ဂါထာလေလားသစ္စာလား
ခေတ်ကာလအခြေအနေအရ လူတွေက ဒေါသလောဘမောဟတွေကြောင့် အနာရောဂါထူပြောခြင်း စစ်လက်နက်ဘေးကျရောက်ခြင်း သဘာဝဘေးအနန္တရာယ်ကျရောက်စေသည့်အပြင်မကောင်းမိစ္ဆာအတတ်ပညာသည်လည်းလုပ်တိုင်းထိ.လုပ်တိုင်းရသည်ဟုဆိုရမလောက်အောင်ပင် အစွမ်းထက်လှသည်ဖြစ်သည်။ အမှန်ကမိစ္ဆာပညာကစွမ်းလွန်းလှသည်မဟုတ်ဘဲ့..မိမိရဲ့ကိုယ်ကျင့်သီလအားနည်းနေသောကြောင့် ခံရသည်ကပိုများလှပေသည်။ အကြောင်းမည်မည်ရရမရှိဘဲ့ ရောဂါရခြင်း၊ စီးပွားရေးရုတ်တရက်ကျဆင်းခြင်း၊အိမ်သူအိမ်သားများ ရန်ဖြစ်ဆူပူခြင်းစသ်ာတို့သည်လည်းကောင်း၊ပြသာနာမှာတခုမဟုတ်တခုထထဖြစ်ခြင်းသည် သာမာန်မဟုတ်တော့ဘဲ့...ပယောဂအငွေ့အသက်များပါရှိလေသည်။ သိပ္ပံထွန်းကားသည့်ခေတ်မို့လို့ ဒီပညာတွေ မရှိဘူးကွာ..ငပေါတွေဟု ပြောနေသည့်သူကိုယ်တိုင်က စုန်း၊အောက်လမ်းပညာရှင်ဖြစ်နေူည်ကိုလည်းအံ့သြဖွယ်ရာသိရှိရသည်။
ဂါထာလားသစ္စာလား...ဟူပြောရခြင်းမှာ တနေ့ ၈လပိုင်း၂၀၁၈ဟုခန့်မှန်းရသည်။ ထိုနေ့ကိုတော့မမှတ်ဖြစ်..။ ထိုင်နေရင်းစိတ်ကူးမိသည်။ ဥာဏ်တချက်ပွင့်သွားသည်။ မြတ်စွာဘုရားရှင်၏ဂုဏ်တော်တွေကိုပွားများရင်း.. မြတ်စွာဘုရား၏ဂုဏ်တော်ကိုအစအဆုံး ပွားများစဉ်းစားနေခိုက်...ဤဂါထာသို့မဟုတ်သစ္စာကို.ရုတ်ချည်းရရှိခဲ့သည်။ ထိုဂါထာသို့မဟုတ်သစ္စာကိုအဘွားကိုပြောပြီး.စမ်းသောအခါ အရင်ကထက်သက်သာလာသည်ကိုလေ့လာတွေ့ရှိရသည်။ ဤသစ္စာသည်ယူံကြည်မှု သဒ္ဓါတရားကိုအဓိကအခြေခံထားသည်။.ဝန်ခံရလျှင် ဤဂါထာသို့မဟုတ်သစ္စာတရားကို စာအုပ်ထဲကဖတ်ဖူးသည်မဟုတ်ဘဲ့တွေးတောကြံဆထားခြင်းသာဖြစ်သည်။ စာအုပ်ထဲမှာရှိချင်ရှိမည်မရှိချင်မရှိပါ..။သည်အတွက် လိပ်ပြာလူံပါသည်။ ယခုအခါဤဂါထာသို့မဟုတ်သစ္စာကိုဖော်ပြပါမည်။
ဂင်္ဂါဝါစုမက ပွင့်တော်မူပြီးသောမြတ်စွာဘုရားရှင်တို့မည်သည်..ကပ်သုံးပါးတို့ဖြင့်လည်းကောင်း၊(အနာရောဂါဘေးနှိပ်စက်၍သော်လည်းကောင်း) သူတပါးတို့၏မကောင်းသောလုံ့လပယောဂတို့ဖြစ်လည်းကောင်း....ပျက်စီးခြင်း၊ခန္ဓာလွှတ်၍ပရိနိဗ္ဗာန်စံခြင်းသ်ာလုံးဝမရှိပါ။
မြတ်စွာဘုရားရှင်တို့မည်သည်.မိမိသဘောဖြင့်သာခန္ဓာလွှတ်၍ ပရိနိဗ္ဗာန်စံရခြင်းသည်ဖြစ်သည်။ ဤစကားသည်မှန်ကန်သောသစ္စာစကားဖြစ်သည်။ ဤမှန်ကန်သောသစ္စာစကားကြောင့်(အလိုရှိရာကိုဆိုပါ...)
