အရှေ့မှာတော့ ကျန်တော် အချိန်အတိုအတွင်း တစ်ခုခုကိုသင်ယူဖို့ အပိုင်းသုံးပိုင်းဘာသာပြန်ပြီးသွားပါပြီ။ မဖတ်ရသေးလို့ဆိုရင် အောက်က အပိုင်းတွေမှာနိပ်ပြီးဖတ်ရှု့နိုင်ပါတယ်။
အချိန်အတိုအတွင်း.................အပိုင်း(၁)
အချိန်အတိုအတွင်း.................အပိုင်း(၂)
အချိန်အတိုအတွင်း.................အပိုင်း(၃)
ဟုတ်ပါပြီ ဒါဆိုရင် ပြီးခဲ့တဲ့တစ်ခေါက်က အဆက်လေးဆက်သွားကျလိုက်ရအောင်....
ဘယ်ကနေစရမယ်ဆိုတာကို သိတာဟာ ပရိုဂျက်အတွက် အရမ်းကို အသုံးတည့်ပါတယ်။ ဒါပေမဲ့ အရင်းအမြစ်တွေ လေ့လာစရာတွေကိုပဲ ဒေါင်းလုပ်နေရတာဟာ အာရုံမစိုက်နိုင်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်တော်က အရင်းအမြစ်တွေ၊ လေ့လာစရာတွေ၊ စာအုပ်တွေ၊ ဗီဒီယိုဖိုင်တွေကို အရင်ဆုံးရှာဖွေလိုက်တာပါ။
မှတ်ချက်။ ။ တကယ်လို့ဝယ်ဖတ်ရဖို့ အဆင်မပြေဖူးဆိုရင် ဖရီး အလကားရတဲ့ဟာတွေကို ရှာဖွေကြည့်ပါ။ တော်တော်များများကတော့ အစမ်းပေးသုံးကျတာများပါတယ်။ အဲ့ဒီတော့ အဲ့ဒါလေးကိုလေ့လာပြီး ရှေ့ဆက်လို့ရပါတယ်။ အဲ့လိုလဲ မလုပ်ချင်ဖူးဆိုရင်တော့ စာကြည့်တိုက်ကိုသွားပြီးလေ့လာနိုင်ပါတယ်။ ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်တာပေါ့။ ဖတ်စာအုပ်အများစုကို ကျန်တော်ကတော့ 10$ အောက်နဲ့ ၀ယ်လို့ရခဲ့ပါတယ်။ အဲ့ဒီတော့ ကုန်ကျစရိတ်က အရမ်းကြီးမများတော့ဖူးပေါ့။
အဆင့်သုံး။ ။ တုန့်ပြန်မှု့ရဖို့ နည်းလမ်း သတ်မှတ်ပါ။
တုန့်ပြန်မှု့က လေ့လာမှု့မှာ အတော်လေးအရေးပါပါတယ်။ ပထမဆုံးအကြောင်းပြချက်ကတော့ သူက သင့်လေ့လာရေးကို ဘယ်လိုဘယ်ပုံသွားရဦးမယ်ဆိုတာကို ထောက်ပြပေးနိုင်ပါတယ်။ တကယ်လို့ လေ့ကျင့်တဲ့အချိန်မှာ ပြသနာရှိတာ ဒါမှမဟုတ် ဆော့ဝဲအလွယ်လေးရေးဖို့အတွက်ခက်ခဲနေတယ်ဆိုရင် ကျန်တော်တို့ လေ့လာတဲ့ ပုံစံ နည်းစနစ်ကို ပြန်ပြီးစီစစ်လေ့လာဖို့လိုနေပါပြီ။
ဒုတိယ အကြောင်းပြချက်ကတော့ တုန့်ပြန်ချက်တွေကိုနားထောင်ပြီး ပိုပြီးထိရောက်မယ့် လေ့လာရေး စနစ်ကို ပြန်တွေးခေါ်တာပါ။ နောက်တုန့်ပြန်ချက်တစ်ခုကတော့ လေ့ကျင့်ပြီး ကြုံတွေ့တဲ့ ပြသနာတွေကို ရအောင် ဖြေရှင်းခြင်းကလည်း ရေရှည်လေ့လာမှု့ကိုထိန်းထားနိုင်ပါတယ်။
တုန့်ပြန်ချက်တွေကိုဘယ်လိုပြန်ပြီး ပေါင်းစည်းမလဲ?
