နှင်းမေတ္တာသွန်း-၅

in #myanmar3 years ago

img_0180.jpg

#၇လပိုင်းနောက်တွေမှာတော့ စာမေးပွဲဖြေရက်နီးတွေဆိုတော့ ဖေဖေက (၁၀)တန်းကလေးတွေဆီ စာသင်သွားနေတာနဲ့အချိန်ကုန်တာပေါ့။တစ်နေ့ သူတို့ဆီအသွား ဘက်ထရီဘီးနဲ့ဆိုတော့ အပေါ်ကအမိုးတက်ထားတာလည်းပါတယ်။speed က အင်ဂျင်ဆိုင်ကယ်တွေလ်ု အရမ်းမမြန်လို့တော်သေးတာပေါ့။ နောင်နန်းနဲ့ ရေစက်ကြား ကလေးတွေအိမ်ဘက်ကို ချိုးဝင်မယ့် လမ်းလေးရောက်ခါနီး ဘီးspeed ကိုလျော့လိုက်တာနဲ့ ဖေဖေ စီးလာတဲ့ ဆိုင်ကယ်အမိုးကကျွတ်ပီး ပါးပြင်နဲ့ရင်ဘက်တွေကို ရိုက်ထွက်ပီး အမိုးက လေထဲကိုလွင့်မျှော သွားတယ် ဖေဖေလည်း ရုတ်တရက်ဆို ဆိုင်ကယ်ကို မလဲအောင်ထိန်းဖို့သတိရလိုက်ပေ့မယ် နဲနဲနောက်ကြသွားတော့ ဟန်ချက်ပျက်ပီး ခေါက်လဲသွားတာပေါ့။ချက်ချင်းဆိုတော့ အမိုးဘယ်ရောက်သွားလဲ လိုက်ကြည်မိလိုက်တော့ ဟိုးအနောက်နား ခပ်လှမ်းလှမ်းမှာ ရောက်နေလေရဲ့။ဖေဖေလည်း ဆိုင်ကယ်လေး ခပ်သွကါသွက်လေးထူပီး ပြေးကောက်ပီးတပ်ကြည့်လိုက်တော့ အများကြီးပျက်စီးတာမျိုးတော့ မရှိဘူးပေါ့။အဲ့ဒါနဲ့ စာသင်သားကလေးတွေ အိမ်ရောက်မှာ ဖေဖေကိုကြည့်ပီး "ဆရာကြီး မျက်နှာက ဘာဖြစ်လာခဲ့တာလည်းမေးမှ သေချာပြန်ကြည့်လိုက်တော့"နည်းနည်း ခပ်အန်အန်းဖြစ်နေပြန်တာပေါ့။အဲ့နေ့လည်မှာ ပထမပိုင်းစာသင်ပီး ဒုတိယပိုင်း စာလုပ်ကြတာပေါ့။ အဲ့နေ့မှာ ဂျာရာကော့တို့ လုဂျာ ၊ဂျာနမ်၊ထုဆန် တို့လာပီး ဇင်ဇင်သော်လေး တစ်ယောက်လည်းမလာတာ သတိထားမိခဲ့သေးတယ်လေ။