ကျွန်တော်တွေးလေလေအလွန်ကျယ်ပြန့်လေလေဖြစ်သည်။ဥာဏ်ရှိသလိုသုံးနိုင်သည်၊မိမိတယောက်တည်းသာမဟုတ်..သူတပါးအပေါ်တွင်လည်းကုသခြင်းတွင်လည်းသုံးနိုင်သည်။ အနည်းဆုံးတော့မသေနိုင်ဘူးပေါ့..။
မေးထောက်စရာရှိလာသည်။ ဂေါတမမြတ်စွာဘုရားရှင်သည်.ဝက်သားသို့မဟုတ်ဝက်မှိုကိုစား၍ အနာရောဂါဖိစီးပြီးနိဗ္ဗာန်စံသည်မဟုတ်လော...ဟုဆိုလျှင်...ဆရာတော်တွေထံမေးကြည့်ဟုဖြေချင်သော်လည်းမိမိသိသလောက်ဖြေပေးပါမည်။
ဝက်သားသို့မဟုတ်ဝက်မှိုစားသည်ဖြစ်သောကြောင့် ပရိနိဗ္ဗာန်စံသည်မဟုတ်၊ မြတ်စွာဘုရားအလိုရှိလျှင် ကမ္ဘာတခုလုံးအထိအာယုကိုဆွဲဆန့်ကာအသက်ရှည်နိုင်သည်။ မ်ာနတ်က ပရိသတ်လေးပါးပြည့်စုံသည်ဖြစ်သောကြော်င့နိဗ္ဗာန်စံရန်တိုက်တွန်းပြောကြားသောကြောင့်လည်းမဟုတ်။ ဤရှင်းလင်းချက်သည် ကျမ်းစာအုပ်မှာရှိပါသည်။ လိုရင်းကိုမရောင်တော့ဘူး။ မြတ်စွာဘုရားရှင်သည်ဝေဒနာကိုခံစားရင်း နိဗ္ဗာန်စံသည်မဟုတ်ပေ...ပထမဈာန် ဒုတိယဈာန်.တတိယဈာန်အဆင့်ဆင့်..ဖလာပတ်အထိ ဝင်စားပြီးနောက် တဖန်ဈာန်တရားကိုဝင်စားပြန်သည်။စတုတ္တဈာန်ရောက်သောအခါမှ နိဗ္ဗာန်စံမြန်းခြင်းသည်ဖြစ်ပါသည်။ အနာရောဂါဘေးနှိပ်စက်ပြီး..ဒုက္ခဆင်းရဲနှင့် နိဗ္ဗာန်စံရခြင်းမဟုတ်ပေ။ မိမိအလိုကျ..ဈန်တရားကိုဝင်စားပြီး နိဗ္ဗာန်စံခြင်းဖြစ်သည်။ လူတိုင်း၏သံသယကို ဖျောက်ပေးနိုင်သောအရည်အချင်းသည်ကျွန်တော့်ထံတွင်မရှိသောကြောင့် ဆရာတော်ထံတွင် မေးမြန်းကြည့်နိုင်ပါသည်။
ဤဂါထာသို့မဟုတ်သစ္စာဆိုရင်ဘာထူးတုန်းဟုမေးလျှင် သူတပါးတို့၏မကောင်းသောအတတ်ဖြစ် မလုပ်ကြံနိုင်ခြင်း၊ ဘုရား၏ဂုဏ်ကျေးဇူးက်ုအောက်မေ့သဖြင့် ဗုဒ္ဓမနုသတိပွားများရာရောက်ခြင်း၊ လက်နက်ဘေးများသဘာဝဘေးများမှလွတ်မြောက်နိုင်ခြင်း.စသည်တို့တော့အနည်းဆုံးရရှိမည်။
ထိုဂါထာသို့မဟုတ်သစ္စာတရားကို ကျွန်ပ်တယောက်တည်းသုံးမည်ဟု.အတ္တကြီးစွာတွေးမိသော်လည်း..သူတော်ကောင်းများလောက၌ရှိပါသေးသည်။ ထိုသူတော်ကောင်းတို့ရွတ်ဆိုပြီးသူတပါးအပေါ်သော်လည်းကောင်း၊မိမိကိုယ်တ်ုင်အန္တရာယ်ကင်းရှင်းဖြစ်ပါစေကြောင်း မေတ္တာစိတ်ကပိုများသည့်အတွက် ယခုကဲ့သို့ရေးသားဖော်ပြခြင်းဖြစ်သည်။
Msc088@sawmyat
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.tumblr.com/dashboard
!cheetah whitelist
Your post has been chosen for MMCG Curation Issue #4. You will get 10% of post payout. Please consider following me..