Steemit members မ်ားအားလံုးမဂၤလာပါခမ်…
နောင်မွန်မြို့လေးက မြေပြန့်ပြန့်အနေအထားမှာပဲရှိပါတယ်…မြို့အဝင် သံကြိုးတံတားလေးမရောက်ခင် ဗီးကုပ်တောင်ထိပ်ပေါ်ကကြည့်လိုက်ရင် ပိုမြင်သာတာပေါ့…။မြို့လေးရဲ့ အနောက်ဖက်ချောင်းရိုးအတိုင်း စီးဆင်းသွားတဲ့ ကဆန်ချောင်းလေးကလည်း ပက်ခွေပီးစီးဆင်းနေတာပေါ့…ရပ်ကွက်လေးတွေကလည်း သူ့အုပ်စုနှင့်သူ အကွက်ကျကျ နေရာယူထားတာလေးတွေကလည်း ချစ်စရာ…။ကျနော်ဆို…မြို့အဝင်ရာက်သွားတဲ့အချိန်ထိကို မျက်စိမလည်သေးဘူး…မြို့အလယ်ခေါင်လည်းရောက်ရော…ဘယ်လိုလုပ်လည်မှန်းမသိလည်ပါလေရောဗျာ…ပြောပြအုံးမယ်…လမ်းတွေအရမ်းရူပ်လို့ ထင်နေမယ်…ဘယ်ဟုတ်မလည်းလေ မြို့အလယ်ခေါင်ကို စဝင်လာကတည်းက လမ်းမကြီးပေါ်မှာကို မျက်စိလည်းသွားလိုက်တာဗျာ…ကိုယ်တွေကိုယ်တိုင်ကို အံ့ရော…။ဒါမယ့်…အဲ့နေရာမှာ တောင်နဲ့မြောက်မှန်းသိနေပေမယ့် …ရောက်ရောက်လာရင် ဦးနောက်ကကို အလွဲအလွဲတွေပဲ မှတ်ပေးတယ်…အမှတ်တရဖြစ်ခဲ့တဲ့အနေနဲ့ အရမ်းလည်းရယ်ရပါတယ်လေ…။
မြို့အလယ်က cdma phone tower
ခါတိုင်းလို သူတို့ဆီရဲ့ ရိုးရာထုံးစံလေးကတော့…ဘုရာကျောင်းကို အသားဆာင်လည်းဖြစ် အောက်ပိုင်းက ကျောက်တုန်းလေးတွေနဲ့ အခြေစိုက်ဖောင်ဒေးရှင်းလေးနဲ့ ဆောက်ထားကြတာပေါ့…။အရမ်းလည်းခမ်းနားလှပါတယ်လေ…အဲ့ဘုရာကျောင်းကြီးမှာလည်း ရဝမ်နှစ်ချင်း၊ကချင်နှစ်ချင်း စတဲ့ ရိုမန်ကတ်သလစ်စတဲ့ အသင်းတော်တွေနဲ့ ဧဝံဂီလိ စတဲ့ အသင်းတော်တွေ ဟာတနင်္ဂနွေနေ့ ရောက်လာကြပီဆိုရင် ကိုယ့်အသင်းတော် သူ့အသင်းတော်တွေနဲ့…ကလေးတွေစာသင်သလို… တစ်ချိန်ပီးတစ်ချိန် ဘုရားကျောင်းတက်ကြတာပေါ့…။အဲ့နေ့ဆိုရင်…ရဝမ်မလေးတွေများဆို သူတို့ဓလေ့စရိုက် သူတို့မြို့ဆိုတော့ ပြင်ထားလိုက်တာများ…လှချက်တော့ လီဆူမတွေအရှူံးပဲဗျို့…ဝတ်ထားလိုက်တာကလည်း ထဘီကဆို ဘေးပတ်လည်အနီနဲ့ငွေရောင်၊အစိမ်းနဲ့ ငွေရောင်အစင်းလေးတွေများဆို…ပိုးချည်လည်းပါတော့…နေရောင်ကကျအလာ ကိုတွေမျက်လုံးမှာတောင် သူတို့လေးတွေရဲ့ အရောင်များကပ်တင်ခဲ့တာလား…အလှတွေကိုစွဲလမ်းခဲ့တာလားကို မသိရလောက်အောင် ဖြစ်စရာလည်းကောင်းတာပေါ့…အတော်လေးကိုပြောပစရာလည်းကောင်းသလို…ပျော်စရာလည်း အရမ်းကောင်းတယ်…။
