Stop copying both contents and ideas on Steemit ! စတီးမစ်တွင် သူတစ်ပါးစာနှင့် အကြံဥာဏ်အား ခိုးကူးခြင်းများ ရပ်တန့်ပေး ...

in #myanmar7 years ago (edited)

image.png

စတီးမစ်သမုဒ်ပြင်ဟာ ကျယ်ပြန့်ပါတယ်။ အဲဒီလို ကျယ်ပြန့်တဲ့ရေပြင်လွှာထဲမှာ ကွီးစောဆိုတဲ့ အကောင်ငယ်လေးက ငါးသေးငါးမွှားလေးသာ ဖြစ်နေတော့ အရာရာက သူ့အတွက် အဆန်းတကြယ်ဖြစ်နေတော့တာပေါ့။ ဒါနဲ့ပဲ ငါးဦးဦးတွေ ငါးဘဘတွေ ငါးကိုကိုတွေ ငါးမမတွေ သူ့ထက် ငါးဖြစ်စောတဲ့သူတွေကို လိုက်လံမေးမြန်းနေရတော့တယ်။ သိချင်တာကို သိရတာလေး ရှိတယ်။ သိပေမယ့်မပြည့်စုံတာလည်း ရှိတယ်။ ဒီတော့ ကွီးစောလည်း ဥာဏ်သုံးရတော့တယ်။

image.png

အို ... အသင်လောက ... ကျွန်ပ်ဟာ ငါးသေးငါးမွှားလေးပါ။ အခုမှ မျက်စိပေါက် ဖွင့်ကြည့်ရတဲ့ဘ၀သမားလေးပါ။ ဤမှန်သော သစ္စာတရားကြောင့် အသင်လောကကြီးကို အပြည့်အစုံနီးပါး မြင်နိုင်တဲ့ နတ်မျက်စိကို ရရပါလို၏။

ရုတ်တရက်ပဲ ငါးသေးငါးမွှားလေး ကွီးစောရဲ့မျက်လုံးဟာ ပြူးကျယ်လာတယ်။ ဝေလငါးတွေ ဘာတွေရဲ့ ဘာသာစကားကို တတ်သွားတယ်။ ဒါနဲ့ ပြူးစော ... အဲ ... ကွီးစောလည်း အခုမှ စကားပြောတတ်စ ငါးကလေးပီပီ စကားတွေလျှောက်ပြောတော့တာပေါ့။ သူသိချင်တာတွေကိုလည်း လျှောက်မေးမြန်းတယ်။ ဝေလငါးတွေရေးတဲ့ ငါးပေလွှာတွေကိုလည်း လိုက်လံဖတ်ရှုတယ်။ ပြီးတော့ သူ့လို ငါးသေးငါးမွှားလေးတွေကို ပြန်ပြောပြတယ်တ။ ။ဘာသာတွေ ပြန်ပြတယ်။ ကွီးစောရဲ့ဂုဏ်လည်း တက်လာတယ်။ ဖော်လိုဝါကလည်း များလာတယ်။ နေရာတစ်ခုလည်း ရလာတယ်။

image.png

အရာရာက အဆင်ပြေနေတဲ့အချိန်မှာ ကွီးစောတို့ သမုဒ်ပြင်မှာ ၀ဲကတော့ တစ်ခုဖြစ်လာတယ်။ ကွီးစောရဲ့ဘာသာပြန်ပေလွှာကလည်း ၀ဲကတော့ကြောင့် မူလရေးသားသူ ငါးကြီးတစ်ကောင်စီ ရောက်သွားတယ်။ ဒါနဲ့ ငါးကြီးကလည်း စိတ်ဆိုးတာပေါ့။ သူ့စာကို ခိုးကူးတယ်ဆိုပြီး ကွီးစောကို အပြစ်တင်တယ်။ အဲဒီအခါ ကွီးစောလည်း ပေါက်ကွဲသွားပါတယ်။

ရာရာစစ ငါ့ကိုများ သူခိုးလို့ လာစွပ်စွဲတယ်။ ငါးကြီးနဲ့ ငါးလေး နုန်းပြင်မှာ တွေ့ကြသေးတာပေါ့ကွာ

