ကတ္တရာလမ်းကို ငေးကြည့်နေပေမယ့် နေသော့်မျက်ဝန်းမှာ ဘာမှ မမြင်ရပါ။ ရုပ်ရှင်ပြကွက်အလား ဖြစ်ပွားသွားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုသာ မျက်စိထဲမှာ ပြန်မြင်ယောင်နေမိပါသည်။ လှည့်ထွက်သွားတာ ကြာနေပြီ ဖြစ်သော ယမင်းရဲ့ခြေသံကလည်း သူ့ရဲ့နားထဲကနေ အသည်းနှလုံးအထိ ဆက်လက်ရိုက်ခတ်နေဆဲပါ။ ခပ်ညံ့ညံ့ပြဇာတ်ထဲက ဇာတ်ကွက်အတိုင်း တစ်ထေရာတည်း ဖြစ်သွားပေမယ့် ၄င်းတစ်ခန်းရပ်ပြဇာတ်မှာ မင်းသားဖြစ်သွားသော သူကတော့ မပြီးဆုံးသေးသော ကြေကွဲဇာတ်လမ်းကို အနှေးပြကွက်အလား ဆက်လက် မှတ်တမ်း ရေးထိုးနေမိပါသည်။
မင်းသားက သူ … မင်းသမီးက သူမ …
ဒါရိုက်တာကတော့ ကံဇာတ်ဆရာ …
ဖြစ်လာတာက မထင်မှတ်ထားတာတွေ …
အိပ်မက်တွေ ပြိုကွဲ …
အက်ရာတွေ အထပ်ထပ်နဲ့
ပြန်ဆက်မရတဲ့ ကြေကွဲဒဏ်ရာကို
အလူးအလဲဖာထေးနေတာက သူရူးအလား
ပတ်ဝန်းကျင်အမြင် ထင်မှတ်မှားစေလည်း
ကိုယ်ခံစားနေရတာ ကိုယ်သာ သိပါတယ်
လောကဇာတ်ခုံမှာ လူသားအားလုံးက
တစ်နည်းနည်းနဲ့တော့ ရူးသွပ်နေသူတွေပါပဲ …
ဒါပေမယ့်လည်း …
မခြောက်သေးတဲ့ မျက်ရည်နဲ့
စိုစွတ်နေဆဲ မျက်ဝန်းက
လူပီသမှုကို ပြတဲ့ သက်သေပါ
ကြေကွဲဒဏ်ရာကအံထွက်လာတဲ့
သန့်စင်သော နှလုံးသွေးရည်တစ်မျိုးပါ
စနေမှာ စွေသောမိုးလို
မစဲသော်လည်း
ကိုယ့်ရင်ကိုတော့ ပူလောင်စေတာ
ချစ်တတ်သူများသာ အသိဆုံးပါ …
ထိုနေ့က ယမင်း သူ့ကို ချိန်းတော့ ပျော်နေမိသည်။ ၀ီရိယအပြည့်နှင့် ကန်ဘောင်မှာ ထိုင်စရာ ခုံသွားဦးဖို့လည်း အိမ်ကနေ စောစော ထွက်လာခဲ့သည်။ လေပြေအသော့မှာ ကြက်ခွပ်လေးတွေ ထနေသော ကန်ဘောင်ကို ကြည့်ကာ ချစ်သူအလာကို စောင့်နေရသည့် ခံစားချက်ကို သူ သဘောကျသည်လေ … ကိုယ့်ချစ်သူလေးက ဘယ်လိုများ ၀တ်စားလာမလဲ … ဘယ်လို ခြေလှမ်းတွေနဲ့ ကိုယ့်ဆီကို လှမ်းလာမလဲ … တစ်နေ့တစ်မျိုး မရိုးအောင် လှပနေတဲ့ ချစ်သူရဲ့ပုံရိပ်ကို သူ့နှလုံးသားမှာ သိမ်းဆည်းထားသည့်အပြင် သူ့အခန်း တစ်ခန်းလုံးအပြည့် ဓာတ်ပုံတွေ ဗီနိုင်းတွေ ကပ်ထားသော်လည်း တွေ့မြင်မိတိုင်း ကြည့်ရှုမ၀နိုင်ခဲ့ပါ … ဒါပေမယ့် အခုတော့ ၄င်းပုံရိပ်များဟာ သူ့မျက်ဝန်းက ကြေကွဲမျက်ရည်များကြောင့်ေ၀၀ါးနေပါပြီ … ယောက်ျားဆိုရင် မျက်ရည် မကျရဘူးဆိုပေမယ့် သူကလည်း လူသားတစ်ဦးပါ … ခံစားတတ်တဲ့ နှလုံးသားရှိသူ တစ်ဦးအနေနဲ့ လူသားပီသခွင့်ဆိုတာကို ၄င်းမျက်ရည်ကပဲ ပြသနိုင်ပါသည်။
တွေ့တွေ့ချင်းမှာပဲ ပြောလိုက်တဲ့ ချစ်သူရဲ့ တီတီတာတာစကားဟာ သူထင်သလို ဖြစ်မလာခဲ့ဘူးလေ …