အသားအရေကလည်းကောင်းဆို …သူတို့လူမျိုးလေးတွေကို လူဝါမျိုးလို့ခေါ်ရမလားဘဲ…တစ်ချို့အတော်လေးကို ဖြောင့်ဖြောင့်ဆင်းပီး သွယ်လျှတဲ့ မိန်းမလှလေးတွေဆို သူတို့မျက်လုံးလေးတွေကများ ကိုယ်တွေကို ယပ်ခေါ်နေသလို စွဲငြို့အားကလည်းအတော်ကောင်းပ့ဗျာ…။ကျောင်းစိမ်းနဲ့ဆိုလည်းတစ်မျိုးကြည့်လို့ကောင်းပြန်ရော…။
ဒါနဲ့…ကျနော်တို့ သူငယ်ချင်းတွေလည်း ဘုရားကျောင်းသွားတဲ့ မျက်နှာချင်းဆိုင်လမ်းကနေ အရှေ့ဘက်စူးစူးကိုလာခဲ့တော့…စာသင်ကျောင်းကြီးရောက်သွားတာပေါ့…။ကျောင်းကြီးကိုသွားတဲ့ လမ်းမတစ်လျောက်မှာလည်း ဆိုင်ရာဆိုင်ရာအသင်းတော်တွေဟာ…ဘုရာကျောင်းသွားပီးဝတ်ပြုဆုတောင်းကျတာများ…လမ်းမှာတွေ့ခဲ့ရတဲ့ တောသစ်ခွပန်းလေးတွေကိုကြည့်နေရသလိုဆိုတော့…တစ်မျိုးပီးတစ်မျိုးအမျိုးမျိုးကိုမရိုးနိုင်လောက်အောင်ပါပဲလေ…ခဏတစ်ဖြုတ်ဆိုတလမ်းလုံးကပင်ပန်းမူတွေကို ယူပစ်လိုက်သလို မေ့သွားတာပေါ့…အင်းရေးသာ ရေးနေရတယ် အိမ်က မဒီများသိရင် …သက်မလားမသိဘူးရယ်…ဟီး။
ကျောင်းအဝင်လမ်းပုံလေးပေါ့…
ဒါနဲ့ကျနော်တို့လည်း နေ့လည်အချိန်ကောင်းလေးမှာပဲ ရောက်လာခဲ့တယ်…ဘာပဲပြောပြောကိုယ်တွေက ကျောင်းဆရာဆိုတော့…အားမနာတမ်းတည်းခိုစရာဆိုလို့ ကိုယ့်ကျောင်းတော်ကြီးပဲရှိတာလေ…အဲ့ကြောင့်မို့လည်းကျနော်တို့လည်း ရွေးချယ်ဖြစ်ခဲ့တာပေါ့…ကျောင်းရောက်တော့ကျောင်းအုပ်ကြီးကလည်း ကိုယ်တွေလို အောက်ပိုင်းသား မုံရွာနယ်သားဖြစ်တော့…အရမ်းခင်သွားတာပေါ့ …နာမည်က ဦးဆန်းဝင်း ခုတော့…အဲ့ဆရာကြီးလည်း မုံရွာဘက်ပြန်ပြောင်းသွားပီး ပညာရေးမူးဖြစ်နေတယ်လို့တော့ အသံကြားရပါတယ်လေ…။ဒီလိုနဲ့ဆရာကြီးက "အေးကွာ…လာကြလာကြ ငါ့နယ်သားတွေဟ…ဘယ်ကကောင်တွေတုန်းထင်နေတာ…"ပြောပီး မြောက်ဘက်အစွန်ဆုံးဆောင်ဖြစ်တဲ့ အဆောင်သစ်လေးထဲခေါ်သွားပီး"ကဲကွာ…အဆင်ပြေသလိုသာ ကြည့်နေကြတော့…"ပြောပီးလှည့်ပြန်သွားပါတယ်။ကျနော်တို့လည်းဆရာကြီးကို အရမ်းကျေးဇူးတင်မိတာပေါ့…။