ဆိုပြီး စာတွေစီတာပေါ့။ ဒေါသသံတွေကလည်း အဲဒီစာတွေကို ဖတ်ကြည့်တာနဲ့ ပေါ်လွင်အောင် ရေးထားတယ်။ ဒါပေမယ့် ငါးဘိုးအေကြီး ဆြာတင်ကို တိုင်ပင်ကြည့်တော့ တုံ့ပြန်ပုံမှားနေတာကို သွားမြင်တယ်။ ဒါနဲ့ ဆြာတင်ရဲ့အကြံပေးချက်အတိုင်း စာပြန်စီတယ်။ အဓိကအားဖြင့်တော့ သူစွပ်တဲ့အချက်ကိုချေပတယ်။ ကိုယ့်ဘက်က အမှားကို ၀န်ခံတယ်။ ပြုပြင်မယ့်အကြောင်း ပြောဆိုတယ်။ သူ့ဘက်က လိုအပ်ချက်ကို ပါးပါးလေးထောက်ပြတောင်းဆိုတယ်။

image.png

ကွီးစောလည်း ရှုံးနေတဲ့ အချိန်မှာ တစ်ဂိုးရသွားတဲ့ ငေါလုံးအသင်းလို ( ငါးဆော့တဲ့ ဘောလုံးအသင်း) အောင်ပွဲတွေ ခံနေတာပေါ့။ အဲဒီအချိန်မှာ ငါးကြီးကလည်း အရေးတယူနဲ့ စာပြန်ပေးပါတယ်။ ကွီးစောနားမလည်တဲ့အချက်တွေကိုလည်း ရှင်းပြတယ်။ အဲဒီတော့မှ ကွီးစောလည်း သူမျက်စိပြူးတယ်ဆိုတာ တောင်ပေါ်က ပဲ့ကျလာတဲ့ ကျောက်ခဲလောက်သာ ရှိတယ်လို့ သိလာရတယ်။ copy/ paste နဲ့ တစ်ပုဒ်လုံးကို ကူးချတာတင် ခိုးတာ မဟုတ်ဘဲ သူတစ်ပါးရဲ့အကြံဥာဏ်ကို ခွင့်ပြုချက်မရဘဲ ရယူဖြန့်ဝေတာလည်း ခိုးကူးရာ ရောက်တယ်ဆိုတာ သိလာရတယ်။ ကိုယ့်ဘာသာ စာတွေကို ၇၀ရာခိုင်နှုန်း ပြန်ပြင်ထားပေမယ့် မူရင်းရေးသားသူရဲ့ အာဘော်အပြည့်အ၀ပါနေတဲ့ စာတွေက မိမိကို သူခိုးအဖြစ် ညွှန်းဆိုနေပါတယ်။

image.png

နို့ ... သိမှ မသိဘဲ။ သားက ဒီမှာ ကလေးပဲ ရှိသေးတာ။ ပြီးတော့ သားက နေရာပြောင်းလာတာ။ အရင် ဖွဘုတ်သမုဒ္ဒရာမှာ ဒီလိုမျိုး မရှိခဲ့ဘူး။ ပြီးတော့ သားတို့ဆီမှာ အဲဒီလို ဥပဒေတွေ မသက်ရောက်ဘူး။ ခရက်ဒစ်ပေးရုံနဲ့ လုံလောက်နေတယ်

တို့ ဘာတို့ပေါ့။

image.png

ငါးကြီးကလည်း ဘာသာပြန်တာဖြစ်စေကာမူ မူရင်းရေးသားသူထံကနေ ခွင့်ပန်သင့်ကြောင်း၊ အချို့ငါးကြီးတွေက သူတို့စာကို လွတ်လွတ်လပ်လပ်အသုံးချခွင့်ပြုပေမယ့် သူကတော့ ထိုကဲ့သို့ မဟုတ်ကြောင်း၊ သူ့စာကို သုံးရင် သူ့ထံကနေ ခွင့်ပြုချက် ယူစေလိုကြောင်း၊ ဒီလောကမှာ စာတွေကို ၇ရက်ကျော်ရင် ပြင်လို့ မရပေမယ့် မူလရေးသားသူက မကျေနပ်ဘဲ တိုင်ကြားရင် မိမိရေးသားတဲ့အကောင့်တစ်ခုလုံးကို ဖျက်ပစ်တာ ကြုံတွေ့ရနိုင်ကြောင်း ရှင်းပြပါတယ်။