လေ့ကျင့်တာနဲ့ထုတ်လုပ်တာကြီးကိုပဲလုပ်နေတာဟာ အရှေ့ကိုရောက်ဖို့ အရိုးရှင်းဆုံးသောနည်းလမ်းနှစ်ခုပါ။ သို့သော်လည်းပဲ တုန့်ပြန်မှု့ကို အကျိုးရှိစေတဲ့ အမြဲတမ်းတုန့်ပြန်မှု့ရဖို့ကိုတော့ အာမ မခံပေမဲ့ သင်ကသာ လုံလောက်တဲ့ အချိန်ပေးလိုက်မယ်ဆိုရင် တုန့်ပြန်မှု့တွေရမယ်ဆိုတာအသေအချာပါပဲ။
ပရိုဂရမ်းမင်း(ကွန်ပျူတာဘာသာစကား)ကိုရေးရင်လည်းပဲ ကျန်တော်တို့တွေက ပရိုဂျက်အသေးစားလေးတွေကိုကိုယ်တိုင်ရေးတယ်ဆိုရင် တုန့်ပြန်မှု့တွေရဖို့ဆိုတာအသေအချာပါပဲ။ ဒီဇိုင်းအပိုင်းကိုလေ့လာရင်း ပုံစံငယ်တွေ ကာတွန်းတွေလုပ်နေရင်းနဲ့ သင့်ကိုယ်သင်တွေ့ရမှာကတော့ သင်က တီထွင်ညဏ်အပိုင်းမှာ ပိုပြီး အရင်ကထက် ထူးချွန်လာတယ်ဆိုတာကိုပါ။
ဘာသာရပ်တစ်ခုခုကို မူလတိုင်းရင်းသားနဲ့ လက်တွေ့စကားပြောကျင့်တဲ့အခါမှာ ကိုယ်လေ့လာထားတဲ့ အသံဖိုင်တွေ၊ စကားအထားအသိုတွေဟာ သင်စကားပြောတာကို အကူအညီဖြစ်စေတာကို သင်မြင်တွေ့ရမှာပါ။ သင်္ချာနဲ့ ရူပဗေဒ တွေကိုလေ့လာတဲ့အခါမှာ မဖြေရှင်းနိုင်ဖြစ်နေတယ်ဆိုရင် သင့်ရဲ့ အယူအဆတွေ အမြင်သဘောထားတွေနဲ့ နားလည်မှု့ဟာ အချိန်နဲ့ အမျှတိုးတက်ပြောင်းလဲနေပါတယ်။သင့်ကို သူများတုန့်ပြန်မှု့ဟာ သင်လေ့လာနေတဲ့ အရင်းအမြစ်နဲ့ ကိုယ်လေ့လာနေတဲ့ဘာသာရပ်အပေါ်မူတည်ပါတယ်။ သင်က တုန့်ပြန်မှု့ အကောင်းဆုံးကိုမရရှိဖူးဆိုရင်တောင်မှ သင့်မှာ တုန့်ပြန်မှု့ အသေးလေးတွေတော့ရှိတဲ့အတွက် တုန့်ပြန်မှု့လုံးဝမရှိတာတော့မဟုတ်ပါဖူး။ ဒီအသေးလေးတွေမှာလည်း ကိုယ့်ကိုကိုယ်မေးမြန်းနိုင်တဲ့မေးခွန်းတွေ၊ လေ့လာဖို့လိုတာတွေကိုတွေ့ရှိနိုင်ပါတယ်။