သူငယ်ချင်းများအားလုံးကိုလည်း ကျနော့ရဲ့ ခရီးသွားအတွေ့အကြုံလေးတွေကို ဝေမျှခွင့်ရလို့…ကျေးဇူးပါနော်
အားလုံးလည်း ကိုယ်စိတ်နှလုံးအမြဲရွင်ပြုံးကြပါစေလို့ဆုတောင်းနေရင်း…
#Credit-my facebook photos
@sheinthu(MSC-026)
မြန်မာနိုင်ငံရဲ့ မြောက်ဖက်တံခါးမက ခရီးစဉ်တွေကိုလည်းစိတ်ဝင်စားတယ် ပီးတော့ အဲ စိတ်ဝင်စားတယ်ဆရာရှိန်း
ကချင်လူမျိုးတွေက် တိဗက်မြန်မာနွယ်တွေလို့ဖတ်ဖူးတယ်လေ ဒီတော့ ချောတာပေါ့ဆရာရှိန်းရယ်
ကိုစိုးစိတ်ဝင်စားနေတာ…ကျနော်သိနေသလိုပဲ😂
စောင့်ဖတ်နေရတာ
ဟုတ်ကဲ့ ကိုအတာရေ…ကျေးကျေးပါ
နော်လည်းအားပေးနေမယ်…😄
နောင်မွန်မြို့ အကြောင်းကိုစာထဲဖတ်ဖူးကတည်းက ကိုယ်တိုင်ရောက်ဖူးချင်နေတာပါ။ ဓာတ်ပုံလေးတွေကြည့်ရတာတော့ တော်တော်လေးအေးချမ်း သာယာတဲ့ပုံပါပဲ။ တစ်နေ့တော့ ရောက်အောင်သွားချင်ပါသည်။
ဟုတ်…
နော်ပြန်သွားတဲ့အခါကျ…ခေါ်ပေးမယ်နော်
😄
Welcome back ဆရာကျောင်း.. ရဝမ်မတွေ လှ တာပြီး တော့ ကလေးတွေကို စာသင်ရတဲ့ အခက်အခဲ လေးများ ဖေါ်ပြပေးပါဦး။ ကျောင်း သားမိဘတွေရဲ့ စီးပွားရေးနဲ့ အဲဒီကျောင်းက ကလေးတွေရဲ့ အနာဂါတ်ကို ဆရာ့ အာဘော်လေနဲ့ ဖေါ်ပြပေးပါအုံး
ဟုတ်ကဲ့ပါအကိုရေ…
ခေါင်းစဉ်တွေရွေးနေတာနဲ့အကိုပြောမှသတိရတယ်…ကျေးဇူးပါအကိုရေ
Good writing
Thanks sister..
Great pics and brilliant blog great read thank u for sharing on Steemit love KIRSTY xxx 💗😍
Thanks you so much @kirstyelms
Good Article bro!
ဟုတ် ကျေးဇူးပါနော်…
good post
ကျေးဇူးပါဘရိုရေ…
Good အရေးအသားကောင်းတယ် ခရီးသွားချင်စိတ်တွေပါ ဖြစ်သွားတယ်ဗျာ
ကျေးဇူးပါဗျာ…ဘရိုလေး
သွားရုံပ့ဗျာ…နောင်မွန်ကတော့ ဘယ်အချိန်သွားသွား မှတ်မိသေးတယ်…
Very
ကျေးကျေး…
Congratulations @sheinthu! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Thanks thank so much
good post
ကျေဇူးပါခမျ…
စိတ်ဝင်စားတယ်နော်
Thank you so much bro
မရေးဖြစ်တာ …ဘရို