image.png

အဲဒီတော့မှ ကွီးစောလည်း အပြည့်အ၀နားလည်တော့တယ်။ သူကလည်း ကွီးစောရဲ့အခြေအနေကို နားလည်သွားတယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုရသွားတဲ့အခါမှာတော့ ရင်းနှီးမှုက ဖြစ်တည်လာတယ်။ ကွီးစောအကူအညီလိုရင် တောင်းစရာ မိတ်ဆွေတစ်ဦးလည်း တိုးလာတယ်။ လတ်တလော ကွီးစော ခေါင်းရှုပ်နေတဲ့ ကိစ္စတစ်ခုကိုလည်း သူ့ကို ပြောပြလိုက်တော့ ချက်ချင်းပဲဗျာ ... အဖြေရှာပေးပါတယ်။ ကွီးစောအတွက် အတော်ကြာစဉ်းစားနေရတဲ့ ကိစ္စဖြစ်ပေမယ့် သူ့အနေနဲ့တော့ ခဏအတွင်းပဲ ဖြေရှင်းပေးနိုင်တဲ့ကိစ္စဖြစ်နေတော့ ကွီးစော အဆင်ပြေသွားတာပေါ့။

image.png

အဓိကပြောချင်တဲ့ အချက်ကတော့ စတီးမစ်ဟာ နားမလည်မှုတွေနဲ့ ပြည့်နေတဲ့အရာပါ။ တကယ်နေရာရသူတွေဟာ စိတ်ထားကောင်းသူတွေသာ ဖြစ်ပါတယ်။ အဆင်မပြေတာ ဖြစ်ခဲ့ရင် ပွင့်ပွင့်လင်းလင်းပြောဆို အဖြေရှာပါ။ ကိုယ့်အမြင်နဲ့ ကိုယ်မှန်နေပြီလို့ မထင်ပါနဲ့။ လူတိုင်းက မပြည့်စုံပါဘူး။ အမြဲစူးစမ်းလေ့လာနေရတဲ့နေရာမှာ အဖြေမှန်ဟာ အမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။ အခြေအနေကိုပဲ ပြောချင်တာကြောင့် ယခုစာအထဲမှာ အသေးစိတ်အချက်တွေကို ထည့်မထားပါဘူး။ နောက်ပိုင်းမှာ စတီးမစ်က သတ်မှတ်ထားတဲ့ ခိုးကူးစာတွေအမျိုးမျိုးအကြောင်းကို ပြောပြပေးပါ့မယ်။

ယခုတော့ ဒီလောက်ပါပဲ။ အဆုံးအထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

my photo.jpg

Images Credit - Google

Sort:  

ငါး တစ်ပိဿသာ ဘယ်ဈေးလဲဗျ..
ငါးကြော်စားချင်လို့😁😁😁😁😁

ငါး ဘယ်နှစ်ကောင်ကို တစ်ပိဿာပြည့်မလဲက အရင်မေးရမှာပါ ဒါမှ ကြော်စားမလား အိုးကပ်စားမလား ခွဲခြားလို့ ရတော့မှာ

ဒါကြောင့်လည်း ကိုယ့်တို့ group မှာ ငါးဖလှမ်းထလေး ငွီးစောကို အားကိုးနေရတာ။
ကော်ပီဆို နိုး၊မှီငြမ်းနှင့် ဘာသာပြန်ကို ခွင့်ပြုချက်တောင်းပါမှ ကောင်းပေမယ်

ဟုတ် ငွီးဟိန်း အဲဒီလိုလေး သိသွားရင် ငွီးစော အရှက်ပြေ post လေး ရေးရတာ တန်သွားပါပြီဗျာ ...

