mobile gameတစ်မျိုးအကြောင်းလေးပါ.....လက်တလောလူငယ်နဲ့ လူကြီးကြားမှာရေပန်းစားနေတဲ့အပြင် ကမ္ဘာတစ်ဝှမ်းမှာလည်း စိတ်ဝင်စား ဆော့ကစားနေတဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်.....အကြမ်းအရမ်းနဲ့ ဒဏ္ဌာရီဆန်ဆန် ဆော့ကစားရတဲ့ online gameတစ်ခုဖြစ်ပါတယ်.....အချို့ကလဲသိပြီးဆော့ပြီးနေလောက်ပါပြီ.......သူ့နာမည်လေးကMobile
Legends (ML)လို့ခေါ်ကြပါတယ်......
ဆယ်စုနှစ်တစ်ခုမှာဂိမ်းကို ယောကျာ်းလေးအများစုသာဆော့ပေမဲ့ ယခုမိုဘိုင်းဖုန်းများ ခေတ်စားလာတာနဲ့အမျှ မိန်းကလေးများပါဆော့ကစားလာကြပါတယ်......မိတ်ဆက်ပေးတဲ့အဓိကအကြောင်းအရင်းလေးကတော့ ဆော့ပျော်ပြီး အချိန်အရမ်းမပေးရလို့ပါ.....တစ်ခုပဲလိုအပ်တာပါစနစ်ကျပြီး လေးလေးစားစားဆော့ဖို့ပါပဲ....ML game ဟာ ရန်သူငါးယောက် မိမိteam ငါးယောက်နဲ့ လမ်းသုံးလမ်းဆက်ထားတဲ့ မြေပုံထဲမှာ တိုက်ခိုက်ရတဲ့ဂိမ်းပါ......
Graphic လဲအရမ်းမမြင့်သလို ဖုန်းဘေလ်လည်းအရမ်းမကုန်ပါဘူး....ဒီလိုဆိုတော့ MLအထဲကိုဝင်ပြီးထပ်မိတ်ဆက်ပေးပါမယ်...Mobile Legendsဟာ အချို့သောဂိမ်းတွေလို ပျင်းရိမနေစေလိုတဲ့အတွက် တစ်လမှာ Hero 2ကောင်ထုတ်ပေးပါတယ်....gameစထုတ်ချိန်ကစပြီး ယခုထိ hero57တိတိထုတ်ပေးခဲ့ပေးပါတယ်.....
တိုက်ခိုက်မှုဦးစားပေးသော်လည်း ညဏ်လည်းသုံးဆော့ရပါတယ်.....ဆော့ကစားနည်းကတော့ မိမိအဖွဲ့သား ၅ယောက်နဲ့တဖက်အဖွဲ့သားတွေကို တိုက်ခိုက်ပြီး ရန်သူ့ခံတပ်တာဝါများ ဖျတ်ဆီးရပါတယ်.....နောက်ဆုံးရန်သူရဲ့ ပင်မစခန်းကို ချိုးဖျတ်နိုင်ပါကအနိုင်ရပါတယ်......ပြောချင်တာကို့ ခံတပ်လည်းမပျက်စီးစေဘဲ ရန်သူကိုတိုက်ခိုက်ဖျတ်စီးရတဲ့ ဂိမ်းတစ်ခုပေါ့......
Hero roleတွေလည်းစုံလင်ပါတယ်....