အကောင်းဆုံးတုန့်ပြန်ချက်တွေကတော့ သင့်ရဲ့မိန်းပရိုဂျက်တွေအတွက်ဖြစ်ပါတယ်။ တကယ်လို့ သင့်ပရိုဂျက်က တတ်ကျွမ်းမှု့ ဒါမှမဟုတ် ခေါင်းစဉ်တစ်ခုခုကိုပြောဆိုဖို့ဆိုရင် ကျွမ်းကျင်သထက် ကျွမ်းကျင်အောင်လုပ်ထားမှ တုန့်ပြန်မှု့ ယန္တရားက အကောင်းဆုံးလာမှာပါ။ တကယ်လို့ သင့်ရည်မှန်းချက်က အတတ်ပညာတစ်ခုကိုတတ်မြောက်ဖို့ဖြစ်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်ခြင်းနဲ့ တတ်မြောက်တဲ့အတတ်ပညာကို မိမိကိုယ်ကိုပြန်လည်ရှင်းပြခြင်းဟာ အကောင်းဆုံးယန္တရားပါပဲ။
အဆင့်လေး။ ။ အကျိုးရှိသော အချိန်ဇယားပြုလုပ်ခြင်း။
ကိုယ်တိုင်လေ့လာကျသူအများစုဟာ သူတို့ပရိုဂျက်ရဲ့ ဒီအဆင့်ကိုရောက်ကျပေမဲ့ နောက်တစ်ဆင့်မှ ကျဆုံးကျတာပါ။ ပြောရမယ်ဆိုရင် အလုပ်တွေအကုန်လုပ်ရမယ့်အချိန်ပေါ့။ သင်ဟာ သင့်ကိုသင် ဇီဝဗေဒ ဒါမှမဟုတ် သမိုင်းကိုလေ့လာတော့မယ်လို့ ကိုယ့်ကိုကိုယ်ပြောကြည့်ပါ။ ဒါဟာ တခြားသင်ရိုးညွန်းတမ်းဖြစ်တဲ့အရာတစ်ခုနဲ့ ကိုယ်သတ်မှတ်ထားတဲ့ တာဝန်ကိုမပြီးစီးသေးခင် ဖျက်စီးလိုက်တာပါ။
ပထမတစ်ဝက်ကတော့ ပြင်ဆင်မှု့အပိုင်းပါ။ လှုံ့ဆော်မှု့မစ်ရှင်မပါပဲနဲ့ဆိုရင် လေ့လာရတာဟာ ခဏလေးနဲ့ပျင်းပြီး ထွက်ချင်လာမှာပါ။ သင်ရိုးညွန်းတမ်းမရှိပဲဆိုရင်လည်း အရှံးပေးလိုက်ဖို့ကလွယ်ကူပါတယ်။ တုန့်ပြန်မှု့ယန္တရားအတွက်နေရာမရှိပဲနဲ့ လေ့လာသင်ယူဖို့ဆိုတာတကယ်ကိုမလွယ်ကူတဲ့အရာပါ။
ဒုတိယတစ်ပိုင်းကတော့ လုပ်ငန်းစဉ်အတိုင်းဆက်သွားဖို့ပါ။ ဒီလိုဆက်သွားတာဟာ ကိုယ့်ရဲ့ စာဖတ်လေ့လာအား၊ ကြည့်ရှု့အား နဲ့ လေ့ကျင့်မှု့ လိုတာတွေကို ဆက်လက်လုပ်ဆောင်ဖို့ပါ။ ကျန်တော့်အတွက်အသုံးဝင်တဲ့ ဖရိန်တစ်ခုအနေနဲ့ကော စနစ်တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်မယ့်ဖရိန်ကို အောက်မှာ ကျန်တော်အကြမ်းဖျင်းရေးပြထားပါတယ်။
၁။ နေ့စဉ် အစီအစဉ်
ပထမဆုံးဗျူဟာကတော့ တရက်နဲနဲနဲ့ နေ့စဉ်ပုံမှန်လုပ်ဖို့ပါ။ ကျန်တော်ကတော့ ကျန်တော့်သူငယ်ချင်းနဲ့ပုံမှန် ဘာသာရပ်လေ့လာရေးမှာတူတူလေ့လာကျပါတယ်။ တခါတစ်လေမှာ လုပ်ငန်းအစီအစဉ်တွေတိုက်နေတာကြောင့်လည်း ကျန်တော်တို့ဟာ လေ့လာစရာတွေမလေ့လာနိုင်ပဲ ရပ်နေမိတာတွေရှိပါတယ်။ ဒါကြောင့်နောက်ပိုင်းကျတော့ မနက်အစောပိုင်းကိုထပြီး နေ့စဉ်တစ်နာရီ လေ့ကျင့်ခန်းလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