ဘာသာပြန်တွေလည်း သူများအိုင်ဒီယာနဲ့ဆိုတာ ဒီလိုယူလည်း မရဘူးဆိုတာ သိလိုက်ရတယ် ဘရို

ဟုတ်ကဲ့ အဲဒီလို သဘောရှိပါတယ်ဗျာ

ကျွန်​​တော်​တို့သည်​ငါး​သေး​သေး​လေးများဖြစ်​ကြပါသည်​။အဲ့​ကြောင့်​မှားတဲ့အခါလည်းမှားတတ်​​ပေမည်​😂😂

မှားတတ်သော်လည်း မမှားလျှင် ပိုအဆင်ပြေပါသည်။ ထို့ကြောင့် လေ့လာမှု မပြတ်အောင် ကြိုးစားရပါမည်။

ငါးခူ
ငါးဂျင်း
ငါး​မွှေထိုး
ငါးမြင်း၊ငါးရံ့
ငါးဒန်​၊ငါးဗျင်​မ
ငါးသ​လောက်​ စသည့်
ငါးေ​လးများသည်​ ​ဝေလငါး
မဟုတ်​ကြသည့်​ ကျ​နော်​တို့လို
နယူးဘီများဖြစ်​ကြသည်​😜😜😜

ကျွန်တော်တို့က ငါးခူ ငါးကြင်းတောင် မဟုတ်သေးပါ ... ငါးသေးငါးမွှားလေးများသာလျှင် ဖြစ်ပါတယ် ... ထို့ကြောင့် အချိန်ကို စောင့်ရပါမယ်

ငါး​လေး​တွေ မြန်​မြန်​ကြီး​အောင်
Spဆိုတဲ့ ငါးစာများများ​ကျွေးရမယ်​​နော့။

ဟုတ်တာပေါ့ဗျာ ဒါမှ အကြီးထွားမြန်မှာ တဖြည်းဖြည်းနဲ့ တစ်နေ့မှာ ဝေလငါးမဖြစ်ဘူးလို့ ဘယ်သူပြောမလဲ

ကောင်းတယ်ကိုစော ငါးသေးသေးလေး နဲ့နှိုင်းယှဉ်ပီး စတီးမစ်မှာ ကော်ပီ လုပ်နေကြတာကို ရှု့ဒေါင့်တစ်မျိုးနဲ့ တင်ပြသွားတယ်။ ကော်ပီတွေရပ်ကြပါလို့ ထပ်ဆင့် အားဖြည့်ပေးလိုက်ပါတယ်။

ဟုတ်ကဲ့ တကယ့်ဆရာတွေ cheetah မိတာလည်း တွေ့ပါတယ် ဒါဟာ ခွင့်ပြုချက်မရှိဘဲ အိုင်ဒီယာကို ယူရင်လည်း copy ပဲဆိုတာကို မသိတာကြောင့်ပါ

ငါး​လေးအိုးကပ်​ပဲစားချင်​တယ်​ကွာ 😄

ကိုယ့်ကိုယ်ကို ဆီပူထဲ ထည့်ကြော်လေ

လူ​တော်​​တော်​များများမသိပဲမှားကြတာများပါတယ်​ကို​စော​ရေ။Good writing.

ဟုတ်ပါတယ် မအိ ဒါကြောင့် သိရှိအောင် အခြေအနေကို ပြန်ပြောပြတာပါ မသိရှိသူများကလည်း သိရှိပြီး ဆင်ခြင်နိုင်ပါစေဆိုပြီးပေါ့

ဒီငါးလောက က အတော်လေးကျယ်ပြန့်တာကိုးဗျ။

ဟုတ်တယ် ကိုထွေး သူကိုယ်တိုင်တောင် နေ့စဉ်လေ့လာနေရတယ်တဲ့

အသေးစိတ်လေးက ဘယ်လိုဖြစ်တာလည်းဗျ
ဝင်္ကဝုတ္တိအလင်္ကာ သုံးထားဒါတော့ good တယ်ဗျာ

အသေးစိတ်ကို သိချင်ရင် ကျွန်တော့်ရဲ့ steemit reply box မှာ စာအပြန်အလှန်ပို့ထားတာ ရှိပါတယ် ကိုဗီး ၀င်လေ့လာလို့ရပါတယ်

ဟုတ် bro

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

သမုဒ္ဒယာထဲ အင်ပြည့်အားပြည့် ဆက်လက်ကူးနိုင်ပါစေဗျာ

ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

ကျယ်ပြောလှတဲ့
steemit သမုဒ္ဒရာပြင်ကြီးထဲမှာ
အတတ်နိုင်ဆုံးအမှားမဖြစ်အောင်
ကူးခတ်နေပါတယ်ဗျာ