Tank-အမာကောင်းတနည်း တိုက်ခိုက်မှုထက်ရှေ့က ခံစစ်အဖြစ် ဝင်ရောက်တိုက်ခိုက် ပြီး ကို့အသင်းသားတွေကျဆုံးမှုမှာကာကွယ်ပေးရတဲ့ roleပါ။
Fighter-အနီးကပ်ခုတ် Hero သူကတိုက်ခိုက်မှုကို ဦးစားပေးပြီး tank heroလောက်မမာပါဘူး ဒါပေမဲ့ တိုက်ခိုက်မှုစွမ်းရည်အလွန်ကောင်းတဲ့ roleပါ။
Marksman-အဝေးပစ် Heroပါ အရမ်းပျော့ပါတယ် တိုက်ခိုက်မှု ပစ်ခတ်မှုစွမ်းရည်များတဲ့ hero ပါ အမာကောင်တွေနောက်က ပစ်ခတ်တဲ့ roleပါ။
Mage-မှော်စွမ်းရည်သုံးတဲ့ heroပါ တိုက်ခိုက်ပစ်ခတ်မှုစွမ်းရည် လုံးဝမရှိပါဘူး...ပါရှိတဲ့ Skill ကွက်များကို အဓိကအသုံးပြုပြီး ရန်သူ တွေကို Slow downဖြစ်စေတဲ့ roleပါ။ပွဲချိန်ကြာလာသည်နှင့်အမျှ Skillကွက် damageများလည်းလာပါတယ်။(itemနှင့်လည်းသက်ဆိုင်သည်)
Support- team တစ်ခုလုံးရဲ့ အချစ်တော် ရန်သူteamရဲ့ ချည်ဖက်ပါ...Support တစ်ကောက်ပါလာရင် တစ်ဖက်အသင်းသားတွေကိုတော်တော်ထိန်းချုပ်လို့ရတဲ့အပြင် ရန်သူရဲ့ damageနဲ့ skillတွေရဲ့ပြင်းအားသက်ရောက်မှုကိုလျော့ ချနိုင်တဲ့ roleပါ။
Assassin-လုပ်ကြံသတ်ဖြတ်သူ Fighterလိုအနီးကပ်ခုတ်ခြင်းမဟုတ်ဘဲ ရန်သူတွေရဲ့ damageအများဆုံး Marksmanနဲ့ mageတွေကို လုပ်ကြံသတ်ဖြတ်ရတဲ့ roleပါ။
Role 6 roleမှာ မိမိနဲ့ကြိုတ်နှစ်သက်ကိုက်ညီတဲ့ heroနဲ့ roleကို ဆော့ကစားနိုင်ပါတယ်.....ဒါအပြင် မြန်မာစာဖောင့်နှင့်ပါဆော့ကစားနိုင်တာဖြစ်တဲ့အတွက် ခက်ခဲမှုသိပ်မရှိဘူးလို့ ယုံကြည်ပါတယ်....
Gameမှာ Classic
Rank
Brawl
A.l
Custom
ဆိုပြီး ခွဲထားပါသေးတယ်
Classic modeမှာ မိမိဆော့ကစားလိုheroများ ကို တစ်ဖက်ရန်သူအသင်းသား လူသားများဖြင့်စမ်းသပ်ဆော့ကစားနိုင်ပါတယ်....
Rank modeကတော့ မိမိကျွမ်းကျင်တဲ့heroနဲ့ ဆော့ကစားပြီး မိမိအဆင့်ကိုမြင့်တင်ရပါတယ်.....
Rankမှာ၇ဆင့်ရှိပါတယ်..
Warrior
Elite
Master
Grandmaster
Epic
Legends
Mytic ဆိုပြီး မိမိလက်ရည် ဆော့ကစားမှုအရည်ချင်း ပေါ်မှုတည်ပြီး rankအဆင့်မြင့်အောင် ဆော့ကစားသွားရပါတယ်။
သုံးလတစ်ကြိမ် Seasonတစ်ခုသတ်မှတ်ပြီး ၃လအတွင်းမိမိသည်အမြင့်ဆုံးrankကိုကစားနိုင်ပါတယ်...သုံးလပြည်တာနဲ့ rankချခြင်းအစီစဉ်လာပါတယ် Heroပုံပြောင်းSkinများလည်း ပါရှိပါတယ်။
Gameရဲ့တင်းကြပ်တဲ့ စည်းကမ်းကတော့ကစားပွဲတစ်ပွဲကို အဆုံးထိကစားဖို့ပါပဲ ကစားပွဲကိုရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေ အဆုံးမသတ်မချင်း gameထဲကထွက်သွားလို့မပါဘူး ထိုသို့ထွက်ခွာပါက serverမှ gameကစားခွင့်ပိတ်ပင်ခြင်းပစ်ဒဏ်ကိုပေးပါလိမ့်မည်။
မိမိဖုန်းမှာStorage 1Gbလောက်ပေးပြီးRAM 1Gbလောက်နဲ့ အေးဆေးဆော့လို့ရတဲ့ ဂိမ်းလေးမလို့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်....
