🌸၂၀၂၈မေတ္တာ သူ့ဆီမှာ 🌸 (1)

in #myanmar3 years ago

သူ အချိန်တွေကြာညောင်း ပြက္ခဒိန် စာရွက်တွေ တစ်ရွက်စီ ကုန်လွန်သွားလည်း မပြောင်းလဲတဲ့သူ။သူ
သစ္စာတရားကို တန်ဖိုးထားတတ်သူ။ သူ ဖခင်လိုလည်းကြင်နာစောင့်ရှောက်တတ်သူ။သူ မိတ်ဆွေလိုအရာရာတိုင်ပင်လို့ရသူ။အစ်ကိုကြီးတစ်ယောက်လိုလည်း ဆိုနွဲ့သမျှခံနိုင်သူ။သစ္စာတရားကို လက်ကိုင်ထား၍ ကြင်နာမှု လှိုင်းကလေးနဲ့ မေတ္တာမိုးလေးများ ရွာသွန်းသူ

ကျွန်မအပေါ် ၅၂၈ မေတ္တာ သာမက ၁၅၀၀မေတ္တာပါ ပေးစွမ်းတဲ့ သူလိုလူ။ဒီကမ္ဘာမှာ ရပ်တည်ချက်ခိုင်မာစွာရပ်တည်နိုင်ဖို့ ခွန်အားပေးတဲ့သူ နွေးထွးတဲ့ လက်နဲ့အမြဲကမ်းလင့်ကြိုဆိုသူ
သူလိုလူ သစ္စာတရားမြတ်နိုးပြီး သိက္ခာတရားကို အလေးထားလွန်းသူ
သူကိုကျွန်မကခေါ်တယ် "ကိုကို" တဲ့။

img_0.9068958541963772.jpg

Image source

ကျွန်မဘဝမှာသူဟာ ရတနာတပါးပါ။
ကျွန်မနာမည်က ပန်းကလေး။နာမည်ကပန်းကလေး
လူလေးကလည်း ပန်းလေးထက်တောင် နုဖတ်လှပနေပါသည်။ဘဝကတော့ ပန်းကလေးလို မလှပနိုင်ပါ။ကျွန်မက ငယ်ထဲက မိဘမဲ့ ဆွေမျိုးတွေက
မွေးစားထားလို့ အသက်ရှင်သန် နေရပေမယ့် ငယ်ဘဝရဲ့ လောကဓံက ခါးသီးလွန်းလှသည်။ဆွေမျိုးတွေမှာ ကပ်နေရတော့ အိမ်အလုပ်ကို ကလေးနဲ့မတန်အောင် လုပ်ရသည်။ကျောင်းကပြန်လာတာနဲ့ တစ်အိမ်လုံး အလုပ်သိမ်းကြုံးလုပ်ရသည်။ အဒေါ့်ကလေးတွေ ကို ကူထိန်းပေးရသည်။ အတိမ်းအစောင်းနည်းနည်းရှိရင် ရိုက်နှက်ခံရသည်။ ဒီလိုလောကဓံတွေကြား အသက်ဆက်ရှင်နေတာ ကိုကို့ရဲ့ အားပေးမှုတွေကြောင့်မဟုတ်လား။

img_0.4399085543181227.jpg

ကိုကိုနဲ့ကျွန်မတစ်ကျောင်းတည်း။ကိုကိုက ကျွန်မထက် အသက်တစ်နှစ်ကြီးသည်။အတန်းကတော့တူတူပါ။
ကျူရှင်မယူနိုင်ယုံမက ကျောင်းမှန်မှန်မတက်နိုင်တဲ့ကျွန်မကို ကိုကိုသာ အမြဲစာသင်ပေး စာရှင်းပြပေးပါသည်။ကိုကိုလည်း သူဌေးသား မဟုတ်ပါ။ဒါပေမယ့် မိဘအစုံအလင်နဲ့နေရတော့ ကျွန်မလို တော့ အထီးမကျန်ပါ။
ငယ်စဥ်ဘဝက ကိုကို စာသင်ပေး ကိုကိုနဲ့ခင်တာ ဘာမှမပြောကြပေမယ့်
အခုလို အရွယ်ရောက်လာတော့ အဒေါ်တွေက မကြိုက်ကြတော့ပါ။ယခုပန်းကလေးဆယ်တန်းဖြေထားပါပြီ။

"ဟဲ့ပန်းကလေး နင် ဟိုဖက်လမ်းထဲက
မောင်သစ္စာနဲ့ကြိုက်နေတာလား ငါ့ကိုမလိမ်နဲ့နော် မှန်မှန်ဖြေ" ကိုကို့နာမည်က ကိုသစ္စာတဲ့။
ဒေါ်လေးက မဲ့ကာရွဲ့ကာမေးသည်။
ပန်းကလေးတို့ အခုထိ ချစ်သူမဖြစ်ကြသေးပါ
"မကြိုက်ပါဘူးဒေါ်လေးရယ်"
ပန်းကလေး အဝတ်တွေလှမ်းရင်း ဖြေလိုက်သည်။

ဆက်ရန် . . . . .