“ ယမင်းကို မေ့လိုက်ပါတော့ … ဘာကြောင့်လဲဆိုတာလည်း မသိချင်ပါနဲ့ … ကိုယ့်ကို ယမင်း ဘယ်လောက်ချစ်လဲဆိုတာ ကိုယ်သိပါတယ် … ယမင်း မခိုင်လုံတဲ့ အကြောင်းပြချက်ကို မပေးချင်ဘူး … ယမင်းတို့ ဆက်တွဲလို့ မရတော့ဘူးဆိုတာပဲ သိထားပါ …နောက်ပိုင်းလည်း ယမင်းကို မဆက်သွယ်ပါနဲ့တော့”
“ အဓိပ္ပာယ်မရှိလိုက်တာ ချစ်ရယ် … ကိုယ်တို့တွေ အမြဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးနေကျပါ … ချစ်မှာ ဘာအခက်အခဲရှိလည်း ကိုယ့်ကိုပြော … အရင်ကလိုပဲ ကိုယ်ဖြေရှင်းပေးမယ် … ချစ်လေး တစ်ယောက်တည်း ခံစားမနေနဲ့ … “
မထင်မှတ်တာ ကြားမိသော ကိုယ့်နားကို ကိုယ်မယုံပေမယ့် မုန်တိုင်းတိုက်တော့မည်ကို ကြိုတင်သိနေသယောင် ငြိမ်သက်နေသော ကန်လေပြည် … တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နောက်ခံတို့ကြောင့် သူ့နားမှာ ဗုံးတစ်လုံးကျကွဲသလို ခံစားမှုနောက်ကို မသိစိတ်က အလိုလိုလိုက်ပါကာ ကယောင်ကတမ်းနှင့် ပြန်မေးမိပါသည်။ သို့သော် နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားသည့် ချစ်သူဆီက ဘာစကားမှ ထပ်မကြားရပါ။ နှစ်ဦးသား အဓိပ္ပာယ်ထောင်ပေါင်းများစွာ ပါဝင်နေသော အကြည့်ကိုယ်စီနှင့် အပြန်အလှန် ငေးကြည့်နေသည်မှာ နာရီများ သက္ကရာဇ်များ ရပ်တန့်သွားသည့်အလားပင် … ချစ်သက်တမ်း နှစ်နှစ်ပြည့်တုန်းက ယမင်းလက်ဆောင်ပေးထားသည့် စက်နာရီက နာရီလက်တံတချပ်ချပ်မြည်သံကလည်း ရပ်ထဲက တလှပ်လှပ်တုန်ခါနေသော ခံစားချက်ကို အားဖြည့်ပေးနေသည်။ စကားတစ်လုံးမှ ထပ်မပြောတာက စကားလုံးများစွာ ပြောသည်ထက်ပင် ပိုပြီးအားကောင်းနေသည်။ ထို့နောက် အရင်တုန်းက သူလက်တို့ပြီး စ,စနေသော ပါးချိုင့်လေးတစ်ဖက် မထင်တထင်ပေါ်သွားဟန်အရ သူမ အံကြိတ်ပြီး ခံစားချက်ကို မျိုသိပ်လိုက်မှန်း သိလိုက်ပါပြီ။ အကြည့်ကို လွဲဖယ်ပြီး ထွက်သွားသော သူမနောက်ကို သံပတ်ပေးထားသော စက်ရုပ်အလား ကယောင်ကတမ်းနှင့် လိုက်နေမိသော သူ့မှာ ကားဂိတ်ကို အရောက်မှာတော့ ကားပေါ်သို့ တက်ခါနီး ကြည့်သွားသော သူမ၏ လည်ပြန်အကြည့်တစ်ချက်ကြောင့် သူ့ခြေအစုံကို တုန့်ရပ် မလှုပ်မယှက်ကျန်ရစ်ခဲ့ပါတော့သည်။
အလွမ်းတွေအပီ စာဖွဲ့စီလည်း
ရင်နှင့်အမျှ သည်းအူလှိုက်အောင်
ပြင်းသည့်အပူ ဆယ်နွေထိုးသည့်
ခံစားချက်ကို မမှီသေးပါ ...
ပေကညစ်တွင် မင်တို့သည်ထက်
ကျောက်ထက်အက္ခရာက
ပိုထင်ရှားသကဲ့သို့
နှလုံးသည်းပွတ် ကျဆင်းယိုသည့်
မျက်ဝန်းစိုစိုဖြင့် ရေးသီဖွဲ့သည့်
ချစ်မေတ္ထာဇာတ်လမ်းကို
ပိုမိုနက်ရှိုင်း ထူးဆန်းလွန်းစွာ
နှစ်ကာလရှည်ကြာ
မမေ့ပျောက်နိုင်ပါ ...
