🌸၂၀၂၈မေတ္တာ သူ့ဆီမှာ 🌸 3 - end

in #myanmar3 years ago (edited)

ပန်းကလေး စာရွက်ကို ကပြာကယာဖွက်လိုက်သည်။
ညရောက်တော့အိပ်ရာထဲ ကိုကို ပေးတဲ့စာလေးကို ခိုးဖတ်မိသည်
" ပန်းကလေး
ရင်မှာပျိုးမိတဲ့ ပန်းကလေး
လန်းဖို့သာ ဆုတောင်းသည်
ကိုကို တိတ်တခိုးချစ်ခဲ့ရတဲ့ အဖူးအငုံလေး
မခူးရက်လို့ ငေးလို့ကြည့်နေချင်သည်
ရေလောင်းပေါင်းသင်ပေးပါမည်"။တဲ့
​ဟင် ဒါ ကိုကို့ ရီးစားစာလား ။ပန်းကလေးပြုံးစိစိနဲ့ ထိုညက အိပ်မရခဲ့ပါ။
နောက်ပိုင်းသူငယ်ချင်းအကူညီနဲ့စာချင်းအဆက်သွယ်ရကာ ကိုကိုနဲ့ပန်း ချစ်သူတွေ ဖြစ်ကြသည်။

img_0.7281413827275242.jpg

နောက်တပတ်အကြာ မထင်မှတ်ပဲ ချက်ချင်းဆိုသလိုပဲ
ဒေါ်လေးအစီအစဥ်နဲ့ ရွှေဆိုင်ပိုင်ရှင်အိမ်က ဒီနေ့စေ့စပ်ကြောင်းလမ်းလာကြသည်။အဲ့လောက်မြန်မယ် ပန်းကလေးမထင်ထားပါ။ပန်းကလေး စိတ်သဘောကို ဒေါ်လေးမေးယုံ ပြောပြယုံသာထင်ထားမိသည်။ပန်းကလေး
စိတ်အိုက်ရူးချင်နေပါသည်။ကိုကိုဒီသတင်းကို ခုထိမကြားသေးဘူးလား။ကြားရင်တစ်ခုခုစီစဥ်ပါ။
ကိုကို့ဆီပန်းကလေး ဘာအဆက်သွယ်မှ မလုပ်ရ၍ ဒီအကြောင်းတွေ မပြောပြရသေးပါ။

img_0.48384961672493143.jpg

တဖက်မှာတော့ ကိုကို တစ်ယောက် ကမ္ဘာပျက်လို့နေပါသည်။ချစ်ရတဲ့သူ ကောင်းစားယုံမက သူ့မိသားစုကိုပါ စောင့်ရှောက်နိုင်မယ်​့ သူ ဒါပေမယ့် သူဌေးကိုယူ
သူဌေးကတော်ဖြစ် ပြီး နှလုံးသား စတေးခံမယ့် ဘဝမျိုး ပန်းကလေးကို မဖြစ်စေလို သူဘာဆက်လုပ်ရမလဲ သူသည်လည်း ယခုထိ ဘာမှပြည့်စုံသေးသောသူ မဟုတ် ကျောင်းမတက်ရသေးခင် အဖေနဲ့အတူ ကားဝပ်ရှော့ခ် မှာ အလုပ်လုပ်နေရသူ။
ပန်းကလေး စိတ်ဆင်းရဲရမယ့်ဘဝမှ ကယ်တင်ချင်
ပေမယ့်
ခနတာစိတ်ဆင်းရဲပြီး တစ်သက်လုံး ပန်းကလေး စိတ်ချမ်းသာ ရင် ကို စွန့်လွှတ်နိုင်ပါတယ်လို့
အမျိုးမျိုးတွေးနေပါတော့သည်။နောက်ဆုံးအနေနဲ့ပန်းကလေး ချန်ထားသော စာမှာ
"ငယ်လေးထဲက တွယ်တာရတဲ့ ကိုကို ၂၀၂၈ မေတ္တာ ကို ပေးခဲ့တဲ့ကိုကို ခု တကယ်လိုအပ်ချိန်မှာတော့ အချစ်သူရဲကောင်း မဆန်ခဲ့ဘူးကိုကိုရယ်
ပန်းကလေး ကိုကို့အပေါ်ထားတဲ့ သစ္စာ ကို
အသက်နဲ့ပဲ သက်သေပြလိုက်ပါပြီ ကိုကိုရယ်"တဲ့
ကိုကိုက ပန်းကလေး ဘဝကောင်းစား
စေချင်လို့ပါ
ပန်းကလေး ကို ကိုကို ဆုံးမခဲ့တာ ဒီလိုရူးမိုက်စွာ သတ်သေဖို့ မဟုတ်သလို
ပန်းကလေး ဘဝကို မကယ်တင်နိုင်တဲ့ ကိုကိုလည်း
ဘယ်တော့မှ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်ဖူး"
ထိုနေ့မှစ၍ ကိုကိုတစ်ယောက်
လောကီအရှုပ် လောကီဆင်းရဲ အချစ်ရဲ့ ပူပြင်းမှုကို ကျောခိုင်းကာ
သာသနာ့ဘောင် သို့ သာ
ရာသက်ပန်ခိုလှုံသွားပါတော့သတည်း။

ပြီးပါပြီ။