အရင်တုန်းကတော့ စာအုပ်ဖတ်တဲ့ ပရိုဂျက်အသေးလေးကျန်တော်လုပ်ဖူးပါတယ်။ ဒါပေမဲ့ ကျန်တော် နမူနာတစ်ခု(အချက်အလက်တစ်ခု)ကိုလိုချင်ပြီဆိုရင် စာအုပ်ပေါင်းမြောက်များစွာကို တစ်ရက်အချိန် နာရီဝက် တစ်နာရီစီပေးပြီး ဖတ်ရှု့ရပါတယ်။
msc-186Translated by @saipanpha
ဘယ်ကစရမှန်း မသိတာရယ်...
စဖို့ ခက်တာရယ်...ကြောင့်
မစဖြစ်ကြတာ များနေတယ်
ခြေတစ်လှမ်းမှ မလှမ်းရင်တော့ ရှေ့ရောက်မှာ မဟုတ်...
ဟုတ်တယ်ကိုဟိန်း။
ကိုယ်သွားရမယ့်နေရာကိုသိမှပဲ ရှေ့ဆက်လို့ရကျမှာလေနော့်
စမ်းတော့ လုပ်ရမှာပါ
စာတွေကဖတ်လို့ကောင်း
ကျေးဇူးပါ
တစ်နေ့တစ်နာရီလောက် အင်္ဂလိပ်စာလေ့လာဖို့လုပ်တာ ခုထိမလုပ်ဖြစ်ဖူး
လက်တွေ့ကျတော့ နဲနဲခက်တယ်ဘဒို
ကျန်တော်လည်း ကြိုးစားနေတုန်း
ကိုစိုင်းpostတွေကမှတ်သားစရာတွေပါပဲ။
ဟုတ်ကဲ့ပါမအိ
ဆက်အားပေးပါဦးနော်
အကျိုးရှိတဲ့စာပါဗျာ ဝေငှပေးတာ ကျေးဇူးပါ
ဟုတ်ကဲ့ပါကိုစော
နောက်လည်းအားပေးပါဦး
အိမ်ထောင်ရှင်ကြီးရေးထားတာမိုက်တယ်ဗျာ။
ဟီး
ကိုစောအယ်
ကြွေနေတာလား :P
အရမ်းကောင်းတဲ့ လေ့လာနည်းတွေဖြစ်လိမ့်မယ်ထင်ပါတယ်။
တကယ်ဖြစ်လာဖို့ဆိုရင် တကယ်လုပ်ကြည့်မှရမယ်ဗျာ
ဘာသာပြန်ကောင်းတယ် ကိုစိုင်း @saipanpha
ဟုတ်ဘဒိုရေ
ကျေးဇူးပါဗျာ
နောက်တစ်ပိုင်းပြီးရင်တော့ အဆုံးသတ်ပြီ ဘဒို
ဆက်အားပေးပါဦးဗျာ့
လေ့လာမှတ်သားစရာတွေပါ
ဟုတ်ဘဒို :D
Congratulations @saipanpha! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
ဆရာလည်း အင်္ဂလိပ်post တွေ လိုက်ဖတ်နေရတာနဲ့ သီးခြားမလုပ်နိုင်သေးဘူး။
ဟုတ်သားတော့ ပေစ့်လေးထောင်ပြီး စာတွေ အပြင်ကိုကောရှယ်နေပါတယ်ဆရာ