Myanmar Steemit members များအားလုံး မင်္ဂလာပါခမျှ…။
ကျနော် ဖျားနေတဲ့အခိုက်လေးမှာ သူငယ်ချင်း(၂)ယောက်ထမင်းချက်စားဖို့ တိုင်ပက်မယ်ထင်တာပေါ့…အမယ်…အဲ့ကောင်(၂)ယောက်က သူတို့ကိုယ်တော့ အပင်ပမ်းခံဘူးဗျ…။ကိုယ်သက်သာရာလမ်းကြောင်းတော့ အတော်ရှာတက်ကြတဲ့လူတွေ…ဖြစ်ချင်တော့ ဒီလိုဗျ…ကျနော်ဖျားတဲ့နေ့လည်မှာ ဆရာဂွန်းအောင် ရောက်လာတာနဲ့ ဒီကောင်တွေ ထမင်းမချက်တက်ချက်တက် လုပ်နေတာလည်းမြင်ရော…ဆရာဂွန်းအောင်က "အောင်သူ မင်းတို့ကထမင်းမချက်တတ်ဘူးလားဟ…"လို့မေးတော့…"ဆရာရေ…ခုမှစချက်ဖူးတာဗျ…ဒီကြားထဲ ဟို…ငရှိန်းက အပျင်းဖျားနေလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးဖြစ်နေတာ…ကြည့်ရတာ ဒီကောင်က…စိတ်ပင်ပမ်းပီး အားပျက်သွားသလိုပဲ ကိုဂွန်းအောင်ရ…ကျနော်တို့လည်း…ငရှိန်းကို မြန်မြန်နေကောင်းစေချင်တယ်ဗျာ…နို့မဟုတ်ရင် ကြာလာရင် မကောင်းဘူးဗျ…တော်ကြာ ငှက်ဖျားဘက် ကူးသွားရင် ခတ်ရော…သူကငှက်ဖျားအခံရှိတယ်လို့ကြားဖူးတယ်…"လို့ အောင်သူကပြောလိုက်တော့…ကိုဂွန်းအောင်က"လာ…ငါ့အဆောင်လိုက်ခဲ့လို့ပြောပီး…"အောင်သူကို ခေါ်သွားလိုက်တယ်…။ကျနော်လည်း…သူတို့ထွက်သွားပီးနောက် အိပ်ရာထဲမှာပဲလှဲပီး…ကျန်ရစ်ခဲ့တော့တယ်။
ဟိုရောက်တော့…ဒီအကြောင်းတွေကိုလည်း အောင်သူကပြန်ပြောပြလို့ သိခဲ့ရတာပါ…။"ကိုဂွန်းအောင်က သူ့အဆောင်ရောက်တော့ မွေးထားတဲ့ကြက်တွေထဲက…တစ်ကောင်ကို လိုက်ဖမ်းတော့တယ်။ကြည့်ရတာ…သူကြက်စွပ်ပြုတ်လုပ်ပေးမလို့နဲ့တူတယ်ပေါ့ဗျာ…။ဒါမယ့်…ကြက်တွေကလိုက်ဖမ်းမ်းတော့ အော်ပီလေ…အဲ့ဒါ ကိုဂွန်းအောင်တို့နဲ့ အဆောင်တူ တောင်ဖက်အခြမ်းမှာနေတဲ့ ဆရာမလေးတွေက သိသွားလို့နေမှာ…သူတို့ကထွက်လာပီး…"ဟဲ့…ဂွန်ေးအောင် နင်က ခုမှ ကြက်တွေကို ဘာလို့လိုက်ဖမ်းနေတာတုန်း…နားငြီးလိုက်တာ အိပ်လို့ကို မရဘူး…"ဆိုပီး ဂွန်းအောင်ကို မေတ္တာပို့နေကြတာပေါ့ဗျာ…။
သူတို့အချင်းချင်းတော့ ကချင်မျိုးတူတွေဖြစ်တော့ အ ရမ်းခင်နေကြလို့ …ပြောမနာ ဆိုမနာ ပုံစံတွေနဲ့"နင်တို့က လူအိပ်ချိန်ရော ဟုတ်လို့လား…ကြည့်လိုက်အုံး အချိန်ကိုလည်း…"လို့ပြန်ပြောလိုက်တော့…သူတို့ကလည်း ထွက်လာပီး ဘုမသိဘမသိနဲ့…"ဖမ်းဖမ်း…ငါတို့ကို အိပ်ရေးတွေပျက်ပီး အားနည်းမှာစိုးလို့နဲ့တူတယ်…သီတာရေ… နင်တို့ ငါတို့ကိုကြက်သားချက်ကျွေးမလို့လုပ်နေတာမို့လား…"ဆိုပီး သူတို့အဖွဲ့က တစ်မူးထူလာတော့…"ဘောက်မိုင်နဲ့ သီတာ ခဏအောက်ကိုဆင်းခဲ့အုံး…နင်တို့(၂)ယောက် အဆောင်ရဲ့တောင်ဘက်အောက်က စောင့်နေ…ငါကမြောက်ဖက်ကညှပ်ဖမ်းလာခဲ့မယ်…"လို့ဂွန်းအောင်က သူတို့ကိုအော်ပြောလိုက်တော့…အမယ် မယ်မင်းကြီးမ(၂)ယောက်က လှေခါးတက်အဆောင်လေးပေါ်ကနေ…ခပ်သွက်သွက်လေးပြေးဆင်းလာပီး…အဆောင်လေးအောက်အရောက်မှာ အားလုံးဝိုင်းပီဖမ်းလိုက်မှ…ကြက်လေးတစ်ကောင်မိတော့တယ်…။