ဟုတ်ကဲ့ အစစအရာရာသတိထားနေရပါမယ် ဒါမှ ကိုယ် ဘာတွေ ရေးနေတယ်ဆိုတာ ကိုယ့်မိတ်ဆွေတွေကို ပြန်ပြောနိုင်မှာပါ

ကွီစောက ငါးသေးသေးလေး တစ်ကောင်းဖြစ်နေခဲ့ပေမဲ့ သူတပါးကို ကူညီပေးဖို့အတွက် အနှစ်နာခံပြီး မရတာကို ရအောင် လုပ်တတ်တဲ့ ငါးတစ်ကောင်ပါဗျာ

ဟုတ်ကဲ့ ကိုယ့်လူတွေကို ကိုယ်နဲ့အတူ ဆက်ရှိစေချင်ပါတယ်ဗျာ ကူညီနိုင်တာရှိမှလည်း ကူညီပေးတာပါ အဆင်ပြေသွားတဲ့အခါ ၀မ်းသာမိပါတယ်

ကိုယ်ပိုင်သရဲနဲ့ဆို copy ကင်းပြီလေ😁😁

အဲဒီသရဲကလည်း ထွက်ပဲ ထွက်နိုင်တယ် သတိထားနော် ခရေဇီကို ဘာသာပြန်ရင် ဘာအဓိပ္ပာယ်လဲ သိတယ် မဟုတ်လား ... ?????

လွဲနိုင်တဲ့ အမှားလေးတွေကို ပြောပြသွားတာ အကျိုးရှိပါတယ်ဗျာ ရောထွေးနိုင်တဲ့အမှားလေးတွေပေါ့

ဟုတ်တယ်ဗျ အမှားကို အမှန်ထင်နေကြတာ ကိုယ်ကိုယ်တိုင်လည်း ပါဝင်တယ် ဒါကြောင့် ရှင်းပြပေးတာပါ

ငါးစားရင် ဦးနှောက်ကောင်းတယ်ဆိုလို့ အကိုစောရေ
တစ်ကောင်ပေးပါ

ငါးလေးလား ငါးကြီးလား ဒီမှာတော့ ငါးလေးပဲ ရှိတယ် ငါးကြီးကိုတော့ သူကြိုက်တဲ့ စားစရာနဲ့ မျှားခေါ်ရတယ်

ငါးအကြီးကြီးတွေကလဲ
ငါးသေးသေးလေး ဘဝကို ကျော်ဖြတ်ခဲ့ရတာပါဗျာ
အကို အခုလို သတိပေးစာစုလေးရေးသားပြပေးလို
ကျေးဇူးပါဗျာ

ဟုတ်ကဲ့ ဒါကြောင့်လည်း အချို့သူတွေက စာနာစိတ်ထားကြပါတယ် ဖေးမကူညီကြပါတယ် ဒါကြောင့်လည်း စတီးမစ်က သိက္ခာတက်နေတာပါ

ကိုယ်တိုင်အချစ်ဝတ္ထုရေးတော့ Copyဆိုတဲ့doubtပိုက်ကွန်ထဲက
ငါးလေးလွတ်သွားခဲ့ပြီ

ငါးလေးကလည်း လွတ်ရုံတင်မဟုတ်သေးဘူး လုံးဝကင်းအောင်လည်း ဆက်လက်ကူးခတ်နေရပါဦးမယ်

ငါးလေးတစ်ကောင် ကောက်ရတယ် ဘာဖြစ်လို့ လွှတ်လိုက်တယ် ဟီး

သူ ကျွန်တော့်ကို ဆိတ်လို့ပါ ဒါနဲ့ လွတ်သွားတယ် မိရင်တော့ကွာ ... ဟင်း ... ဟင်း ....