ယခုမှစတင်ဆော့ကစားမည့်သူများကိုရည်ရွှယ်ပါသည်။
ပိုမိုသိရှိလိုပါက cb တွင်မေးမြန်းနိုင်ပါကြောင်း။
လေးစားလျက်
MSC No.152
Photos from my game acc
@saihack
အရမ်းကြိုက်ပြီး စွဲစွမြဲမြဲဆော့ဖြစ်တဲ့ဂိမ်းတစ်ခုပါဘဲ့
Rankမြင့်မြန်ရောက်ပါစေbroရေ
ကျန်တော်လည်းဆော့တယ်ဗျာ့
ခုမှ GM 2 ပဲရောက်သေးတယ်
မိတ်ဆက်ရအလကားမဖြစ်တော့ဘူးပေါ့
ကျွန်တော်လည်းစဆော့နေတယ်ဗျ
ကျေးဇူးပါ ဆော့နေတဲ့အတွက်
သရဲဂိမ်းလေးများ ရှိလားကွယ်။
ရှိပါတယ်ဗျ Sandara ဆိုပြီးApp downမှာရှာကြည့်လိုက်ပါ အရမ်းကြောက်ဖို့ကောင်းတဲ့ သရဲအိမ်ထဲသော့ရှာဂိမ်းတွေ့ရပါမယ်အကိုရေ
အဲဂိမ်းတွေတော့ဝါသနာမပါဘူးဗျ
ဆွဲဝါးမယ်ဗျ
ဟာ လိုင်းပြောင်းသွားပြီလား နိရဲ့မြင်အပ်မမြင်အပ်သော ကောင်လေျးတွေ ဘယ်ရောက်သွားပြီလဲ။
ဟီးသရဲတွေ နွေရာသီအပန်းဖြေ ခရီးထွက်နေလို့ ဂိမ်းဘက်ရောက်သွားတာ😁😁
ကိုသရဲကြီး ML တွေဘာတွေခုတ်လို့ပါလား 😁
Btw Legend ကြီး 😁 ကိုယ်တွေကတော့ GM မှာလည်နေတာ 😁
သရဲဒေ ခရီးထွက်သွားလိုဗျို့😁
MLဖက်ရောက်လာတာ😂
မဆော့တက်ဘူးBroရေ
လာသင်အုံမယ်
လာသင်ပါဗျို့😁
ကစားတဲ့အရွယ် လွန်သွားတော့ စိတ်မဝင်စားပေမယ့်လည်း အားပေးခဲ့ပါတယ်😊
ကျေးဇူးဗျစကားမစပ် အိမ်ကဖားဒါးကြီးက ပြိုင်ဆော့တယ်ဗျ😁
ဆော့ကြည့်မယ်ဗျာ ကျေးဇူးပါညီ
ဟုတ်ကဲ့broလိုအပ်တာရှိရင်မေးနိုင်ပါတယိဗျ
သရဲလေးတွေပဲမြင်နေတယ် ဂိမ်းလို့မမြင်တော့ဘူး ဟီး...
ဟအကိုကတော့နောက်ပြီ😂
သရဲတွေ ကျွတ်တမ်း ဝင်သွားပြီ ထင်တယ်
နွေရာသီသရဲကျောင်းပိတ်ပေးထားတာ😁
ဟုတ် Game ကိုသိပ်မဆော့ဖြစ်တော့ပါဘူး..
ညီငယ်တွေသိချင်တာရှိရင် bro cbကိုလွှတ်လိုက်မယ်
ဟုတ်ကျောင်းပိတ်ချိန်ဆိုတော့ ကူညီပေးပါ့မယ်ဆရာရေ
ခုတ်တယ်ထစ်တယ်လေ
ခုတ်ထစ်ဗျာ😁😁
Freya ဒုံး ဒုံး ဒုံး
Wow freyaကွ😁😁
ဆော့သေးဘူးCOC မှာတင်ရပ်ထားတာ အချိန်ပေးရလို့
ဟုတ်ကဲ့ပါ အားရင်ဆော့ကြည့်ပေါ့ဗျ
mlမဆော့ပေမဲ့voteသွားပါသည်
ကလေးတွေဆော့နေတာတွေ့တယ် တော်တော်စွဲစွဲလမ်းလမ်းဆော့ကြတဲ့ဂိမ်းပဲ။
ဟုတ်ကဲ့တော်တော်ဆော့ကြတယ်ဗျ
အရင်ကလို Game တွေဘက် သိပ်မရောက်ဖြစ်တော့ဘူး အပျင်းပြေ တစ်ခါတစ်လေလောက်သာ ဒါနဲ့ စကားမစပ် Skin တစ်ခုလောက် လက်ဆောင် မပေးချင်ဘူးလားဟင် ။
Skinဒေများနေတယ်တွေ့လို့လား😁😁
ညီကခုmythic 6 မှာ season ပြီးရင်တူတူဆော့ရအောင်idလေး reply ပြန်သွား
26386615(2034) addပေးပါ proကြီး
သရဲမဟုတ်တော့ဘူးပေါ့ ... ဂိမ်းဆီးရီးစ်ဆွဲတော့မှာလား
သရဲတွေခရီးထွက်သွားလို့အကိုရေ