ဒါကတော့…ဘောက်မိုင်၊အောင်သူ၊သီတာတို့ခမျှ…
ဒါနဲ့ ကိုဂွန်းအောင်က…"နင်တို့အတွက်မဟုတ်ဘူး…ဆရာရှိန်း နေမေကောင်းဖြစ်နေလို့…ကြက်စွပ်ပြုတ်လုပ်မလို့…ရော့…ငါ့တာဝန်က ဖမ်းလို့ပီးပီ ချက်ဖို့တာဝန်က နင်တို့အလှည့်ဆိုပီး ကြက်အသေလေးကို သူတို့ရှေ့တင်ပေးလိုက်တယ်…။အဲ့ဒါ…ကချင်လိုလို…ရဝမ်လိုလို…တရုတ်လိုလို ဆရာမလေးဘောက်မိုင်က…"လာ သီတာ ဘာပဲပြောပြော…အရင်ဆုံးတို့လက်ထဲရှိတာ ငါတို့စားပီးမှ သူတို့စားရမှာ " ပဲဆိုပီး သူက… အောင်သူတို့ကို ရေခက်ခိုင်းလိုက်တယ်…။ကျနော့အထင်တော့…ခု အောင်သူပြောပြတဲ့ ဆရာမလေးဘောက်မိုင်ဆိုတာ ရပ်ဘော့ကျောင်းတုန်းက ဆရာမင်းမင်းစိုး ပြောပြခဲ့ဖူးတဲ့…ပညာရေးမူးရုံးမှာ ဒဟွန်းဒမ်းထိမတက်နိုင်တော့လို့…ဒုပညာရေးမူးနဲ့အပြန်အလှန်ပြောဖူးခဲ့တဲ့…ကောင်မလေးများဖြစ်နေမလားပဲဆိုပီး အတွေးလေးတွေ ဝင်ရောက်လာတော့တယ်…။ဒါမယ့်…ကျနော်ကတော့…အိပ်ရာထဲမှာပေါ့လေ…။
ဒါကတော့…ကျောင်းဝိုင်းအပြင်ကကိုဂွန်းအောင်နဲ့ ဆရာမလေးတွေအဆောင်ပေါ့…
အဆာခံကိတ်မုန်လေးပဲစားပီး ဆေးတွေပဲဖိသောက်နေရတယ်…ကိုယ်ကိုကို ငှက်ဖျားဝင်လာမှာလည်း အရမ်းစိုးရိမ်လို့မို့လေ…"ညနေထိရောက်လာတော့မယ်…သူတို့ပြောတဲ့ ကြက်စွပ်ပြုတ်ကလည်း ဘယ်ရောက်နေမှန်းမသိဘူးကွာ…"ကျနော်တစ်ယောက် တမ်းတာနေမိတာပေါ့…။ဟို သူငယ်ချင်း(၂)ကောင်ကိုလည်း ဂွန်းအောင်က မြို့ထဲ Tea shop သွားရအောင်ဆိုပီး ခေါ်သွားလိုက်တာ ပေါ်မလာသေးဘူး…"အဲ့ငနဲ"တွေကလည်းဆိုပီး ကျနော်ရွေရွတ်မိပါသေးဗျာ…။ဗိုက်ကလည်း ဆာနေပီလေဆိုတော့…"ဟိုဆရာမလေးတွေကလည်းကွာ…သူတို့စားပစ်လိုက်လို့ ကုန်သွားလို့ ရောက်မလာတာလားမသိဘူး…"ဆိုးပီး ကျနော်တစ်ယောက် အငမ်းမရစိတ်နဲ့ ပတ်ပီး ရစ်ချင်လာတော့တယ်…။အဲ့ဒါနဲ့…"ဒေါက်ဒေါက်"ဆိုပီး အခန်းတံခါးလာခေါက်တော့…အင်း ဟိုကောင်တွေ ပြန်လာပီအထင်နဲ့…ချက်ချင်းဖွင့်လိုက်တော့ အထင်နဲ့အမြင်ကတလွဲ…ဘောက်မိုင်နဲ့ သီတာဖြစ်နေလေရော…။
@sheinthu(MSC-026)
Good postပါbroကျွန်တော်postလေးကိုလည်းvoteပြန်ပေးပေးပါအုံးနော် voteအရမ်းနည်းနေလို့ပါ
ခေခေ ဘရို…
very nice post
Thanks
Very good post bro
ကျေးဇူးအကို…
ဖျားနေတဲ့သူကို တယောက်ထဲထားကြတယ်ပေါ့
ဟုတ်ပါ့ဗျာ…တော်သေးပြုစုပေးမယ်သူတွေကလည်း မြို့ထဲတဲ့…
အမြဲအားပေးနေတယ် Ko Shein
ကျေးဇူးပါဗျာ…ကိုအတာ
အိမ်း ကောင်းလေစွ
မရပါ…😄
ကြက်စွပ်ပြုပ်ပါငတ်မယ့်ကိန်း😁😁
ဒီကလည်း…ဘယ်ရမလည်းကြက်စွပ်ပြုတ်မလာရင်…လာတဲ့ဟာဟာပဲ ဆွဲရမှာပဲလေ…ဟီးးး
Thank for sharing !
ကျေးဇူးပါနော် …
ခရီးသွားအကိုကြီးကျန်မာရေးဂရုစိုက်ပါဗျာ
အေးပါကွာ…ညီလေး
Much obliged!
That's interesting. Good travel
Thank you for post
Thanks you so much bro
နာမည်လေးတွေ သဘောကျ
ဖြစ်ရမယ်လေ…ဟား
ပြည်နယ်တစ်ခုထဲမှာနေရာကွဲနေကြတယ်။