ကြုံဆုံလာတိုင်း
အဟောင်းများက အသစ်ဖြစ်၏ ...
(ဆက်လက်ဖော်ပြပါမည် ... )
MSC - 176
ကိုယ်တိုင်ခံစားချက်လားဗျာ
ခံစားပြီး ရေးတာပါ
အလွမ်းဇာတ်ပေါ့နော်။
ဟုတ်တယ် မအိ
ဒါမျိုးလည်း ရတာပဲနော် ကြိုဆိုပါတယ်ဗျာ
ဟုတ် ကိုဟိန်း လေ့ကျင့်နေတာပါ
အားပေးခဲ့ပါပြီ
ကျေးဇူးတင်ပါတယ် ဦး
ချစ်ခန်း ကြိုက်ခန်း လွမ်းခန်းလေးတွေပါလား။
ကလောင်စမ်းကြည့်တာပါ
ကိုစော ကဗျာရေးတတ်တာတော်လိုက်တာ။ ကျွန်တော်တော့ မရေးတတ်သေးဘူးအကိုရေ။
ရေးကြည့်တာပါပဲဗျာ
အချစ်အကြောင်းသိကောင်းစရာ
ဟုတ် အန်တီ
အချစ်ဝတ္တုအခန်းဆက်လေးဖြစ်သွားပြန်ပြီပေါ့😁😁
ဆွံ့အနေတဲ့ချစ်သူဆီက အဓိပ္ပါယ်များစွာကို သိရှိရအောင် ဆက်လက်အားပေးပါအုံးမယ် ကိုစောရေ
လာပါမယ်ဗျာ
စစချင်းကို ဆွေးရပြီပေါ့ဗျာ...
ဆွေးဆွေးလေးပါ
အို အလွမ်းဇာတ်မှကြေကွဲသွာပြီမှ...
ကြေကွဲပြီး အနည်ထိုင်မှ အောက်ခြေခိုင်တာမို့လို့ပါ
လူပျိုဘဝကိုတောင် ပြန်တမ်းတမိတယ်၊ ကဗျာလေးတွေကလည်း ညိမ့်ညောင်းနေရောပဲ
တူတူပါပဲ ပြန်ခံစားကြည့်တာပေါ့ဗျာ
မြိုသိပ်ထားတာ ဘာပါလိမ့်!!!!!
သိချင်လိုက်တာနော်
မျှော်နေမည်
ဟုတ် အန်တီ ထပ်တင်ပေးပါ့မယ်
အရှည်တွေလာပြီပေါ့ ခံစားရဦးမှပေါ့ဗျာ
ဟုတ် ကိုသန့်
သစ်စိမ်းချိုး ချိုးသွားတာပေါ့အာ့ဒါ
ဟုတ်တယ် အကျိုးအကြောင်း မပြောဘဲဗျာ
အရေးအသား ကောင်းပါသည်။
FA တေ အချစ်ကြောင်း မကြည့်နိုင်ကြ
မျက်စိမှိတ်ပြီး မန့်ခဲ့သည်ပေါ့
ကိုစောရေ
ချစ်သူအလာကို စောင့်နေရသည့် ခံစားချက်ကို သူ သဘောကျသည်လေ … ကိုယ့်ချစ်သူလေးက ဘယ်လိုများ ၀တ်စားလာမလဲ … ? ဆိုတဲ့ စားသားလေးကို သဘောကျတယ်ဗျာ
ကျွန်တော်နဲ့ တိုက်ဆိုင်မှု ရှိတယ်
ငယ်မူပြန်သွားပြီပေါ့
အလွမ်းဇာတ်လမ်းလေးတွေကို သဘောကျတယ်
အားပေးတာ ကျေးဇူးပါ
အပိုင်းသစ်တွေများပါလား စောင့်မျှော်နေပါ့မယ်ဗျ
ဟုတ် ဆက်ရေးပါ့မယ်
Well done @sawlwin! You successfully guessed the match result.
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard!
Do you like the SteemitBoard Corld Cup Contest?
Vote for @steemitboard as a witness and get one more award!
တာရာမင်းဝေ အသက်ပြန်ဝင်လာသလိုပါပဲ၊ကိုစောရေ၊ ဒီအရေးမျိုးအတွက် တာရာမင်းဝေအရေးတွေကိုအတုယူသင့်တယ်။
ဟုတ်ကဲ့ နောက်အပိုင်း ဆက်နိုင်အောင် ဆရာတာရာမင်းဝေရဲ့စာအုပ်တွေကို ဖတ်နေပြီ ဆရာ