img_4535.jpg

တပတ်မှာ ဖေဖေက ညတိုင် စောင့်ပေးရတာဆို ၂ရက်ပေါ့ ။အဲ့ရက်တွေပဲ ရက်အတိကျတော့ ဖေဖေမေ့သွားပီ စနေနေ့ညဖေဖေ အိပ်ရမယ့်ညမှာ ပုံမှန် ပထမအချိန်မှာ စာသင်ပီး ဒုတိယပိုင်းမှာ အိမ်စာတွက်တာကို guide စောင့်လုပ်ပေးရတာပေါ့။အဲ့နေ့တစ်ညမှာဆရာ ၂ယောက် တပိုင်းဆီဆိုတော့ ဖေဖေက ပထမအပိုင်း ညနေ ၇ နာရီကနေ ည ၉:၃၀ ထိ ကျန်တဲ့အပိုင်းက ဆရာတစ်ယောက်က အိပ်တဲ့အထိပေါ့။အဲ့နေ့ညက ဖေဖက ပထမပိုင်းဆိုတော့ ၉:၃၀ ကျော်ဆိုပီးသွားတော့ အိမ်က သမီးငယ်လေးကိုလည်းသတိရတော့ ပြန်ချင်လာတာပေါ့။ အဲ့တုန်းက ကျောင်းနဲ့ အိမ်ဆိုင်ကယ်စီးရတာက ၄၅မိနစ် ဆိုတော့ မြစ်ကြီးနား အဲ့လိုညအချိန်မှာ အရေးကြီးကိစ္စ ရှိတဲ့သူကလဲွလို့ တခြားဘယ်သူမှ လမ်းပေါ်မှမမြင်တဲ့အချိန် ဘာတွေပဲရှိရှိ ဖေဖေဟာကယ်လေးဆီအရောက်ပြန်ခဲ့ဘူးတယ်။

img_4564.jpg

ပထမတော့ ကျောင်းသားတွေက ဖေဖေ့ကို တားကြသေးတယ် နောက်ဆုံးတော့သူတို့က ဆိုင်ကယ် (၂)စီးနဲ့ အာလမ် နဲ့ နောင်နန်းကြားထိ လိုက်ပို့ကြတယ်။အဲဒီအထိဆိုရင်ကို လမ်းက ၃ပုံ၁ပုံလောက်ရောက်နေပီပေါ့။ဖေဖေလည်း ကျန်တာကိုတော့ မှောင်မှောင်ထဲ ဆိုင်ကယ်အဖိုးအိုကိုစီးပီး မီးမှိန်မှိန်ကို အားပြုပီး မြန်မြန်မောင်းလာရင်း ဗလမင်းထင်တံတားကြီးလည်း မပိတ်သေးပါနဲ့လို့ ဆုတောင်းရင်း အံကြိတ်ပီးလီဘာဆဲွလေ ရှေ့မရောက်သလိုခံစားရတာပေါ့။

img_4568.heic

ဘာကြောင့်လဲဆိုတော့ တံတားက ၁၀:၃၀လောက်ဆို ပုံမှန်ပိတ်တာဆိုတော့ အဲ့မတိုင်ခင် ဖေဖေက ရောက်မှရမှာကို းအဲ့လိုမှမဟုတ်ရင် ဖေဖေက ကျောင်းကိုပြန်ခေါက်ပီး အိပ်ရပြန်အုံးမှာလေ။အဲ့ကြောင့်မို မြန်နိုင်သမျှ မြန်မြန်မောင်းလာရင်း တံတားကိုရောက်လာခဲ့တယ်။ကံကောင်းတော့ ဒီဘက်က တံတားကိုဖြတ်မဲ့သူက ဖေဖေ့ ဆိုင်ကယ် နောက်ဆုံးဖြစ်လို့ပေါ့။အရှေ့ဘက်ကမ်းကိုရောက်တာနဲ့ သမီးငယ်လေးရှိတဲ့ မိုင်းနားအိမ်ကိုရောက်ပီပေါ့ကွယ်။အိမ်ရောက်တော့ အမေနဲ့ အဖွားတို့က အံ့ဩနေကြတာပေါ့ ညကြီးမင်းကြီ းပြန်ရောက်လာလို့ ပီးတော့ အန္တရာယ်လည်းများလို့ စိုးရိမ်ကြာတာပေါ့။

Sort:  

အဝေးကြီးပဲနော်။ နောက်ထပ်အပိုင်းဆက်တွေရေးပါအုံး။

ဟုတ်ကဲ့..ကျေးဇူးပါခမျ။!PIZZA

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
(2/9) @sheinthu tipped @nweoomon (x1)

You can now send $PIZZA tips in Discord via tip.cc!