အမယ်
ငါးကြီးနဲ့ ငါးလေး
နှုန်းပြင်မှာ တွေ့ဆိုပါလား

ပွကြီးပွဲကောင်းဟေ့
ပြေးကြည့်အုံးမှ

ငါးကြီးက အပြောဆိုးပေမယ့် စိတ်ရင်းကောင်းမယ့်ပုံပဲ

ဒို့ကွီးစောကလဲ တတောင်ပြ တလံလောက်မြင်တာဆိုတော့က
အောင်မြင်မှုတွေးပွားပီပေါ့

အောင်မြင်သွားရင် အဖွဲ့သားလေးတေ မေ့နဲ့အူးနော်
ဟဲဟဲ
အစ်ကို့စာတွေဖတ်လိုက်တိုင်း
အသိပညာ
တခုခုတော့ ကျန်ခဲ့စမြဲ

ကိုယ့်ဘက်က မှားနေတော့လည်း အောက်ကနေ ပြန်ဝင်ရတော့တာပေါ့ မဟုတ်ရင် ထပ်ဆင့်မှားသွားမယ် အခုတော့ နားလည်မှုလွဲတယ်ဆိုတာနဲ့ ပိတ်ကားချလိုက်နိုင်ခဲ့တယ် အေးဆေးဖြစ်သွားတာ တော်သေးတယ်လို့ ဆိုရမှာပေါ့ဗျာ

Copy Copyတဖြေးဖြေးနဲ့
Copyဆိုတာ နိုင်ငံကူးလက်မှက်လိုသေးတာပဲ😁😁

ဟုတ်တာပေါ့ ခွင့်ပြုသည်ဆိုတာ မပါရင် copy လုပ်လို့ မရဘူး ကိုယ့်ဘာသာ ကိုယ့်စကားနဲ့ ပြန်ရေးလည်း copy က မလွတ်ဘူး

မပြူးသေးတဲ့ငါးလေး အတုယူပါရစေ

အဲဒီငါးက ပြူးတဲ့အပြင် ပြဲနေတာကို လာစနေတယ် အော်ငိုမိတော့မယ် ... ဗြဲ ဟဲ ဟဲ

အသိ​တွေတိုးရတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်
Bro ​ရေ။ Copyright နဲ့ပတ်​သက်​ရင်
Steemit က Tolerance နဲနဲပဲ​ပေးထားတယ်
လို့ထင်​ပါတယ်​ဗျ ။ ကျ​နော့်​အ​နေနဲ့လည်း
Steemit ​ပေါ်က​ဆောင်းပါး​တွေကို ပြန်​ဆို
ဖော်​ပြမယ်​ဆိုရင်​ အတတ်​နိုင်​ဆုံး ခွင့်​ပြုချက်
တောင်းခဲ့ပါတယ်​။ဘာလို့ဆို steemit က
တိုက်​ရိုက်​​ငွေ​ရေး​ကြေး​ရေး​တွေနဲ့
ပတ်​သက်​​နေတာဆို​တော့။ ဒါ​ပေမယ့်​လည်း
တစ်​ခြားsocial media ​ပေါ်ကဆိုရင်​​တော့
ခွင့်​ပြုချက်​မ​တောင်းခဲ့ပါဘူးဗျ။

FAQ မှာ အကောင့်ကိုဖျက်တဲ့အထိ အရေးယူမယ်လို့ ဆိုထားတယ်လို့ ပြောတာပါပဲ ဒါပေမယ့် အားလုံးဟာ ကိုယ့်ရဲ့ ethic နဲ့ ဆိုင်နေပါတယ်

ဒါဆိုရင် ဘာသာပြန်ကိုလည်းခွင့်တောင်းရမှာပဲနော့်။
ကျန်တော်လည်းဘာသာပြန်စတော့မလို့ ကိုစော။
လိုက်ပြီးခွင့်တောင်းလိုက်ဦးမယ် ဒါဆိုရင်

ဟုတ်ကဲ့ ကိုစိုင်း ခွင့်တောင်းထားတာ မမှားပါဘူး မဟုတ်ရင် နောက်ပိုင်းပြဿနာက ရှင်းရတာ ခက်ခဲတယ်

သတိပေးတွေရေးပေးတဲ့အတွက် ကျေးဇူးပါဗျာ

ဟုတ်ကဲ့ အသိတစ်ခုခုရသွားတယ်ဆိုရင် ၀မ်းသာပါတယ်